Bethany Independent Presbyterian Church

Myanmar

“အဗ္ဗ၊ အဘ” ဂလာတိ ၄-၅

“အဗ္ဗ၊ အဘ” ဂလာတိ ၄-၅



နိဒါန်း

၁။ ကြီးမားသောအငြင်းအခုံကနေရာယူသည်

၂။ ဂျိုးလူမျိုးနှင့်ဟေလသလူမျိုးကြား ကြီးမားသောခွဲခြားခြင်းရှိပါသည်။

၃။ ဟေလသလူမျိုးများက ဘုရားသခင်ကို “အဗ္ဗ၊ အဘ” ခေါ်ခွင့်ရှိသလာဆိုတာ ပြသနာဖြစ်ပါသည်။

 

ဘုရားသခင်၏ ရွေးနှုတ်ခြင်းအကြံစည်တော်

၄ အချိန်ကာလစေ့သောအခါ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊
၅ ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနှုတ်စေခြင်းဌာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍

ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။

၆ ထိုသို့ သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟုခေါ်တတ်သော

သားတော်၏ ဝိညာဉ်တော်ကို သင်တို့စိတ်နှလုံးထဲသို့ ဘုရားသခင်စေလွှတ်တော်မူ၏။

၇ သိုဖြစ်၍ သင်တို့သည် နောက်တစ်ဖန် အစေအပါးကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏။

သားဖြစ်လျှင် ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံလည်းဖြစ်ကြ၏။

၁။ ပညတ်တရားလက်၌ရှိသောသူ (ဂျိုးလူမျိုး) များကိုရွေးနှုတ်ဖို့လိုအပ်သည်။

၂။ ရွေးနှုတ်ခြင်းအလုပ်သည် ခရစ်တော်အားဖြင့် ဖြစ်သည်

၃။ ယုံကြည်သောသူတို့သည် အမွေစား အမွေခံသား ဖြစ်ရသောအခွင့်ပေးသည်။

၄။ သားဖြစ်ခြင်းကို အတည်ပြုရန် သန့်ရှင်းသော ဝိညာဉ်တော်ကိုပေးသည်။

က။ အစေအပါးကျွန်မဖြစ်

ခ။ သားပင်ဖြစ်သည်။

ဂ။ ခရစ်တော်အားဖြင့် ဘုရားသခင်၏ အမွေခံဖြစ်ကြသည်။

၅။ ယုံကြည်သောသူအားလုံး “အဗ္ဗအဘ” ဟုခေါ်ခွင့်ရသည်။

က။ အခွင့်ရေးယူဖို့မဟုတ်ပါ။

ခ။ တန်ဖိုးထား အလေးထားဖို့ ဖြစ်သည်။

 

ဘုရားသခင်၏ သားများ

၂၆ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကိုယုံကြည်သဖြင့် ဘုရားသခင်၏  သားဖြစ်ကြ၏။

၂၇ ခရစ်တော၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။

၂၈ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊

ထိုသခင်၌ သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။

၂၉ ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏မျိုးနွှယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏အရာ၌ တည်ကြ၏။ ဂလာတိ ၃း ၂၆-၂၉

၁။ ဘုရားသခင်၏ သားများ

က။ ယုံကြည်ခြင်းအားဖြင့်

ခ။ ယေရှုခရစ်တော်၌

၂။ ဗတ္တိဇံ အရေးပါမှု

က။ ခရစ်တော်၌ ဗတ္တိဇံခံသောသူများဖြစ်ကြသည်။

ခ။ ဗတ္တိဇံသည် ဘုရားကိုယ်တော်တိုင်ပေးသော အထူးသင်္ကေတဖြစ်သည်။

၁။ ဘုရားသခင်၏သားများဖြစ်ခြင်းကို ကိုယ်စားပြုရန် ရည်ရွယ်သည်။

၂။ ဘုရားသခင်၏မိသားစုဝင်ဖြစ်ခြင်းကို ကိုယ်စားပြုသည်။

၃။ သခင်ယေရှုသည်ငါတို့အားပိုင်ဆိုင်ကြောင်း အတည်ပြုခြင်းဖြစ်သည်။

၄။ မေရှိယအားဖြင့် အာဗြဟံ၏မျိုးနွှယ်များဖြစ်ကြသည်။

၅။ အာဗြဟံ၌ ဘုရားသခင်ပေးသောကတိတော်ကို အမွေခံများဖြစ်ကြသည်။

 

