Bethany Independent Presbyterian Church

Myanmar

“အကြင်သူသည် အဆုံးတိုင်အောင်တည်ကြ၏” မဿဲ ၂၄း၉-၁၄

“အကြင်သူသည် အဆုံးတိုင်အောင်တည်ကြ၏” မဿဲ ၂၄း၉-၁၄



နိဒါန်း

က။ စိန်ခေါ်ခြင်းနှင့်ပြည့်သော နေ့ရက်ကာလ

၁) ဖြစ်လာကြမည်

၂) ကျွန်တော်တို့သည် သတိပေးထားခြင်းခံသည်

ခ။ ဘာကြောင့်ဤ သတိပေးချက်များကို ပေးထားခဲ့သနည်း၊

၁) ကျွန်တော်တို့၏ နှလုံးသားနှင့်စိတ်ကို ပြင်ဆင်ဖို့ရန်

၂) အနာဂတ်အတွက် မိမိကိုယ်ကို ခိုင်မာဖို့ ပြုပြင်ရန်

 

ဘေးဒဏ်ကြီးအတွက် နက်နဲသော သတိစကားများ

၉ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှါ အပ်နှံကြလိမ့် မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။ မဿဲ ၂၄း၉

က။ ဘေးဒဏ်ကြီး

ခ။ သတ်ခြင်းခံသည်

ဂ။ မုန်းခြင်းခံသည်

 

အလားတူ သတိစကားများ-၁

၁၀ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။

၁၁ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။

၁၂ ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။ မဿဲ ၅း၁၀-၁၂

က။ ရှစ်ခုမြောက်သော မင်္ဂလာ

ခ။ ကောင်းကင်နိုင်ငံတော်၏ ကောင်းကြီး

ဂ။ ဝမ်းသာဖို့ စိန်ခေါ်ခြင်း

 

အလားတူ သတိစကား – ၂

၁၆တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေ ကဲ့သို့ လိမ္မာလျက်၊ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့။

၁၇ လူတို့ကို သတိပြုကြ။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။

၁၈ ထိုသူတို့မှစ၍ တပါးအမျိုးသားတို့အား သက်သေဖြစ်စေခြင်းငှါ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် သင်တို့ကို ပို့ဆောင်ကြလိမ့်မည်။

၁၉ သင်တို့ကို အပ်နှံသောအခါ အဘယ်သို့ ပြောရမည်ကို မစိုးရိမ်ကြနှင့်။ ပြောရသောစကားကို ထိုခဏ ခြင်းတွင် သင်တို့သည် ရကြလိမ့်မည်။

၂၀ အကြောင်းမူကား၊ သင်တို့ အလိုအလျောက် ပြောကြသည်မဟုတ်။ သင်တို့အဘ၏ ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောတော်မူ၏။

၂၁ ထိုအခါ ညီအစ်ကိုချင်း တယောက်ကိုတယောက် သေစေခြင်းငှါ အပ်ကြလိမ့်မည်။ အဘသည်လည်း သားကို အပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။

၂၂ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင် အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။

၂၃ တမြို့၌ သင်တို့ကိုညှဉ်းဆဲလျှင် တမြို့သို့ပြေးကြလော့။ ငါအမှန်ဆိုသည်ကား၊ ဣသရေလမြို့ရွာ ရှိသမျှတို့ကို သင်တို့ လှည့်လည်၍ မကုန်မှီ လူသားသည်ကြွလာလိမ့်မည်။

၂၄ တပည့်သည် ဆရာထက်မသာ။ ကျွန်သည် သခင်ထက်မသာ။

၂၅ တပည့်သည် ဆရာကဲ့သို့၎င်း၊ ကျွန်သည်သခင် ကဲ့သို့၎င်းဖြစ်လျှင် သင့်လောက်ပေ၏။ အိမ်ရှင်ကို ဗေလဇေဗုဟုခေါ်ဝေါ်ကြလျှင်၊ အိမ်သူအိမ်သားတို့ကို သာ၍ ခေါ်ဝေါ်ကြလိမ့်မည်။

၂၆ ထို့ကြောင့် သူတို့ကို မကြောက်ကြနှင့်။ ဖုံးထားလျက်ရှိသမျှသောအရာတို့သည် ပွင့်လိမ့်မည်။ ဆိတ် ကွယ်ရာ၌ ရှိသမျှတို့သည်လည်း ထင်ရှားလိမ့်မည်။ မဿဲ ၁၀း၁၆-၂၆

က။ အမှုတော်နှင့်ဆိုင်ရင်

ခ။ သခင်ယေရှုနှင့် ဆက်ဆပ်ခြင်းနှင့် ပတ်သက်၍

၁) ဆရာသည် နှိပ်ဆက်ခြင်းခံသည်

၂) တပည့်တော်တို့သည် အလားတူ ကံကြမ္မာရှိနိုင်သည်

ဂ။ နောက်ဆုံးသော ကာလ အခြေအနေ မဖြစ်ရင်လည်း

ဃ။ ရန်သူတို့၏ အဆိုးမြင် နှင့် ကြမ်းတမ်းသော အကျင့်

၁) အပ်သည်

၂) ရိုက်သည်

၃) မိသားစု မှလိမ်ညာသည်၊ ညှင်းဆဲသည်

၄) မုန်းသည်

င။ စိန်ခေါ်ခြင်း၊-

၁) မကြောက်ပါနှင့်

၂။ အဆုံးထိတည်ကြည်ပါ

၃။ ဘုရားသခင့်ဝိညာဉ်တော်၏ တန်ခိုးသွင်းခြင်းကို ယုံကြည်ပါ

 

အင်အားကြီးသော ဆိုးကျိုးများ

၁၀ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်းတယောက်ကိုတယောက် အပ်ကြလိမ့်မည်။

၁၁ အချင်းချင်မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍လူအများတို့ကို လှည့်ဖြားကြ လိမ့်မည်။

၁၂မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။ မဿဲ ၂၄း၁၀-၁၂

က။ လူအများတို့သည် ဖောက်ပြန်ခြင်းသို့ရောက်မည်

ခ။ အချို့တို့သည် လိမ်လည်မည်

ဂ။ တချို့တို့သည် မုန်းကြမည်

ဃ။ မိစ္ဆာ ဖရောဖက်များပေါ်လာပြီး လူအများတို့သည် လှည့်ဖြားမည်

င။ မတရားသော အမှုတို့ကို များပြားမည်

စ။ အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်

 

ကြီးမားသော ကောင်းကျိုးကျေးဇူးများ

၁၃အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။

၁၄လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။ မဿဲ ၂၄း၁၃-၁၄

က။ တည်ကြည်ခြင်း

ခ။ ဘုရားသခင်၏နိုင်ငံတော်အကြောင်း တရားဟောခြင်း

ဂ။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့

 

နိဂုံး

က။ ကျွန်တော်တို့၏ အကြောက်တရားကို အောင်ဖို့၊

ခ။ သန်မာသော ယုံကြည်ခြင်းကို တည်ဆောက်ဖို့၊

ဂ။ အဆုံးထိတိုင်အောင် တည်ကြည်ခြင်း အသက်တာကို သင်ယူရန်။