Bethany Independent Presbyterian Church

Myanmar

လူထုဝတ်ပြုခြင်း

လူထုဝတ်ပြုခြင်း

Sunday Morning Message 26 January 2020

 

ထာဝရဘုရား၏ လမ်းတော်ကိုရှာခြင်း

၁။ နှိမ့်ချစွာဆုတောင်းခြင်းဖြင့်

က) ကိုယ်တော်၏ လမ်းတို့ကို အကျွနုပ်အားညွှန်ပြပါ (ဆာ ၂၅:၄-က)

ခ) ခရီးတော်ကိုသွန်သင်တော်မူပါ (ဆာ ၂၅:၄-ခ)

ဂ) ကိုယ်တော်၏သမ္မာတရားကို ပြပါ (ဆာ ၂၅:၅-က)

ဃ) ကိုယ်တော်ကို အစဉ်မျော်လင့်လျက်နေပါသည် (ဆာ ၂၅:၅-ခ)

၂။ မကောင်းမှုအောင်ခြင်း ကိုသိရှိခြင်းဖြင့်

က) ရန်သူများ (အသက်ဝိညာဉ်) (ဆာ ၂၅:၂-ဃ)

ခ) သစ္စာဖျက်သောသူ (ဆာ ၂၅:၃-ခ)

ဂ) ပြင်းစွာမုန်းတတ်သောသူ (ဆာ ၂၅:၁၉-ခ)

၃။ ဘဝ၏ အပြစ်ဒုစရိုက်များကို သိမှတ်ဝန်ခံခြင်း

က) အသက်ငယ်ရွယ်စဉ်ပြစ်မှားသော အပြစ် (ဆာ ၂၅:၇)

ခ) အပြစ်များပြားလှခြင်း (ဆာ ၂၅:၁၁-ခ)

ဂ) ကျန်ကြွင်း နှိမ့်ချခြင်း ခံခြင်း (ဆာ ၂၅:၁၆)

ဃ) စိတ်နှလုံးဆင်းရဲခြင်း (ဆာ ၂၅:၁၇-က)

င) စိတ်ပင်ပန်းခြင်း (ဆာ ၂၅:၁၇-ခ)

စ) နှိမ့်ချခြင်း နှင့်ပူပန်ခြင်း (ဆာ ၂၅:၁၈-က)

 

ထာဝရဘုရားအား အသနားခံခြင်း

၁။ ကိုယ်တော်သည် ငါတို့ကို တယ်တင်သော ဘုရားဖြစ်သည် (ဆာ ၂၅:၅-ခ)

၂။ ကိုယ်တော်၏ ကရုဏာနှင့်မေတ္တာကိုအသနားခံခြင်း (ဆာ ၂၅:၆၊၇)

၃။ ကိုယ်တော်၏ ကောင်းမြတ်ခြင်းကို တောင်းရှောက်ခြင်း (ဆာ ၂၅:၇-ဂ)

၄။ ကိုယ်တော်၏ကောင်းမြတ်ခြင်း နှင့်ဖြောင့်မတ်ခြင်းကို အသနားခံခြင်း (ဆာ ၂၅:၈)

၅။ ထာဝရဘုရား၏ နာမတော်ကိုအသနားခံခြင်း (ဆာ ၂၅:၁၁)

 

ထာဝရဘုရားကို ကြောက်ရွံ့သောသူမူကား

၁။ နှစ်သက်ဖွယ်သောလမ်းကို ပြတော်မူမည် (ဆာ ၂၅:၁၂-ခ)

၂။ ကောင်းမွန်စွာကျိန်းဝပ်မည် (ကောင်းစားမည်) (ဆာ ၂၅:၁၃-က)

၃။ သူ၏အမျိုးနွယ်သည် ပြည်တော်၌အမွေခံရလိမ့်မည် (ဆာ ၂၅:၁၃-ခ)

၄။ ကိုယ်တော်မြတ်နှင့် မိဿဟာယ ဖွဲ့ရသောအခွင့်ရမည် (ဆာ ၂၅:၁၄-က)

၅။ ပဋိညာဉ်တော်ကို သိသော အခွင့်ရှိမည် (ဆာ ၂၅:၁၄-ခ)

 

လက်တွေ့အသုံးပြုရန်

၁။ ထာဝရဘုရားအား ဆုတောင်းပါ

အကျွနုပ်သည် ထာဝရဘုရားကို အစဉ်မျှော်လင့်လျက်နေပါ၏ (ဆာ ၂၅:၁၅-က)

၂။ အလေးအနက် အသနားခံပါ

အကျွနုပ်ကိုမျက်နှာပြု၍ ကယ်မသနားတော်မူပါ (ဆာ ၂၅:၁၆)

၃။ ခွင့်လွတ်ဖို့ အသနားခံခြင်း

အကျွနုပ်၏ အပြစ်ရှိသမျှတို့ကို လွှတ်တော်မူပါ (ဆာ ၂၅:၁၈-ခ)

၄။ ကယ်တင်ခြင်း

အကျွနုပ်၏အသက်ကို စောင့်ရှောက်၍၊ အကျွနုပ်ကိုကယ်တော်မူပါ (ဆာ ၂၅:၂၀)

၅။ ထာဝရဘုရားကို ကိုးစားခြင်း

က) ကိုယ်တော်ကို အကျွနုပ်တသလျက်နေပါ၏ (ဆာ ၂၅:၁-က)

ခ) ကိုယ်တော်ကို အကျွနုပ်ခိုလှုံသည် (ဆာ ၂၅:၂၀-ခ)

၆။ ထာဝရဘုရားကို မျော်လင့်ခြင်း

က) ကိုယ်တော်ကို အစဉ်မျော်လင့်သည် (ဆာ ၂၅:၅-ဂ)

ခ) ကိုယ်တော်ကို စောင့်တော်မူသည် (ဆာ ၂၅:၂၁-ခ)