Bethany Independent Presbyterian Church

Myanmar

အုပ်စိုးတော်မူသောကယ်တင်ရှင် ဟေဗြဲ ၂ း၁၀-၁၈

အုပ်စိုးတော်မူသောကယ်တင်ရှင် ဟေဗြဲ ၂ း၁၀-၁၈



နိဒါန်း

၁။ ကယ်တင်ခြင်းအစီအစဉ် နက်ရှုင်းလှသည်။

၂။ ပိုပြီးအလးထားဖို့ရန် နက်နဲစွာလေ့လာဖို့လိုသည်။

 

ကယ်တင်ခြင်းအတွက် ဒုက္ခဝေဒနာ

1o အကြောင်းမူကား၊ များစွာသော သားတို့ကို ကယ်တင်၍၊ ဘုန်းစည်းစိမ်စံစားရာသို့ ပို့ဆောင်သော အရှင်သည်၊

ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို့ ရောက်ရမည်အကြောင်း၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း၍ အုပ်စိုးတော်မူသောဘုရားသည် စီရင်တော်မူအပ်၏။

11 သန့်ရှင်းစေတတ်သောသူနှင့် သန့်ရှင်းစေအပ်သောသူများတို့သည် တပါးတည်းသော ပကတိရှိကြ၏။

ထိုကြောင့်၊ သန့်ရှင်းစေတတ်သောသူသည် သန့်ရှင်းစေအပ်သောသူတို့ကို ညီအစ်ကိုဟူ၍ ခေါ်ခြင်းငှါ ရှက်ကြောက်တော်မမူ။ ထိုသို့ ခေါ်သောအချက် ဟူမူကား၊

12 သိတင်းတော်ကို အကျွန်ုပ်ညီအစ်ကိုတို့အား အကျွန်ုပ်ကြားပြောပါမည်။ ပရိသတ်အလယ်မှာ ကိုယ်တော်ကို ချီးမွမ်း၍ သီချင်းဆိုပါမည်ဟု လာသတည်း။ ဟေဗြဲ ၂း၁၀-၁၂

၁။ ဒုက္ခဝေဒနာ၏အခန်းဏ္ဍ

10 အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စုံစမ်းတော်မူပြီ။ ငွေကို စစ်ဆေးသကဲ့သို့ အကျွန်ုပ်တို့ကို စစ်ဆေးတော်မူပြီ။

11 ကျော့ကွင်းထဲမှာ ကျော့မိစေ၍၊ ကျောက်ကုန်းပေါ်မှာ လေးသော ဝန်ကို တင်တော်မူပြီ။

12 အကျွန်ုပ်တို့ ခေါင်းပေါ်မှာ သူတပါးကို စီးစေတော်မူပြီ။ မီး၌၎င်း၊ ရေ၌၎င်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။ ဆာလံ ၆၆း ၁၀-၁၂

က) ဒုက္ခဝေဒနာ အချဉ်းနှီးမဟုတ်ပါ။

ခ) ဒုက္ခဝေဒနာသည် ပြည့်စုံခြင်းသို့ပို့ဆောင်သည်။

ဂ) ကြွယ်ဝသောပြည့်စုံခြင်းရှိသည်။

၂။ သန်းရှင်စေခြင်း၏တန်ခိုး

17 ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။

18 ကိုယ်တော်သည်အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။

19 သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ် ကို သန့်ရှင်းစေပါ၏။

20 ထိုသူတို့အဘို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဘို့ကိုလည်း ဆုတောင်းပါ၏။

က) သန့်ရှင်းစေဖို့ဆုတောင်းခြင်း

ခ) ကိုယ့်အသက်တာသန်းရှင်းခြင်း

ဂ) သန်ရှင်းခြင်း၏ အကျိုးသက်ရောက်မှု

၃။ ချီးမွမ်းဖွယ်အကျိုးဆက်များ

က) ကျွန်ပ်တိုကို ယေရှုခရစ်တော်က ညီအစ်ကိုများဟုခေါ်ခြင်း

ခ) ယေရှုခရစ်တော်သည် ငါတို့ကိုမရှက်တော့ပါ။်

 

စိုးစံသောကယ်တင်ရှင်

14 ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူ သောအားဖြင့်၊

သေခြင်းတရားကို အစိုးရသော သူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ ဖျက်ဆီး ခြင်းငှါ၎င်း၊

