Bethany Independent Presbyterian Church

Myanmar

“သင်တို့သည်ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာ တို့ကိုသိရသောအခွင့်ရှိကြ၏။” ရှင်လုကာ ၈း၁၀

“သင်တို့သည်ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာ တို့ကိုသိရသောအခွင့်ရှိကြ၏။” ရှင်လုကာ ၈း၁၀



နိဒါန်း

က။ ဘုရားသခင့်နိုင်ငံတော်ဝင်စားဖို့ဖိတ်ခေါ်ခြင်း

ခ။ ဘုရားသခင့်နိုင်ငံတော်နှင့်ဆိုင်သော ပို၍နက်နဲသောသစ္စာတရားသွန်သင်ခြင်း၊

 

နိုင်ငံတော်၏နက်နဲသောအရာများ

က။ ရှင်မဿဲ၏အမြင်

၁ထိုနေ့၌ ယေရှုသည် အိမ်ကထွက်၍ အိုင်နားမှာထိုင်နေတော်မူသည်တွင်၊ ၂များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံ၍စုဝေးလျက်ရှိကြသောကြောင့်၊

လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် ကုန်းပေါ်မှာရပ်နေကြ၏။ ၃ထိုအခါ ဥပမာစကားများတို့ကို မြွက်ဆိုတော်မူသည်မှာ၊ စေ့ကြဲသောသူသည်

မျိုးစေ့ကိုကြဲခြင်းငှါ ထွက်သွား၏။ ၄ အစေ့ကိုကြဲ သည်တွင် အချို့သောအစေ့တို့သည် လမ်း၌ကျသဖြင့် ငှက်တို့သည်လာ၍ကောက်စား ကြ၏။

၅ အချို့သောအစေ့တို့သည် မြေနည်း၍ ကျောက်ပေါများသောအရပ်၌ကျသဖြင့်၊ မြေတိမ်သောကြောင့် ချက်ခြင်းအပင်ပေါက်သော်လည်း၊

၆ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ ၇ အချို့သောအစေ့တို့သည် ဆူးပင်တို့တွင်ကျသဖြင့်၊

ဆူးပင်တို့သည်ကြီးပွား၍ ညှဉ်းဆဲကြ၏။ ၈ အချို့သောအစေ့ တို့သည် ကောင်းသောမြေ၌ကျသဖြင့်၊ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆ တရာပွားများ၍

အသီးသီးကြ၏။ ၉ကြားစရာနားရှိသောသူ မည်သည်ကားကြားပါစေဟု မိန့်တော်မူ၏။ ၁၀တပည့်တော်တို့သည် ချဉ်းကပ်လျက်၊ ကိုယ်တော်သည်

အဘယ်ကြောင့်ဥပမာကိုဆောင်၍ ဤလူတို့ အား ဟောပြောတော်မူသနည်းဟု မေးလျှောက်ကြလျှင်၊ ၁၁ကိုယ်တော်က၊ သင်တို့သည်

ကောင်းကင်နိုင်ငံတော်၏နက်နဲသော အရာတို့ကိုသိရသော အခွင့်ရှိကြ၏။ ထိုသူတို့မူကား အခွင့်မရှိကြ၊၁၂ အကြင်သူသည် ရတတ်၏။ ထိုသူ၌

ကြွယ်ဝပြည့်စုံစေခြင်းငှါ ပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏။ ထိုသူ၌ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ၁၃ ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊

အနက်ကိုလည်း နားမလည်သော ကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။၁၄ဟေရှာယဟောဘူးသောအနာဂတ်စကား ဟူမူကား၊ သင်တို့သည် ကြားလျက်ပင်

အနက်ကိုနားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် အာရုံမပြုဘဲမြင်ကြလိမ့်မည်။၁၅ အကြောင်းမူကား၊ ဤလူမျိုးသည် မျက်စိမမြင်၊ နားမကြား၊

စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့ အနာရောဂါကို ငါမငြိမ်းစေရသည်တိုင်အောင်၊ သူတို့စိတ်နှလုံးသည်မိုက်လျက်၊ နားသည်ထိုင်းလျက်၊ ကိုယ်

မျက်စိကိုပိတ်လျက်ရှိကြ၏ဟူ သောစကားသည် ဤလူတို့၌ ပြည့်စုံခြင်းသို့ရောက်သတည်း။ ၁၆သင်တို့မျက်စိသည် မြင်သောကြောင့်မင်္ဂလာရှိ၏။

