Bethany Independent Presbyterian Church

Myanmar

“သာဓု၊ သစ္စာရှိသော ငယ်သားကောင်း” မဿဲ ၂၅း၁၄-၃၀

“သာဓု၊ သစ္စာရှိသော ငယ်သားကောင်း” မဿဲ ၂၅း၁၄-၃၀



နိဒါန်း

က။ ဒုတိယကြိမ်ကြွလာခြင်း ဆိုင်ရာ သွန်သင်ခြင်းစကား

၁) ပေးရမည့်သွန်သင်ချက်များ ဖြစ်သည်

၂) ပေးနည်းများသည်၊-

က) ပရောဖက်ပြုခြင်း

ခ) သတိပေးခြင်း

ခ။ အားပေးစကားများ ကိုလည်းပေးသည်

၁) သခင်အတွက် အသက်ရှင်ဖို့

၂) သခင့်အစီတော်ခံဖို့

၃) စောင့်ကြည့်တတ်ရန်

၄) သစ္စာရှိရန်

 

ဥစ္စာအပ်ပေးခြင်း ဥပမာ

၁၄ ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့သွားမည်ဟု အကြံရှိလျက်၊ မိမိငယ်သားတို့ကိုခေါ်၍ မိမိဥစ္စာများကို အပ်ပေး၏။ သူတို့သည် အသီးအသီးအစွမ်းသတ္တိရှိသည်အတိုင်း၊ တဦး၌ ငွေအခွက်ငါးဆယ်၊

၁၅ တဦး၌ အခွက်နှစ်ဆယ်၊ တဦး၌ အခွက်တဆယ်ကို အပ်ပေးပြီးမှ ချက်ခြင်းသွားလေ၏။ ၁၆ အခွက်ငါးဆယ်ကိုခံသောသူသည် သွား၍ကုန်သွယ်ခြင်းကိုပြုသဖြင့် အခြားသောအခွက်ငါးဆယ်ကို အမြတ်ရလေ၏။

၁၇ထိုနည်းတူ အခွက်နှစ်ဆယ်ကိုခံသောသူသည်လည်း၊ အခြားသောအခွက်နှစ်ဆယ်ကို အမြတ်ရလေ၏။ ၁၈ အခွက်တဆယ်ကို ခံသောသူမူကား၊ သွား၍ မြေ၌တွင်းတူးပြီးလျှင် အရှင်၏ငွေကိုဝှက်ထားလေ၏။

၁၉ ကာလကြာမြင့်ပြီးမှ ထိုငယ်သားတို့၏ အရှင်သည်လာ၍ သူတို့ကိုစာရင်းယူလေ၏။ ၂၀အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ်၍ အခြားသောအခွက်ငါးဆယ်ကိုဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌

အခွက်ငါးဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက်လေ၏။ ၂၁ အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော

အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။ သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။ ၂၂ အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်နှစ် ဆယ်ကို

အပ်ပေးတော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊ ၂၃ အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌

ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။ ၂၄ အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ် သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍

၊ ကိုယ်မဖြန့်မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိ၍၊ ၂၅ကြောက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကို မြေ၌ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။

၂၆ အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသောငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ်၌ ရိတ်၍၊ ကိုယ် မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင်၊ ၂၇ ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင်

ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်၏။ ၂၈ထို့ကြောင့် အခွက်တဆယ်ကို ထိုသူ၏ လက်မှနှုတ်ကြ။ အခွက်တရာရှိသောသူကို ပေးကြ။ ၂၉ အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။

ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ၃၀ အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း၊

အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။ မဿဲ ၂၅း၁၄-၃၀

က။ ဥပမာ၏ ကြံအင်လက္ခဏာများ

၁) အရှင်၊ သခင်

၂) ကျွန်များ

၃) ဥစ္စာ

က) ဤ စကားသည် များစွာသော ငွေအကြောင်း ဖော်ပြသည်

ခ) ဤဥစ္စာသည် ကျွန်များအား ယုံကြည်အပ်နှံသည်

ခ။ သခင်၏ ဥစ္စာများကို ယုံကြည်ပြီးအပ်နှံခြင်း

၁) ဥစ္စာများ ကိုပေးအပ်ခြင်း

က) အခွက်ငါးဆယ် ကို တစ်ဦးအားအပ်သည်

ခ) အခွက်နှစ်ဆယ်ကို အခြားအယောက်အား အပ်သည်

ဂ) အခွက်ဆယ်ခုကို တတိယ ပုဂ္ဂိုလ်အား အပ်သည်

၂) ဥစ္စာများကိုပေးသည်

က) ကျွန်တဦးခြင်း၏ အစွမ်းရှိသည် အတိုင်း

ခ) ဤအလုပ်သည် မျက်နှာပေးခြင်း (ဝါ) ဖက်လိုက်ခြင်းလုံး၀ မဟုတ်

ဂ။ ကျွန်များ၏ အလုပ်

၁) ခွက်ငါးဆယ်ရ သောသူ

အခွက်ငါးဆယ် တိုးစေသည်

၂) အခွက်နှစ်ဆယ် ရသောသူ

အခွက်နှစ်ဆယ် တိုးစေသည်

၃) အခွက်တစ်ဆယ် ရသောသူ

က) မြေကြီးတိုးသည်

ခ) သခင်၏ ဥစ္စာကို ဝှက်သည်

ဂ) သခင်အဝေးရောက်စဉ် မည်ကဲ့သို့ အသက်ရှင်ခဲ့သနည်း

ဃ။ သခင့်ပြန်လာခြင်း

၁) လူတိုင်းသည်မိမိ အလုပ်ကိုအစီရင်ခံဖို့ဖြစ်သည်

၂) အခွက်ငါးဆယ်ရသောသူ သည် အခွက်ငါးဆယ်တိုးစေ သည်အကြောင်းအစီရင်ခံသည်

၂) အခွက် နှစ်ဆယ်ရသောသူသည် အခွက်နှစ်ဆယ်တိုးစေကြောင်း အစီရင်ခံသည်

၃) အခွက် တဆယ်ရသော သူသည်ဗလာတိုးစေသည်

 

သစ္စာရှိသော အစီခံကျွန်များကို ချီးကျုးိခြင်း

က။ သစ္စာရှိသူ နှစ်ဦးအား ချီးမွမ်းခြင်း

၁) အခွက်ငါးဆယ်ရသော ကျွန်

က) 20 အခွက်ငါးဆယ်ကို ခံသောသူသည်ချဉ်းကပ်၍ အခြားသောအခွက်ငါး ဆယ်ကို

ဆက်လျက်၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်ငါးဆယ်ကို အပ်ပေး

တော်မူ၏။ အခြားသောအခွက်ငါးဆယ်ကို အကျွန်ုပ် အမြတ်ရပါပြီဟု လျှောက် လေ၏။ မဿဲ ၂၅း၂၀

ခ) ၂၁ အရှင်ကလည်၊ သာဓု၊ သစ္စာရှိသော ငယ်သားကောင်း။ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များ စွာသော အမှုအခွင့်ကို သင်၌ငါအပ်ပေးမည်။

သင်၏သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော် မူ၏။ မဿဲ ၂၅း၂၁

၂) အခွက် နှစ်ဆယ်ရသော ကျွန်

က) ၂၂အခွက်နှစ်ဆယ်ကို ခံသောသူသည်လည်းချဉ်းကပ်၍ သခင်၊

ကိုယ်တော်သည် အကျွန်ုပ်၌ အခွက်နှစ် ဆယ်ကို အပ်ပေးတော်မူ၏။ အခြားသောအခွက်နှစ်ဆယ်ကို အကျွန်ုပ်အမြတ်ရပါပြီဟု လျှောက်လေသော်၊ မဿဲ ၂၅း၂၂

ခ) ၂၃အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည်

အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။ သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။ မဿဲ ၂၅း၂၃

