Bethany Independent Presbyterian Church

Myanmar

“အဘယ်သူကို ငါယုံကြည်သည် ဟုငါသိ၏” ၁တိမောသေ ၁၊ ၂ တိမောသေ ၁

“အဘယ်သူကို ငါယုံကြည်သည် ဟုငါသိ၏” ၁တိမောသေ ၁၊ ၂ တိမောသေ ၁



နိဒါန်း

က။ ယုံကြည်ခြင်း သေခြာခြင်း

၁) တမန်တော်တို့သည် ယုံကြည်ခြင်းသေခြာခြင်းရရှိသည်

၂) သို့သော တပည့်တော်သင်တန်းကာလ၌ အလွန်ရုန်းကန်ခဲ့ကြသည်

ခ။ အခြားသူများလည်း ယုံကြည်ခြင်းရှာတွေ့ကြသည်

၁) အသင်းတော်သည် ယုဒပြည်၊ ကာလလိပြည်း နှင့် ရှာမာရိပြည်၌

တည်ထောင်သည် တမန် ၉း၃၁

၂) တမန်တော် ရှင်ပေါလုသည် တပါးအမျိုးတို့အားသာသနာ

ပြုဖို့ ခေါ်ခြင်းခံပြီး နိုင်ငံအသီးသီးသို့ရောက်သည် တမန်တော် ၁၆-၂၀

 

ယုံကြည်ခြင်းမရှိသော ကာလ

က။ ရိုးသားသော ဝန်ခံခြင်း

၁) ကဲ့ရဲ့သောသူ ၁တိ ၁း၁၃-က

၂) ညှဉ်းဆဲသောသူ ၁တိ ၁း၁၃-ခ

၃) ကြမ်းကြုတ်သောသူ ၁တိ ၁း၁၃-ဂ

၄) အမှန်မသိ၊ ယုံကြည်ခြင်းမရှိ ၁တိ ၁း၁၃

ခ။ ဆိုးရွားသော ဖော်ပြချက်

၁) ခြိမ်းချောက်၍၊ အသက်သတ်ခြင်းငှါ

ပြင်းစွာအသက်ရှုသည် တမန် ၉း၁

၂) သခင်၏တပည့်တို့အားဖမ်းဖို့ အမိန့်စာ တမန် ၉း၂

 

ဘုန်းရှိသော ပြောင်းလဲခြင်း

က။ တပည့်တော်တို့အား အားမလျော့အမိလိုက်သည် တမန် ၉း၁-၃

၂။ ယုံကြည်သူတို့အား ဆက်လက်ထိခိုက်ခြင်းမှ

ရပ်ဖို့ ဘုရားသခင်၏တန်ခိုးတော် တမန် ၉း၄-၉

၃။ နှိမ့်ချသော ဆင်ခြင်ခြင်း

၁) ဘုရားသခင်၏သနားခြင်းခံသည် ၁တိ ၁း၁၃

၂) အတိုင်းထက်အလွန်ကြွယ်ဝသော ကျေးဇူး ၁တိ ၁း၁၄-က

၃) ယုံကြည်ခြင်း နှင့် ချစ်ခြင်းအားဖြင့် ၁တိ ၁း၁၄-ခ

ဃ။ လူရည်လည်သော အကျဉ်းချုပ်ခြင်း

15 ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူသောစကားသည် သစ္စာစကားဖြစ်၏။

အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။

16 သို့သော်လည်း၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ၊

အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း၊ ငါ့ကိုသနားတော်မူပြီ။ ၁တိ ၁း၁၅-၁၆

၁) သခင်ယေရှုသည် အပြစ်သားများကို ကယ်တင်ဖို့ကြွလာသည်

၂) ဘုရားသခင်၏ သနားခြင်း နှင့်စိတ်ရှည်ခြင်းကို ပေးသည်

၃) ထာဝရအသက်အတွက် သခင်ဘုရားအား ယုံကြည်ခြင်း

 

တမန်တော်ရှင်ပေါလု ၏ယုံကြည်ခြင်းဆက်လက်ကြီးထွားခြင်း – ၁

က။ အသစ်ရရှိသော ယုံကြည်ခြင်းကို ဝေမျှခြင်း

၁) ရိုးသားစွာ

၂) ကျွမ်းကျင်စွာ တမန် ၉

ခ။ ဗာနာဗ နှင့်အတူအမှုတော်ဆောင်ခြင်း တမန် ၁၃

၁) အန္တိအုတ်အသင်းတော်

၂) ထိုက်တန်သည် ဟုသက်သေထို

ဂ။ သာဿနာမြေအသစ် တံခါးဖွင့်

၁) အသစ်သော အတွေ့အကြုံ

၂) ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့်လမ်းပြခြင်းခံ

၃) ထပ်၍ ကြီးထွားခြင်း

 