ယုံကြည်ခြင်း့၌ ခိုင်ခံ့စွာ ရပ်တည်နိုင်ရန် စိန်ခေါ်ချက်

၁။ ထို့ကြောင့် ခရစ်တော်သည် ငါတို့ကိုလွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌ တည်နေသဖြင့်၊

ကျွန်ခံရာထမ်းပိုးကိုထမ်း၍ချည်နှောင်ခြင်းကိုတဖန်မခံကြနှင့်။

၂။ ငါပေါလုဆိုသည်ကား၊ သင်တို့သည် အရေဖျားလှီးခြင်းကိုခံလျှင် ခရစ်တော်အားဖြင့် အဘယ်အကျိုးကိုမျှ မရနိုင်ကြ။

၃။ အရေဖျားလှီးခြင်းကိုခံသောသူအပေါင်းတို့အား ငါတစ်ဖန်သက်သေခံသည်ကား၊

ထိုသူတို့သည် ပညတ်တရားအားလုံးကိုကျင့်ဖို့ ကြွေးတင်သူဖြစ်၏။

၄။ ပညတ်တရားအားဖြင့် ဖြေင့်မတ်ရာသို့ကြိုးစားသမျှသော သင်တို့သည်ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။

၅။ ငါတို့မူကား၊ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်မည်ဟု မျှော်လင့်သော

ကျေးဇူးတော်ကို ဝိညာဉ်တော်အားဖြင့် ငံ့လင်၍နေကြ၏။

၆။ ယေရှုခရစ့်၌ အရေဖျားလှီးခြင်းအကျိုးမရှိ။ မခံဘဲနေခြင်းလည်းအကျိုးမရှိ။

မေတ္တာအားဖြင့်ပြုပြင်တတ်သော ယုံကြည်ခြင်းသာ အကျိုးရှိ၏။ ဂလာတိ ၅း ၁-၆

၁။ ခိုင်ခံ့စွာတည်နေခြင်း

က။ လွှတ်ခြင်းအခွင့်

ခ။ သခင်ယေရှုသည် ငါတို့အား လွတ်စေတော်မူသည်

၁။ ပညတ်တရား၏ ကျွန်ခံရာထမ်းပိုး မှ

၂။ အပြစ်၏ တန်ခိုးမှ

၃။ စာတန်၏ အုပ်စိုးခြင်းမှ

၂။ ဂျိုးလူမျိုးများစု၏ သွေးဆောင်ခြင်းကို ခုခံရန်

က။ အရေဖျားလှီးခြင်းကိုခံခြင်း

ခ။ မဖြစ်နိုင်သော ပညတ်တရားကို စောင့်ရှောက်ခြင်း

၃။ ဘုရားသခင်ပေးသောအရာများကို ကာကွယ်စောင့်ရှောက်ဖို့

က။ ကယ်တင်ခြင်း

ခ။ သခင်ယေရှုခရစ်နှင့်ဆက်နွယ်ခြင်း

၄။ မှားယွင်းသောသွန်သင်ခြင်း၏ အန္တရယ်များ

က။ သခင်ယေရှုထံမှကွဲကွာခြင်း

ခ။ ကျေးဇူးတော်မှ လမ်းလွဲခြင်း

ဂ။ ဘုရားပေးတော်မူသော ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်ခြင်းကို တန်ဖိုးမထားခြင်း

 

နိဂုံး

၁။ ခမည်းတော်ဗေဒသည် တန်ဖိုးအရှိဆုံးသော အရာဖြစ်သည်။

က။ ထိန်းသိမ်းစောင့်ရှောက်ရမည်

ခ။ ခုခံကာကွယ်မည်။

၂။ ခမည်းတော်ဗေဒကို လက်တွေ့အသက်တာ၌ လုံ့လဝီရိယနှင့်ကျင့်ရန်

က။ ဘုရားသခင်ကို ဖခင်ကဲ့သို့ဆက်ဆံရန်

ခ။ သူနှင့်မိတ်သဟာယဖွဲ့ရန်

ဂ။ ဤဆက်နွယ်ခြင်းကိုတန်ဖိုးထားရန်

ဃ။ အဓိပ္ပါယ်ရှိစွာ အသက်တာ၌ ပြုစုပျိုးထောင်ရန်