Bethany Independent Presbyterian Church

Myanmar

“အားပြည့်ကြလိမ့်မည်” ဟေရှာယ ၄၀း၂၅-၃၁

“အားပြည့်ကြလိမ့်မည်” ဟေရှာယ ၄၀း၂၅-၃၁



နိဒါန်း

က။ ဗေသနိ၏ ၄၉မြောက် နှစ်ပတ်လည် ကျင်းပခြင်း

ခ။ ကျွန်တော်တို့ ပွဲတော်၏ အရုံစိုက်သော အရာ

၁) ထာဝရဘုရားသည် ကျွန်တော်တို့၏ ဘုရား

၂) ဤနစ်များ၌ ကျွန်တော်တို့အား ခွန်အားပေးပြီးပြီ

 

ဖြစ်တတ်သော ပြဿနာကို ဖော်ပြသည်

၂၇ အိုယာကုပ်အမျိုး၊ သင်သွားသော လမ်းကို

ထာဝရဘုရား သိတော်မမူဟု အဘယ်ကြောင့် ပြောသ နည်း။

အိုဣသရေလအမျိုး၊ သင့်အမှုကို သင်၏ဘုရား သခင် မှတ်တော်မမူဟု၊ အဘယ်ကြောင့်ဆိုရသနည်း။ ဟေရှာ ၄၀း၂၇

က။ ရှေးခေတ် က္ကုသရေလအကြောင်းကို ဖော်ပြခြင်း

ခ။ ပြည်တော်၏ အားနည်းမှု

၁) သူတို့၏လမ်းတို့သည် ထာဝရဘုရားရှေ့၌ ဖုံးကွယ်ထားခြင်းခံသည်

၂) ဘုရားသခင်သည် သူတို့ “အမှု” ကိုမှတ်တော်မမူ

ဂ။ တိုင်းပြည်၏ စိတ်ပျက်ခြင်း

၁) နက်ရှိုင်းပြီး အသက်မဝင်သော ခံစားချက်များ

၂) မှောင်မိုက်ပြီး ဝမ်းနည်းမှုရှိသော စိတ်နေသဘောထား

 

ဘုရားသခင်၏ ပထမ စိန်ခေါ်ချက်

28 ထာဝရဘုရားသည် အစဉ်အမြဲ တည်တော်မူ သော

ဘုရားသခင်ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင် အောင်

ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊

ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍ မကုန်နိုင် သော ဉာဏ်နှင့် ပြည့်စုံတော်မူကြောင်းကို၎င်း၊ သင်သည် မသိမကြားဘူးသလော။ ဟေရှာ ၄၀း၂၈

က။ ပြသနာသည် ဘုရားသခင်ကြောင့်မဟုတ်ပါ

ခ။ ပြသနာဖော်ပြသည်၊-

၁) ပညာမဲ့ခြင်း

၂)ယုံကြည်ခြင်းမရှိအားမရှိခြင်း

ဂ။ ပထမဆုံး စိန်ခေါ်ချက်သည် ဘုရားသခင်နှင့်ဆိုင်သော

အသိပညာကို နက်ရှိုင်းစေဖို့ဖြစ်သည်

ဃ။ ပြန်လည်ပြီး အသစ်တဖန် ရှာတွေ့ကြပါစို့၊-

၁) အစဉ်အမြဲတည်တော်မူသောဘုရား

၂) ထာဝရဘုရား

၃) မြေကြီးစွန်းတိုင်အောင်ဖန်ဆင်းသောဘုရား

၄) မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊

၅) စစ်၍ မကုန်နိုင် သော ဉာဏ်နှင့် ပြည့်စုံ

 

ဘုရားသခင်၏ ဒုတိယ စိန်ခေါ်ခြင်း

၂၉ ထိုဘုရားသည် မောသောသူတို့အား၊ ခွန်အား ကို ပေးတော်မူ၏။

နွမ်းနယ်သော သူတို့အား၊ အစွမ်းသတ္တိ နှင့် ပြည့်စုံသော အခွင့်ကို ပေးတော်မူ၏။

၃၀ လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြ လိမ့်မည်။

လုလင်တို့သည်လည်း ထိမိ၍ လဲကြလိမ့်မည်။ ဟေရှာ ၄၀း၂၉-၃၀

က။ မောသောသူတို့သည် ဘုရားသခင်ထံမှ တန်ခိုးကိုတွေ့နိုင်သည်

ခ။ နွမ်းနယ်သော သူတို့အား၊ တိုးပွားသော အစွမ်းသတ္တိ ရှာတွေ့နိုင်သည်

ဂ။ လူသားတို့၏ ခွန်အားသည် အမှန်ပြင် အကန့်အသန့်ဖြစ်သည်၊-

၁) လူပျိုတို့၏ဘုန်းသည် သူတို့၏ ခွန်အားဖြစ်သည်

၂) သို့သော်၊ သူတို့သည် အားလျော့နိုင်ပြီး လဲကျနိုင်သည်

 

ဘုရားသခင်၏ တတိယ စိန်ခေါ်ချက်

၃၁ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊ အားပြည့်ကြလိမ့်မည်။

ရွှေလင်းတကဲ့သို့ မိမိတို့ အတောင် ကို အသစ်ပြုပြင်ကြလိမ့်မည်။

ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ။ ဟေရှေ ၄၀း၁

က။ ထာဝရဘုရားအား မြော်လင့်ခြင်းသင်ယူရန်

၁) စိတ်ရှည်ခြင်း နှင့်

၂) ဇွဲလုံ့လနှင့်

၃) ဆုတောင်းခြင်းနှင့်

၄) ကိုယ်တိုင်အားဖြင့်

ခ။ ထာဝရဘုရားကို မြော်လင့်သောအခါ ကျွန်တော်တို့ဘာတွေ တွေ့မြင်လာနိုင်သော

၁) အသစ်ပြုပြင်သော ခွန်အား

၂) ရွှေလင်းတတောင်နှင့်ပြန်သန်းခြင်း

၃) ပေးသော်လည်း မပင်ပန်း

၄) ခရီးသွားသောအခါ မမောရကြ

 

နိဂုံး

က။ ကျွန်တော်တို့ နှစ်ပေါင်း ၄၉လုံးလုံးကို ပြန်ကြည့်ပြီး

ဘုရားသခင်သည် တန်ခိုးကြီးသည် ဟုဝန်ခံကြပါစို့၊

ခ။ ကျွန်တော်တို့၏ နှစ် ၅၀မြောက် ကိုအစပြုသည်နှင့် အညီ

ဘုရားသခင်၏ ခွန်အားကို အသုံးပြုကြပါစို့၊

ဂ။ လာမည့်နှစ်၌ သာ၍ကြီးမားသော ခွန်အားကိုရှာတွေ့ဖို့ အလိုဆန္ဒရှိကြပါစို့။