သင်တို့နားသည်လည်း ကြားသောကြောင့် မင်္ဂလာ ရှိ၏။ တ်ခဲ့သည်။ ရှင်မဿဲ ၁၃း၁-၁၆

၁) ဘုရားသခင်၏ နိုင်ငံတော်

က) အများသောသူအတွက် နက်နဲသေအရာဖြစ်သည်

ခ) ဤသည် အလွယ်စလစ်နားလည်နိုင်သောအရာ မဟုတ်

၂) တပြည့်တော်များ

က) သူတို့သည်သင်ယူဖို့နှင့်ပိုင်းခြားတတ်ဖို့ အထူးအခွင့်အရေးပေးသည်

ခ) သူတို့သည်သင်ယူခြင်းအရာ၌ သစ္စာရှိလျှင်

ဂ) သာ၍ကြီးမားသောအရာတို့ကို အပ်ခြင်းခံမည်

ဃ) သို့သော သစ္စာမရှိလျှင်၊ သူတို့ရှိထားသောပညာပါ ရှုံးဆုံးနိုင်သည်

င) သူတို့သည် အမှန်ပြင်မင်္ဂလာရှိသူဖြစ်သည်

 

ခ။ ရှင်လုကာ၏ အမြင်

၄ များစွာသောလူအပေါင်းတို့သည် မြို့ရွာအရပ်ရပ်တို့မှ အထံတော်သို့လာ၍ စုဝေးလျက်ရှိကြသော အခါ၊ ဥပမာစကားအားဖြင့် မြွက်ဆိုတော်မူသည်မှာ၊

၅ မျိုးစေ့ကြဲသောသူသည် မျိုးစေ့ကိုကြဲ ခြင်းငှါထွက်သွား၏။ အစေ့ကို ကြဲသည်တွင် အချို့သော အစေ့ တို့သည် လမ်း၌ကျသဖြင့် ကျော်နင်းခြင်းကို ခံရ၍

မိုဃ်းကောင်းကင်ငှက်တို့သည် ကောက်စားကြ၏။ 6 အချို့သောအစေ့တို့သည် ကျောက်ပေါ်၌ ကျသဖြင့် အပင်ပေါက်သောအခါ မြေဩဇာမရှိသော ကြောင့်

ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။ ၇ အချို့သောအပင်တို့သည် ဆူးပင်တို့တွင် ကျသဖြင့် ဆူးပင်တို့သည် အတူပေါက်၍ ညှဉ်းဆဲကြ၏။

၈ အချို့သောအစေ့တို့သည် ကောင်းသောမြေ၌ ကျသဖြင့် အပင်ပေါက်၍အဆပွါးများ၍ အသီးသီးကြ ၏ဟု မိန့်တော်မူပြီးမှ၊ ကြားစရာရှိသော သူမည်သည်ကား

ကြားပါစေဟု ကြွေးကြော်တော်မူ၏။ ၉ တပည့်တော်တို့ကလည်း၊ ထိုဥပမာ၏ အနက်အဓိပ္ပါယ်ကား အဘယ်နည်းဟု မေးလျှောက်ကြလျှင်၊ ၁၀ ကိုယ်တော်က၊

သင်တို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲသောအရာတို့ကို သိရသောအခွင့်ရှိကြ ၏။ ကြွင်းသောသူတို့မူကား၊ မြင်လျက်ပင် အာရုံမပြု ဘဲမြင်၍၊

ကြားလျက်ပင်အနက်ကို နားမလည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာအားဖြင့် ဟောရ၏။ ရှင်လုကာ ၈း၄-၁၀

၁) ရှင်လုကာသည် ရှင်မဿဲရေးသားထားသော အရာကို အတည်ပြုသည်၊

၂) သူ၏လေ့လာမှုကိုပို၍ရှင်းလင်းစွာဖော်ပြသည်

က) တပြည့်တော်များ

(၁) သူတို့သည် ဘုရားသခင့်နိုင်ငံတော်၏ နက်နဲခြင်းကို သိနိုင်လိမ့်မည်

(၂) သူတို့၏ ပညာသည် အသီးကိုသီးလိမ့်မည်

ခ) လူထုများ

(၁) ပုံဥဗမာသည် ပုံပြင်တစ်ခုလိုဖြစ်နေမည်

(၂) သူတို့သည် ဘုရားသခင့်နိုင်ငံတော်သည်နားလည်နိုင်မည် မဟုတ်

 

