Bethany Independent Presbyterian Church

Myanmar

“သားတော်ကို ငါအားဖြင့်ပြတော်မူသောအခါ” ဂလာတိ ၁း၁၆

“သားတော်ကို ငါအားဖြင့်ပြတော်မူသောအခါ” ဂလာတိ ၁း၁၆



နိဒါန်း

က။ “ဖွင့်ပြခြင်း” ဓမ္မယုံကြည်ချက်သည် နက်နဲသည်

ခ။ ကျမ်းစာတစ်ခုလုံး၌ အပြောင်းအလဲမရှိဘဲ ကောင်းမွန်စွာသင်ပေးသည်

ဂ။ သဘာ၀ “အသိတရား” အလျှောက် လူသားက ဘုရားကို နားမလည်နိုင်ပေ

ဃ။ ဘုရားသည် သူ၏တရားတော်ကို ဖွင့်ပြရသည်။

 

ဖွင့်ပြခြင်း ဓမ္မယုံကြည်ချက်

က။ ထင်ရှားလျက်ရှိသည်

၁၆ငါသည်ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည်ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင် စေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ ၁၇အဘယ်သို့ဖြစ်သနည်းဟူမူကား၊ ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည် ဟု ကျမ်းစာလာသည်နှင့်အညီ၊ ယုံကြည်ခြင်း၌ တည်သောဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည်၊ ယုံကြည်ခြင်းအဘို့အလိုငှါ ဧဝံဂေလိတရားအားဖြင့် ထင်ရှားလျက်ရှိ၏။

၁) ခရစ်တော်၏ ဧဝံဂေလိ

က) ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သည်

ခ) တယ်တင်ခြင်းသို့ပို့ဆောင်သည်

ဂ) ယုံကြည်သူတိုင်း

၂) ဘုရားသခင်၏ဖြောင့်မတ်ခြင်း

က) ပြသပြီး

ခ) ထင်ရှားလျက်ရှိသည်

ဂ) ကျမ်းစာလာသည်နှင့် အညီ “ဖြောင့်မတ် သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်”

ခ။ ဝိညာဉ်တော်အားဖြင့် ဖော်ပြသည်

၉ ကျမ်းစာလာသည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ၁၀ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ၏။ ဝိညာဉ်တော် သည် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ၏။ ၁၁ လူ၏နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှမသိ။ ၁၂ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှါ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။ ၁ေကာ ၂း၉-၁၂

က) သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဖော်ပြသည်

ခ) နက်နဲသောအရာများသည် ငါတို့အား ဘုရားသခင်ဖော်ပြပေးရန်လိုအပ်သည်

ဂ) အဖိုးအခမရှိဘဲဘုရားပေးသောအရာများကို သိရှိနားလည်ဖို့ ဘုရားသခင်၏ဝိညာဉ်တော်ကို ငါတို့ရရှိပြီ။

 

ဘုရားသခင်၏ ဧဝံဂေလိ

က။ ဘုရားသခင်၏ ဧဝံဂေလိတရား၏အကျဉ်းချုပ်

၁ လူဇာတိအားဖြင်း ဒါဝိဒ်အမျိုးဖြစ်တော်မူ ထသော၊ ၂သေခြင်းမှထမြောက်တော်မူ၍၊

၃ သန့်ရှင်းသောဝိညာဉ်အားဖြင့်၊ ၄တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်း ဟူသော မိမိသားတော်ကို အကြောင်းပြု၍ ဘုရားသခင်သည် ရှေးကမိမိပရောဖက်များအားဖြင့်၊ သန့်ရှင်းသော ကျမ်းစာ၌ ဂတိထားတော်မူသော ဧဝံဂေလိတရားကို ဟောစေခြင်းငှါ၊ ရွေးချယ်ခွဲထား၍ တမန်တော်အရာ၌ ခန့်ထားသော ယေရှုခရစ်၏ ကျွန်ငါပေါလုသည်၊ ၅ဘုရားသခင်ချစ်တော် မူ၍၊ ၆သန့်ရှင်းသူအရာ၌ ခန့်ထားသော ရောမ မြို့သူမြို့သားအပေါင်းတို့ကို ကြားလိုက်ပါ၏။ ရောမ ၁း၁-၆

၁) ဘုရားသခင်၏ ဧဝံဂေလိသည် ကတိဖြစ်သည်

က) ဘုရားသခင်၏ ဖရောဖက်များအားဖြင့်

ခ) သန့်ရှင်းသောကျမ်းစာ၌ရေးသားထားသည်

၂) ဧဝံဂေလိ၏ နှလုံးသား/ဗဟို

က) ငါတို့၏သခင်ယေရှုခရစ်

ခ) ဒါဝိဒ်၏သားတော်

ဇာတိအားဖြင့်ဖွားတော်မူသော ဒါဝိဒ်၏ မျုးိစေ့

ဂ) “ဘုရားသခင်၏သားတော်” ဟုဖော်ပြသည်

ဃ) ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် သေခြင်းမှရှင်ပြန်ထမြောက်ခြင်း

