Bethany Independent Presbyterian Church

Myanmar

“အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍နားထောင်၏” ရှင်မဿဲ ရး၂၄

“အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍နားထောင်၏” ရှင်မဿဲ ရး၂၄



နိဒါန်း

က။ ယုံကြည်ခြင်း လိုအပ်ခြင်း

ဤအရာ၌ မေးခွန်းမေးစရာမရှိ

ခ။ သို့သော် လူတယောက်သည် မည်ကဲ့သို့ ယုံကြည်ခြင်းတည်ဆောက်မည်နည်း။

 

ထာဝရဘုရား၏ အကြံတော်

က။ ပွင့်လင်းမြင်သာစွာ ပြသနာများကို ဖော်ပြသည်

၁) ဘဝ၏ ပြသနာများ

၂) ဝိညာဉ်ရေးရာပြသနာများ

၃) တာရှည် ပြသနာများ

က) မှားယွင်းသောသွန်သင်ချက် ၅ နေရာ ဖော်ပြသည်

ခ) အဖြေ ၅ချက် ပေးသည် မဿဲ ၅

ခ။ သင့်တော်သော အဖြေပေးသည်

၁) ဟန်ဆောင်ခြင်းမပါ ဘဲ စစ်မှန်သော်စိတ်နေစဘောထား တည်ေဆောက်ပါ

၂) ဘဝ၌ ကျွန်တော်တို့၏ ဆုတောင်းခြင်းကို နက်ရှိုင်းစေဖို့ သင်ယူပါ

၃) စိုးရိမ်ခြင်းပြသနာကို ကြော်လွှားပါ

၄) ကောင်းကင်ဘုံ၌ မိမိဘဏ္ဍာကို ဆည်းဖူးပါ မဿဲ ၆

 

ခိုင်ခံ့သော ယုံကြည်ခြင်း အိမ်တော်ကို တည်ဆောက်ဖို့ ဖိတ်ခေါ်ခြင်း

၂၄ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။

၂၅ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကိုတိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သော ကြောင့် မပြိုမလဲနေ၏။ ရှင်မဿဲ ရး၂၄-၂၅

က။ သခင်ယေရှု၏ ဟောကြားချက်များ

၁) ကြားရန်ဖြစ်သည်

၂) နာခံရန်ဖြစ်သည်

ခ။ ပညာရှိသောသူ၏ အလုပ်

၁) ကျောက်ပေါ်၌မိမိ အုပ်မြစ်တည်သည်

၂) ထိုအိမ်သည် မုန်တိုင်းဒဏ်ခံနိုင်သည်

 

မိုက်မဲစွာ တည်ဆောက်ခြင်း၏ အန္တရယ်

၂၆ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲနေ၏။ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့်တူကြောင်းကို ငါပုံပြမည်။

၂၇ မိုဃ်းရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက် လေသည်ဟုဟောတော်မူ၏။ ရှင်မဿဲ ရး၂၆-၂၇

က။ သခင်ယေရှု၏ ဟောကြာချက်များ

၁) စကားတော်တို့အား ကောင်းမွန်စွာနာခံခြင်း မခံ

၂) စကားတော်တို့အား မနာခံကြ

ခ။ သဲပေါ်၌တည်ဆောက်ခြင်း

၁) မိုက်မဲခြင်းသက်သက်ဖြစ်သည်

၂) မုန်တိုင်းကျသောအခါ ထိုအိမ်သည် ပြိုလဲမည်။

 

သခင်ယေရှု ၏ တရားတော်များ

က။ မင်္ဂလာတရားများကို လေ့ကျင့်ခြင်း

“စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိ၏” မဿဲ ၅း၃ (မဿဲ ၅း၃-၁၂)

ခ။ ဖြစ်လာဖို့ စိန်ခေါ်ခြင်း၊-

၁) ဆား

၂) အလင်း

၃) တောင်ထိပ်၌တည်သော မြို့ မဿဲ ၅း၁၃-၁၆

ဂ။ အမှားပြင်ချက်များ သတိပြုရန်၊-

၁) မှားသော အတွေးအခေါ်

၂) မှားသော အကျင့်များ ရှင်မဿဲ ၅-၆

ဃ။ တည်ဆောက်ရန် စိန်ခေါ်ခြင်း၊-

၁) အဓိပ္ပယ်ပိုရှိသော ဆုတောင်းခြင်းအသက်တာ

၂) ထာဝရအရာကို သာ၍အာရုံစိုက်သော အသက်တာ

၃) သေးငယ်သော ယုံကြည်ခြင်းမဟုတ်ဘဲ ကြီးမားသောယုံကြည်ခြင်းရရှိရန်။

 

နိဂုံး

၁၀ ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။

သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။

၁၁ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။

၁၂ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊

၁၃ အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန် နေ့ရက် သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။

လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။

၁၄ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။

၁၅ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူ သည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ ၁ကော ၃း၁၀-၁၅

က။ တမန်တော် ပေါလု၏ ပုံသက်သေကို အတုယူပါ

၁) ဘုရားသခင်၏ ကျေးဇူးကိုခံယူခြင်း

၂) လိမ္မာသော ဗိသုကာဖြစ်လာသည်

ခ။ တည်ဆောက်ရန် ပစ္စည်းများကို အသိတရားရှိရှိ ရွေးပါ

၁) ရွှေ၊ ငွေ၊ ကျေက်မြတ်ရတနာများ

၂) ကျွန်တော်တို့၏ ယုံကြည်ခြင်းအိမ်၏ အရည်အသွေးသည် မီးအားဖြင့် စမ်းစစ်ခြင်းခံလိမ့်မည်။