Bethany Independent Presbyterian Church

Myanmar

အဘသည် သားကိုချီပိုက်သကဲ့သို့ တရားဟောရာကျမ်း ၁

အဘသည် သားကိုချီပိုက်သကဲ့သို့ တရားဟောရာကျမ်း ၁



နိဒါန်း

၁။ အဗ္ဗဗေဒ ဓမ္မအမြင်

က။ ဘုရားသခင် အဘဖြစ်ခြင်း ဓမ္မအမြင်

ခ။ အဘဖြစ်ခြင်း ဓမ္မအမြင်သည် လူသား၏အတွေ့အကြုံအရ တည်ဆောက်ခြင်းမဟုတ်

ဂ။ ဓမ္မသွန်သင်ချက်အရ ဘုရားသခင်၏ အဘဖြစ်ခြင်းကို လေ့လာခြင်းဖြစ်သည်။

၂။ အကျယ်အဝန်း

က။ ဓမ္မဟောင်းကျမ်း

ခ။ ဓမ္မသစ်ကျမ်း

 

သင်တို့ဘုရားသခင် ထာဝရဘုရား

၁၉ ငါတို့သည် ဟောရပ်အရပ် ထွက်သောနောက်၊ အာမောရိတောင်သို့ သွားသောလမ်းနားမှာ ကြောက်မက်ဖွယ်ဖြစ်၍ သင်တို့တွေ့မြင်သော

တောကြီးအလယ်၌ ငါတို့ဘုရားသခင် ထာဝရဘုရားမှာထားတော်မူသည်အတိုင်း လျောက်သွား၍၊ ကာဒေရှ ဗာနာအရပ်သို့ရောက်ကြ၏။

၂၀ ထိုအခါ ငါကလည်း ငါတို့ဘုရားသခင်ထာဝရဘုရားပေးတော်မူသော အာမောရိတောင်သို့ သင်တို့သည်ရောက်ကြပြီ။

၂၁ သင်တို့ ဘုရားသခင်ထာဝရဘုရားသည် ပြည်တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ။ သင်တို့အဘများ၏ဘုရားသခင်

ထာဝရဘုရားမိန့်တော်မူသည်အတိုင်း တက်သွား၍ သိမ်းယူကြလော့။ မကြောက်ကြနှင့်။ စိတ်လည်းမပျက်ကြနှင့်ဟုပြောဆို၏။

၂၂ ထိုအခါ သင်တို့ရှိသမျှသည် ငါ့ထံသို့ချဉ်းကပ်၍ အကျွနု်ပ်တို့ရှေ့၌လူတို့ကို စေလွှတ်ပါမည်။ သူတို့သည် ထိုပြည်ကို စူးစမ်းပြီးမှ

အကျွန်ုပ်တို့သည် အဘယ်လမ်းသို့သွားလျှင် အဘယ်မြို့သို့ရောက်ရမည်ကို ကြားပြောကြပါလိမ့်မည်ဟု၊

၂၃ လျှောက်ဆိုသောစကားကို ငါနှစ်သက်၍ သင်တို့တွင် တစ်မျိုးတစ်ယောက်စီ၊ လူပေါင်းတစ်ကျိပ်နှစ်ယောက်တို့ကို ရွေးထား၏။

၂၄ ထိုသူတို့သည်တောင်ပေါ်သို့လှည့်သွား၍ ဧရှကောလချိုင့်သို့ရောက်သဖြင့် စူးစမ်းကြ၏။

၂၅ ထိုပြည်၌ရသောသစ်သီးကို ထမ်း၍ ဆောင်ခဲ့လျက်၊ ငါတို့ဘုရားသခင် ပေးတော်မူသောပြည်သည်

ကောင်းသောပြည်ဖြစ်၏ဟု ကြားပြောသော်လည်း၊ တရားဟောရာကျမ်း ၁း၁၉-၂၅

၁။ ထာဝရဘုရားကို ရည်ညွှန်းခြင်း

က။ ငါတို့ဘုရားသခင် ထာဝရဘုရား တရားဟောရာကျမ်း ၁း၁၉-၂၀

ခ။ သင်တို့ဘုရားသခင် ထာဝရဘုရား တရားဟောရာကျမ်း ၁း၂၁

ဂ။ သင်တို့အဘများ၏ထာဝရဘုရားသခင် တရားဟောရာကျမ်း ၁း၂၁

၂။ ဘုရားသခင်ကို အာရုဏ်စိုက်ခြင်း

က။ ရင်းနှီးကျွမ်းဝင်ခြင်း တည်ဆောက်ခြင်း

ခ။ ကြီးမြတ်သောသူ

ဂ။ သမိုင်းနှင့်ဆိုင်သောသူ

 

