Bethany Independent Presbyterian Church

Myanmar

“သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။” မဿဲ ၂၄း၄၂-၅၁

“သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသောကျွန်ကား အဘယ်သူနည်း။” မဿဲ ၂၄း၄၂-၅၁



နိဒါန်း

က။ သခင်ယေရှုပြန်လာခြင်းအကြောင်းကို တပြည့်တော်တို့သည်မေးကြသည်

ခ။ အဖြေများကိုလည်းပေးသည်၊-

၁) သိရန် မလွယ်ကိုပါ

၂) အကြောင်းဆက်များစွာကို ရှင်းလင်းရန်လိုည်

၃) အနာဂတ်ဗေဒသည် ရှုပ်ထွေးသော ဓမ္မတရားဖြစ်သည်

က) က္ကုသရေလအကြောင်း ပါသည်

ခ) အသင်းတော်အကြောင်းပါသည်

ဂ) ကမ္ဘာတဝန်းလုံးအကြောင်းထိပါသည်

ဂ။ စိန်ခေါ်ချက်များ

၁) ဒုတိယကြွလာခြင်းဓမ္မတရား ပိုကောင်းအောင်သိဖို့

၂) နောက်ဆုံးသောကာလ အကြောင်းကို ပိုသင်လာနှင့်အမျှ သင့်တော်စွာ တုံ့ပြန်ရန်

 

မည်ကဲ့သို့ တုံ့ပြန်နည်း ကျမ်းစာသင်ပေးသည်

၃၆ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိ တော်မူ၏။ မဿဲ ၂၄း၃၆

၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြ လော့။

၄၃ သူခိုးလာမည်အချိန်နာရီကို အိမ်ရှင်သိရလျှင်၊ မိမိအိမ်ကိုမထွင်းမဖောက်စေခြင်းငှါ၊ စောင့်နေလိမ့် မည်ကို သင်တို့သိကြ၏။

၄၄ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။

၄၅ အရှင်သည် မိမိအိမ်သူအိမ်သားအပေါင်းတို့အား အချိန်တန်လျှင် အစားအသောက်တို့ကို ဝေဖန်စေ ခြင်းငှါ အအုပ်အချုပ်ခန့်ထား၍၊ သစ္စာနှင့်၎င်း၊ သတိပညာနှင့်၎င်း ပြည့်စုံသော ကျွန်ကား အဘယ်သူနည်း။

၄၆ အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ ၏။

၄၇ ငါအမှန်ဆိုသည်ကား၊ အရှင်သည် မိမိဥစ္စာရှိသမျှတို့ကို ထိုကျွန်၌ အပ်လိမ့်မည်။

၄၈ သို့မဟုတ်မူကား၊ အကြင်ကျွန်ဆိုးက ငါ့အရှင်လာခဲ့လိမ့်မည်ဟု စိတ်ထဲ၌အောက်မေ့သည်။

၄၉ ကျွန်ချင်းတို့ကို ရိုက်ပုတ်လျက် သေသောက်ကြူးသောသူတို့နှင့်တကွ စားသောက်လျက်နေ၏။

၅၀ ထိုကျွန်မကြည့်မမျှော်သောနေ့ရက်၊ မကြားမသိသောအချိန်နာရီ၌ သခင်သည်ရောက်လာလျှင်၊

၅၁ ထိုကျွန်သည် ပြင်းပြစွာကွပ်မျက်ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာအရပ်၌ လျှို့ဝှက်သော သူတို့နှင့်တကွ နေရာချလတံ့။ မဿဲ ၂၄း၄၂-၅၁

က။ ကျွန်တော်တို့ အရုံမစိုက်သင့်သောအရာ

၁) သခင်ယေရှု ဘယ်အချိန်ပြန်လာမည်ကို သိဖို့ကြိုးစားခြင်း

၂) ကောင်းကင်ရှိ ကောင်းကင်တမန်များကတောင်မှဤ အသိပညာမရှိကြ

ခ။ သစ္စာရှိသော ကျွန်နှင့်ဆိုးသောကျွန် တို့၏ပုံဥပမာ

၁) ချီးကျူခြင်းခံသော ကျွန်

က) သူသည် သစ္စာရှိသည်

ခ) သူသည် ပညာရှိသည်

ဂ) သူသည် အလုပ်ကြိုးစားသည်

ဃ) သူသည် ဆုချီးမြှင့်ခြင်းခံမည်

၂) ပြစ်တင်ခြင်းခံသော ကျွန်

က) သူသည် ဆိုးသည်

ခ) သူ၏အကြံတို့သည် မရိုးသားသည်

ဂ) သူသည် ပြောင်တင်းစွာ မာနကြီးသည်

ဃ) သူသည်သူနှင့် ထိုက်သင့်သောအရာ ပေးခြင်းခံမည်။

ဂ။ မှတ်ဖို့ရန် အရေးကြီးသော သင်ခန်းစာများ

၁) စောင့်ကြည့်တတ်ခြင်း

၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကို သင်တို့မသိသောကြောင့် စောင့်နေကြ လော့။ မဿဲ ၂၄း၄၂

က) သိခြင်း

ခ) သတိပြုခြင်း

ဂ) အထဲဝင်ပါခြင်း

၂) အဆင်သင့်ဖြစ်ခြင်း

၄၄ထိုကြောင့် သင်တို့သည်ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည်ကြွလာလိမ့်မည်။ မဿဲ ၂၄း၄၄

က) သစ္စာမြုဲမံမှု

ခ) တည်ကြည်ခြင်း

ဂ) ယူတင်ရမည့် စိန်ခေါ်ခြင်း “ပြင်ဆင်လျက်နေခြင်း”

၃) သစ္စာရှိသော အစေခံခြင်း

၄၆အကြင်ကျွန်သည် ဤသို့ပြုလျက်နေသည်ကို အရှင်သည်ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။ မဿဲ ၂၄း၂၆

က) “အစီခံခြင်းသဘော” ကို နားလည်ခြင်း

ခ) “အစီခံခြင်း” ကိုလက်တွေ့ကျင့်သုံးခြင်း

ဂ) “အစီခံခြင်း” ကို ချီးမြှင့်ခြင်း

 

နိဂုံး

က။ သခင်ယေရှုခရစ် ပြန်လာဖို့ ပထမ အဆင့် အသင့်ဖြစ်ခြင်း

၁) အသိပညာ

၂) နားလည်သဘောပေါက်ခြင်း

၃) စစ်မှန်ခြင်း

ခ။ သခင်ယေရှုခရစ် ပြန်လာဖို့ ပို၍နက်နဲသော အသင့်ဖြစ်ခြင်း

၁) သခင်ယေရှု ပြန်လာဖို့ စိတ်နှလုံးသား အရင်းနှင့် ဆန္ဒရှိခြင်း

၂) ကိုယ်တော်ကြွလာခြင်းကို စောင့်နေစဉ် သစ္စာရှိစွာ အစီခံဖို့ နက်နဲသောဆက်ကပ် ပေးဆပ်ခြင်း

၃) သခင့်ပြန်လာဖို့ တဘဝလုံးစောင့်ဖို့တွက် ယုံကြည်ခြင်းခွန်အား။