၃) ဘုရားသခင်၏ ဧဝံဂေလိတရားကို ကြားပြောဖို့ နှင့် သွန်သင်ဖို့အတွက် ဘုရား၏တမန်တော်အဖြစ် ခေါ်ပြီးခန့်ထားသည်

ခ။ ဘုရားသခင်၏ ဧဝံဂေလိသည် တမန်တော်ပေါလုအား ဖော်ပြသည်

၁) ပေါလု၏ ဆိုးညစ်သော “အကျင့်ဟောင်း”

က) အသင်းတော်ကို ညှဉ်းဆဲခဲ့သည် ဂလာတိ ၁း၁၃-က

ခ) ဖျက်ဆီးဖို့ရှာသည် ဂလာတိ ၁း၁၃-ခ

ဂ) ယုဒနည်းဥပဒေ အတွက် “စိတ်အားသန်လျက်” ဂလာတိ ၁း၁၄

၂) ဘုရားသားတော် ပေါ်လွန်ထင်ရှားခြင်း

က) ဒမာသက်မြို့ခရီး တမန်တော် ၉း၁-၉

ခ) အထူးထင်ရှားခြင်း

“ငါကားသင်ညှဉ်းဆဲသောယေရှုဖြစ်သတည်း” တမန်တော် ၉း၅

၃) ပေါလုအသက်တာပြောင်းလဲခြင်း

က) မျက်စိကမ်းခြင်း

ခ) ပြန်ကောင်းခြင်း

ဂ) ဗတ တိဇံခံခြင်း တမန်တော် ၉း၁၀-၁၉

၄) ရှင်ပေါလု၏ခေါ်ခြင်း

က) ရွှေးကောက်ထားသော တန်ဆာ တမန်တော် ၉း၁၅-က

ခ) တပါးအမျိုးသားတို့ရှေ့၌ငါ့နာမတော်ကိုပို့ဆောင်ဖို့ တမန်တော် ၉း၁၅-ခ

ဂ) က္ကုသရေလအမျိုးသားတို့ရှေ့ တမန်တော် ၉း၁၅-ဂ

ဃ) တပါးအမျိုးသားအား ခရစ်တော်အကြောင်းဟောပြောဖို့ ဂလာတိ ၁း၁၆

ဂ။ ဘုရားသခင်၏ ဧဝံဂေလိသည်ခွဲခြားသိမြင်စေပြီး ခုခံပေးသည်

၁) “အခြားသောဧဝံဂေလိ” မှခွဲခြားသိသာသည် ဂလတိ ၁း၆

၂) မှောက်လှန်သောဧဝံဂေလိ မှခွဲခြားသိသာသည် ဂလာတိ ၁း၇

၃) ဧဝံဂေလိတစ်ပါးတည်းသားရှိသည် ဂလာတိ ၁း၈-၉

ဃ။ ရှင်ပေါလုအား အဆက်ဆက်ဖော်ပြခြင်းအလုပ်

၁) ယေရုရှလင်သို့သွားရန်ဖော်ပြခြင်း ဂလာတိ ၂း၂

၂) ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဖော်ပြခြင်း

က) ဘုရားသခင်သည် ဗျာဒိတ်တော်အားဖြင့် နက်နဲသောအရာတို့ကို ငါအားပြတော်မူ၏ ဧဖက် ၃း၃

ခ) ဝိညာဉ်တော်အားဖြင့်ဖွင့်လှစ်တော်မူသည် ဧဖက် ၃း၅

နိဂုံး

က။ သတိပြုရမည့်အန္တရယ်များ

၁) ဘုရားသခင်၏ ဗျာဒိတ်တော်ကို သိမှားဖို့ လွယ်သည်

၂) လူ့အပိုင်းကို ဦးစားပေးခြင်းဖြင့်မှားယွင်းခြင်းကိုဖြစ်စေသော အရာရှိတတ်သည်

၃) မာန်မာန၏အန္တရယ်လည်းရှိတတ်သည် ၂ကော ၁၂း၇

ခ။ ဘုရားသခင်၏ ပညာရှာဖို့

၁) ဘုရားသခင်၏ဝိညာဉ်တော်ကို ငါတို့အားကိုးသည်ဆိုတာသိခြင်းက ငါတို့အားနှိမ့်ချစေသည်။

၂) ဘုရားစကားတော်ကို ဖွင့်ပြဖို့ ထာဝရဘုရားအားစောင့်စိုင်းခြင်းအမှုသည် ဘယ်အရာကမှ အစားထူးလို့မရဘူး။

၃) သူ၏ကျေးဇူးတော်ကို လှုပ်ရှားရှာဖွယ်ဖို့ ဘုရားသည် ငါတို့ငါ ဆူးနှင့်စူးခွင့်ပြုသည် ၂ကော ၁၂း၉-၁၀