တမန်တော်ရှင်ပေါလု ၏ယုံကြည်ခြင်းဆက်လက်ကြီးထွားခြင်း – ၂

က။ ဘုရားသခင်ပြင်ဆင်ပေးသောအရာနှင့် အလုပ်လုပ်ခြင်း

၁) တန်ခိုးတော်

၂) မေတ္တာတော်

၃) ရှင်းလင်းသောစိတ်သဘော ၂တိ ၁း၇

ခ။ ဆက်လက်ကြီးထွားခြင်းကိုပြသသော ကြံအင်လက္ခဏာများ

၁) ဆင်းရဲဒုက္ခ

“ဘုရားသခင်ပေးတော်မူသော တန်ခိုးကိုရသည်အတိုင်း

ဧဝံဂေလိတရားနှင့် ဆက်ဆံ၍ ဆင်းရဲဒုက္ခကိုခံလော့။” ၂တိ ၁း၈

၂) ခေါ်ခြင်း

“9 ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူ။ ရှေးကပ်ကာလမရောက်မှီ၊

ယေရှုခရစ်အားဖြင့် ငါတို့အဘို့ ကိုယ်တော်တိုင်ကြံစည်တော်မူသော ကျေးဇူးတော်နှင့်အညီ

ငါတို့ကိုကယ်တင်၍၊ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏။” ၂တိ ၁း၉

က) ကယ်တင်ခြင်းခံသည်

ခ) ခေါ်သွင်းသည်

ဂ) ဘုရားသခင်၏ ရည်ရွယ်ချက်နှင့်ကျေးဇူးတော်

 

ယုံကြည်ခြင်း သေခြာခြင်း
10 ထိုကျေးဇူးတော်ကား၊ ငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ် ပေါ်ထွန်းသည်အရာမှာ ယခုထင်ရှား လျက်ရှိ၏။

ထိုသခင်သည် သေခြင်းအကြောင်းကို ပယ်ရှား၍၊ အသက်ရှင်ခြင်းအကြောင်းနှင့် မဖောက်ပြန် ခြင်းအကြောင်းကို

ဧဝံရေလိတရားအားဖြင့် ထင်ရှားစေတော်မူပြီ။ 11 ထိုတရားကို ဟောပြောသောသူအရာ၌၎င်း၊ တမန်တော်အရာ၌၎င်း၊

တပါးအမျိုးသားတို့၏ ဆရာ အရာ၌၎င်း ငါ့ကိုခန့်ထားတော်မူပြီ၊ 12 ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။

သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း၊

ထိုနေ့ရက်တိုင်အောင် စောင့်နိုင် တော်မူသည်ဟု ငါသဘောကျ၏။ ၂တိ ၁း၁၀-၁၂

က။ ဘယ်အမှုပြုဖို့ သခင်ယေရှုကြွလာခြင်းကို သေခြာခြင်း

၁) ဖော်ပြသည်

က) သေခြင်းကို ဖယ်ရှားသည်

ခ) အသက်ရှင်ခြင်းယူလာသည်

ဂ) မဖောက်ပြန်ခြင်းအကြောင်းကို ဧဝံဂေလိ တရားအားဖြင့်ထင်ရှားစေသည်

၂) ခန့်ထားသည်

က) တရားဟောပြောသူ

ခ) တမန်တော်အရာ

ဂ) တပါးအမျိုးသားတို့၏ဆရာ

၃) သက်သေတော်

က) ရှက်ကြောက်ခြင်းမရှိ

ခ) အဘယ်သူကို ငါယုံကြည်သည်ဟုငါသိ၏

ဂ) သူ၌ငါအပ်ထားသောအရာကိုလည်း၊ ထိုနေ့ရက်တိုင်အောင်စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏။”

 

နိဂုံး

က။ ယုံကြည်ခြင်း သေခြာခြင်း

၁) အမှန်ပြင် ဖြစ်နိုင်သည်

၂) အသက်တာကို အံ့သြဖွယ်ကောင်းစွာထိမိနိုင်သည်

ခ။ စိန်ခေါ်ခြင်း

၁) ၂၀၂၁ ကိုရိုးသားစွာ ပြန်ကြည်ဖို့၊

၂) သေခြာသောယုံကြည်ခြင်း နှင့် ၂၀၂၂ကို သတ္တိရှိရှိမျှော်လင့်ရန်။