15 သေဘေးကိုကြောက်၍ တသက်လုံး ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်းငှါ၎င်း၊

ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။ ဟေဗြဲ ၂း ၁၄-၁၅

၁။ ကျွန်ပ်တို့ကယ်တင်ခြင်းအတွက်တိုက်ပွဲ

က) လူသားသည် ဆာတန်ကိုတိုက်ခိုက်ဖို့လိုအပ်သည်။

ခ) နတ်ဆိုးကိုအနိုင်ယူခဲ့သည်။

ဂ) သူသည်ကြီးြုမတ်သောဗိုလ်ဖြစ်သည်။

၂။ သေခြင်းအပေါ်တိုက်ပွဲ

က) သေခြင်းကိုကြောက်ရွံ့ခြင်း

ခ) နတ်ဆိုး၏ တန်ခိုးလက်နက်

ဂ) သခင်သည်လူတိုင်းအတွက်သေခြင်းကို မြေးစိမ်းခဲ့သည်။

ဃ) သေခြင်ကိုကြောက်ဖို့မလိုတော့ပါ။

င) ကြောက်ခြင်တန်ဘိုးကိုချိုးဖျက်ခဲ့သည်။

 

သစ္စာဂရုဏာနှင့် ပြည့်စုံသောယစ်ပရောဟစ်ကြီး

6 အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန်တို့ကို မစတော်မူသည်မဟုတ်၊ အာဗြဟံအမျိုး ကို မစတော်မူ၏။

17 ထိုကြောင့်၊ ခရစ်တော်သည် လူတို့၏ အပြစ်ဖြေစရာအကြောင်းကို စီရင်၍၊ ဘုရားသခင်နှင့် စပ်ဆိုင် သောအရာတို့၌ ကရုဏာနှင့်၎င်း၊

သစ္စာနှင့်၎င်း ပြည့်စုံသော ယဇ်ပုရောဟိတ်အကြီးဖြစ်အံ့သောငှါ၊ မိမိညီအစ်ကို တို့နှင့် လုံးလုံးတူရသော အကြောင်းရှိ၏။

18 ထိုသို့စုံစမ်းနှောင့်ရှက်ခြင်းကို ကိုယ်တော်တိုင်ခံ၍ ဒုက္ခဆင်းရဲခြင်း၌ ကျင်လည်သောကြောင့်၊ စုံစမ်း

နှောင့်ရှက်ခြင်းအမှုနှင့် တွေ့ကြုံသောသူတို့ကို မစခြင်းငှါ တတ်နိုင်တော်မူ၏။ ဟေဗြဲ ၂း ၁၆-၁၈

၁။ ဘုရားရှင်၏အကူအညီ

က) ကောင်ကင်တမန်များကိုမပေးအပ်ပါ။

ခ) အာဗြဲဟံ၏အမျိုုထံပေးအပ်ခဲ့သည်။

၁။ လူ့ထံသို့

၂။ လူသားထံသို့

၂။ သစ္စာဂရုဏာနှင့်ပြည့်သောယစ်ပရောဟစ်ကြီး

က) ညီအစ်ကိုများကဲ့သို့

ခ) အပြစ်များကို ဖြေလွှတ်ရန်

၁) အပြစ်များသည် ဆေးကြောဖို့လိုသည်။

၂) အပြစ်သည်စီရင်ဖို့လိုသည်။

၃)အပြစ်သည်ပေးစပ်ဖို့လိုသည်။

၄) သခင်ယေရှုသည်ကျွန်ပ်တို့အပြစ်များကိုဖြေလွှတ်ရာယဇ်ဖြစ်သည်။

ဂ) စုံစမ်းနှောက်ယှက်ခြင်းကိုခံသောအခါ သူသည်မစနိုင်သည်။

၁)ဂရုဏာကိုပြလိ်မ့်မည်။

၂)သူသည်ကျွန်ပ်တို့ကို အမြဲသစ္စာရှိလိမ့်မည်။

 

နိဂုံး

၁။ကျွန်ပ်တို ၏သိကျွမ်းခြင်းကိုလေးနက်စေရမည်။

၂။ ကွန်ပ်တို့ကယ်တင်ခြင်းစိုးစံသူတို ကျေးဇူးတင်ရမည်။

၃။ လိုအပ်သောအကူအညီများရှိဖို့ ယစ်ပရောဟစ်ကြီးကိုချဉ်းကပ်ကြရအောင်။