ဓမ္မကြောင်းနှင့်ရှင်းပြခြင်း

၁ညီအစ်ကိုတို့၊ ငါသည်သင်တို့ရှိရာသို့ ရောက်လာသောအခါ၊ ဘုရားသခင်၏ သက်သေချက်ကို ထူးမြတ်သောစကားနှင့် ထူးမြတ်သော ပညာအားဖြင့် သင်တို့အား

ပြသ၍ ရောက်လာသည်မဟုတ်။ ၂ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော သခင်မှတပါး၊ အဘယ်အရာကိုမျှ

သင်တို့တွင် ငါမသိမမှတ်ဟု ငါစိတ် ပြဋ္ဌာန်းခြင်းရှိ၏။ ၃သင်တို့နှင့်အတူ ငါရှိနေသောအခါ၊ အားနည်းခြင်း၊ အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့်တကွ ငါရှိနေ၏။

၄သင်တို့၏ယုံကြည်ခြင်းသည် လူပညာအားဖြင့် မတည်၊ ၅ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် တည်စေ ခြင်းငှါ၊ ငါ့စကား၊ ငါ့ဒေသနာသည် လူပညာနှင့်

ယှဉ်သောဖြားယောင်းသောစကားနှင့်တကွ ရှိသည် မဟုတ်။ ဝိညာဉ်တော်၏နိမိတ်လက္ခဏာ တန်ခိုးတော်နှင့် တကွ ရှိ၏။ ၆ သို့သော်လည်း၊ စုံလင်သော သူတို့အား

ငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကို မဆိုလို။ ပြယ်ပျောက် တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။

၇ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်းအသရေ ဖြစ်စေခြင်းငှါ၊ ဘုရားသခင်စီ ရင်တော်မူသော ပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကို

ငါတို့သည်ပြသကြ၏။ ၈ ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ။ သိလျှင်၊ ဘုန်းကြီးတော်မူသောသခင်ကို လက်ဝါးကပ် တိုင်မှာ မကွပ်မျက်ကြပြီ။

၉ ကျမ်းစာလာ သည်နှင့်အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော် မူသော အရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊

စိတ်နှလုံးဖြင့် မကြံစည်သေး။ ၁၀ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အားဘော်ပြတော်မူ၏။ ဝိညာဉ်တော် သည် ဘုရားသခင်၏

နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသော အရာတို့ကိုစစ်တော်မူ၏။ ၁၁ လူ၏နက်နဲသော အရာကို လူ၌ရှိသော မိမိစိတ် ဝိညာဉ်မှတပါး အဘယ်သူသိသနည်း။

ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ဝိညာဉ်တော်မှ တပါးအဘယ်သူမျှမသိ။ ၁၂ ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။

ဘုရားသခင်ပေးတော်မူသော အရာတို့ကို သိခြင်းအလိုငှါ ဘုရားသခင်ထံမှ ကြွလာသော ဝိညာဉ်ကိုခံရကြပြီ။ ၁ကော ၂း၁-၁၂

က။ ဘုရားသခင်၏ပညာတော်

၁) ဤအရာသည် လူအများအတွက် ဖုံးအုပ်ထားသည် (“နက်နဲသောအရာ”)

၂) ဤသည် နက်နဲသောပညာဖြစ်သည်

၃) အောက်ပါ ပုဂ္ဂိုလ်များတို့၌ဖော်ပြသောအရာဖြစ်သည်၊-

က) ရင့်ကျက်သောသူတို့

ခ) ဘုရားသခင်အား ချစ်သောသူတို့

ခ။ အလုပ်လုပ်သောဘုရားသခင်တန်ခိုးတော်

၁) ယုံကြည်ခြင်း

၂) ဘုရားသခင်၏ဝိညာဉ်တော်

 

နိဒါန်း

က။ အရေးကြီးသော စိန်ခေါ်မှုများ

၁) ယုံကြည်ခြင်းတွေ့ရှိဖို့

၂) ရင့်ကျက်ခြင်း၌ ကြီးထွားဖို့

၃) ဘုရားသခင်အားချစ်ဖို့

ခ။ ရလဒ်များ

၁) ဘုရားသခင်၏ပညာတော်တွေ့ရှိမည်

၂) ဘုရားသခင်၏တန်ခိုးတော်သိရှိလာမည်။