ထာဝရဘုရားသခင်၌ ယုံကြည်ခြင်းကို မတည်ဆောက်နိုင်ခြင်း

၂၆ သင်တို့သည် မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဆန်လျက်၊

၂၇ ထာဝရဘုရားသည် ငါတို့ကိုမုန်း၍ ဖျက်ဆီးချင်သောကြောင့် အာမောရိလူတို့လက်၌ အပ်လိုသောဌာ၊ အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည်တကား။

၂၈ ငါတို့သည် အဘယ်သို့သွားရမည်နည်း။ ညီအစ်ကိုတို့က၊ ထိုပြည်သားတို့သည် ငါတို့ထက်သာ၍ကြီး၏။ အရပ်လည်းသာ၍မြင့်၏။

မြို့လည်း မိုးကောင်သို့ထိသော မြို့ရိုးလည်းဖြစ်၏။ ထိုပြည်၌လည်း၊ အာနကအမျိုးတို့ကို မြင်ရ၏ဟုငါတို့စိတ်ပျက်ကြပြီဟု သင်တို့သည် တဲများ၌ ဆန့်ကျင်ဘက် ပြုကြ၏။

၁။ ထာဝရဘုရားသခင်၏အမိန့်တော်ကို ဆန့်ကျင်ခြင်း

၂။ ညည်းတွားသောစိတ်

၃။ ကြီးစွာသောစိတ်ပျက်ခြင်းကိုခံရခြင်း

၄။ ထာဝရဘုရားသခင်၌ ယုံကြည်ခြင်းမတည်ဆောက်နိုင်ခြင်း

 

ထာဝရဘုရားကို ပို၍ကိုးစားရန် ခေါ်ဖိတ်ခြင်း

၂၉ ထိုအခါငါက၊ မထိတ်လန့်ကြနှင့်၊ သူတို့ကိုမကြောက်ကြနှင့်။

၃၀ သင်တို့ရှေ့မှာ ကြွတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့မျက်မှောက်၊ အဲဂုတ္တုပြည်၌၎င်း၊

၃၁ သင်တို့လိုက်လာသော လမ်းတစ်လျှောက်လုံး၊ ဤအရပ်တိုင်အောင် အဘသည်သားကိုချီပိုက်သကဲ့သို့၊ သင်တို့၏ဘုရာူသခင်ထာဝရဘုရားသည်

သင်တို့ကိုချီပိုက်တော်မူသော ကျေးဇူးတော်ကိုခံရာတော၌၎င်း၊ သင်တို့အဖို့ပြုတော်မူသကဲ့သို့၊ သင်တို့ဘက်၌ စစ်ကူတော်မူမည်ဟု ဆိုသော်လည်း၊

၃၂-၃၃ သင်တို့တဲစခန်းချရာအရပ်ကိုရှာ၍ သင်တို့သွားလတံ့သော လမ်းကိုပြခြင်းငှါ၊ ညဉ့်အခါမီး၌၎င်း၊ နေ့အခါမိုးတိမ်၌၎င်း၊

သင်တို့ရှေ့မှာကြွတော်မူသော သင်တို့ ဘုရားသခင်ထာဝရဘုရား၏စကားတော်ကိုထိုအမှု၌သင်တို့မယုံကြပါတကား။

၁။ ကြောက်ရွံ့ခြင်း

က။ ရင်ဆိုင်ရန်ဖြစ်သည်

ခ။ ကျော်လွှားရန်ဖြစ်သည်

၂။ ထာဝရဘုရား၌ ယုံကြည်ခြင်း

က။ သင်တို့ရှေ့မှာ ကြွတော်မူသော သင်တို့၏ထာဝရဘုရားသခင်

ခ။ သင်တို့ဘက်၌ စစ်ကူတော်မူမည် (အဲဂုတ္တုပြည်ကဲ့သို့)

ဂ။ သင်တို့ထာဝရဘုရားသခင်သည် သင်တို့ကိုချီပိုက်တော်မူ၏ (သဲကန္တရခရီး)