ခ။ တူညီသော ချီးမွမ်းခြင်း စကားများ သခင်ပေးသည်

၂၃အရှင်က၊ သာဓု သစ္စာရှိသောငယ်သားကောင်း၊ သင်သည် အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်။

သင်၏ သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့ဟု မိန့်တော်မူ၏။ မဿဲ ၂၅း၂၃

၁) သာဓု

၂) သစ္စာရှိသော ငယ်သားကောင်း

၃) သင်သည် အမှုငယ်၌သစ္စာရှိသောသူဖြစ်သည်

၄) များစွာသော အမှုအခွင့်ကို သင်၌ ငါအပ်ပေးမည်

၅) သခင်နှင့်အတူ စည်းစိမ်ကိုဝင်စားလော့

 

သစ္စာမရှိသောသူအား ပြစ်တင်ဆုံးမခြင်း

က။ ကျွန်၏ အကြောင်းပြချက်

၂၄ အခွက်တဆယ်ကို ခံသောသူသည်လည်း ချဉ်းကပ်၍ သခင်၊ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ် သည်နှင့် ကိုယ်မစိုက်မပျိုးသောအရပ်၌ရိတ်၍၊ ကိုယ်မဖြန့် မကြဲသောအရပ်၌ စုသိမ်းတတ်သည်ကို အကျွန်ုပ် သိ၍၊

၂၅ ကြောက်သောကြောင့်၊ အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကို မြေ၌ဝှက်ထားပါပြီ။ ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်ဟု လျှောက်၏။ မဿဲ ၂၅း၂၄-၂၅

၁) ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ် သည်

၂) ကြောက်သောကြောင့်

၃) အခြားသို့သွား၍ ကိုယ်တော်၏ ငွေအခွက်တဆယ်ကို မြေ၌ဝှက်ထားပါပြီ။

၄) ယခုကိုယ်တော်၏ ဥစ္စာရှိပါသည်

ခ။ သင်ခင်မှ အပြစ်တင်ဆုံးမခြင်း

၂၆ အရှင်ကလည်း၊ ဆိုးညစ်ပျင်းရိသောငယ်သား၊ ငါသည် ကိုယ်မစိုက်မပျိုးသောအရပ်၌ ရိတ်၍၊ ကိုယ် မဖြန့်မကြဲသောအရပ်၌ စုသိမ်းသည်ကို သင်သိသည်မှန်လျှင်၊

၂၇ ငါ့ငွေကို ပွဲစားလက်သို့အပ်ရမည်။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့်အတိုးကိုရနိုင်၏။

၂၈ ထို့ကြောင့် အခွက်တဆယ်ကို ထိုသူ၏ လက်မှနှုတ်ကြ။ အခွက်တရာရှိသောသူကို ပေးကြ။ မဿဲ ၂၅း၂၆-၂၈

၁) ထုတ်ဖော်သည်၊-

က) ဆိုးခြင်း

ခ) ပျင်းရိခြင်း

ဂ) အကြောင်းပြထူခြင်း

၂) ဥစ္စာပြန်သိမ်းသည်

၃) အခွက်တရာရှိသူအား ပေးအပ်သည်

 

နိဂုံး

၂၉အကြောင်းမူကား၊ အကြင်သူသည်ရတတ်၏။ ထိုသူ၌ ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူ သည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။

၃၀အသုံးမရသော ထိုငယ်သားကိုငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင် ထုတ်ချလိုက်ကြဟု စီရင်တော်မူ၏။ မဿဲ ၂၅း၂၉-၃၀

က။ ကောင်းသောသူ နှင့် သစ္စာရှိသောသူစီသို့ ကောင်းကြီးမင်္ဂလာရောက်သွားသည်

ခ။ ပြစ်တင်ဆုံးမခြင်းသည် အသုံးမရသောငယ်သားအားရသည်

ဂ။ ကျွန်တော်တို့အတွက် စိန်ခေါ်ချက်သည် ရှင်းလင်းသည်၊-

၁) ကောင်းသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြပါစို့၊

၂) သခင့်အတွက် အသီးသီးစွာအစီခံကြပါစို့။