၁။ အဘသည်သားကိုချီပိုက်သကဲ့သို့

၂။ သင်တို့လိုက်လာသောလမ်းတစ်လျှောက်လုံး၊ ဤအရပ်တိုင်

ဃ။ ထာဝရဘုရား ဘာပြုခဲ့သနည်း

၁။ သင်တို့ရှေ့မှာကြွတော်မူခဲ့သည်

၂။ သင်တို့တဲစခန်းချရာအရပ်ကိုရှာပေးရန်

၃။ သင်တို့သွားလတံ့သောလမ်းပြခြင်း

၄။ ညဉ့်အခါ မီး၌၎င်း

၅။ နေ့အခါမိုးတိမ်၌၎င်း

 

ခါးသီးသော သင်ခန်းစာ

၃၄ သင်တို့စကားသံကို ထာဝရဘုရားကြား၍ အမျက်တော်ထွက်လျက်၊

၃၅ သူတို့ဘိုးဘေးတို့အားငါပေးမည်ဟုကျိန်ဆိုသောပြည်ကောင်းကို ယေဖုန္နာသား ကာလက်မှတစ်ပါး ဤဆိုးသောလူမျိုးတစ်စုံတစ်ယောက်မျှ ဆက်ဆက်မမြင်ရ။

၃၆ ထိုသူသည် ထာဝရနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်မြင်ရ၏။ သူနင်းသောပြည်ကို သူမှစ၍ သူ၏သားမြေးတို့အား ငါပေးမည်ဟုကျိန်ဆိုတော်မူ၏။

၃၇ သင်တို့အတွက် ထာဝရဘုရားသည် ငါ့ကိုလည်း အမျက်တော်ထွက်၍၊ သင်သည် ထိုပြည်သို့ မဝင်စားရ။

၃၈ သင့်လက်ထောက် နုန်၏သား ယောရှုသည်ဝင်စားရမည်။ သူသည် ဣသရေလအမျိုးအမွေခံစေမည့်သူဖြစ်သောကြောင့်၊ သူ့ကို အားပေးလော့။

၃၉ ရန်သူလုယူဖြစ်မည်ဟု သင်တို့ဆိုသော သူငယ်များ၊ ထိုအခါကောင်းမကောင်းကို ပိုင်းခြားမသိနိုင်သေးသော

သားသမီးများတို့သည် ထိုပြည်ကိုဝင်စား၍ ငါပေးသည်အတိုင်းသိမ်းယူကြလိမ့်မည်။

၄၀ သင်တို့မူကား၊ လှည့်၍ ဟဒုံပင်လယ်လမ်းဖြင့်တောသို့ခရီးသွားကြဦးလော့ဟုမိန့်တော်မူ၏။ တရားဟောရာကျမ်း ၁း ၃၄-၄၀

၁။ ပုန်ကန်သောသူအတွက် အပြစ်ပေးခြင်း

က။ ဆိုးသောလူမျိုးဖြစ်ကြသည်

ခ။ ကျိန်ဆိုသော ပြည်ကောင်းကို ဆက်ဆက်မမြင်ရကြ။

၂။ နောက်မျိုးဆက်သစ်အတွက် ပြင်ဆင်ပေးခြင်း

က။ ယောရှုသည်နောက်မျိုးဆက်သစ်ကို ကျိန်ဆိုသောပြည်သို့ ခေါ်ဆောင်သွားမည်

ခ။ ထာဝရဘုရားသည် ခါနန်ပြည်ကို ထိုသူတို့အားပေးလိမ့်မည်

 

နိဂုံး

၁။ ထာဝရဘုရားကို သိကျွမ်းခြင်း

က။ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်သည်

ခ။ ဘုရားသခင်သည် အဘလည်းဖြစ်တော်မူ၏

ဂ။ ထာဝရဘုရားသည် ထိုသူတို့ကို မလွဲမသွေ၊ ချစ်ခြင်းမေတ္တာဖြင့် ခေါ်ဆောင်လိမ့်မည်

၂။ ကျွန်ုပ်တို့ အပိုင်း

ထာဝရဘုရားသည် ငါတို့၏အဘကဲ့သို့ ယုံကြည်ကိုးစားခြင်းနှင့် သူ့နောက်လိုက်နိုင်စွမ်းသတ္တိကို ရှာတွေ့နိုင်ဖို့။