Bethany Independent Presbyterian Church

Myanmar

“ဝိညာဉ်တော်၏ အသီး” ဂလာတိ ၅း ၂၂

“ဝိညာဉ်တော်၏ အသီး” ဂလာတိ ၅း ၂၂

နိဒါန်း

၁။ ဂလာတိအသင်းတော်၌ အဓိကပြသနာကို ရှင်းလင်းခဲ့သည်။

၂။ မှားယွင်းသောဆရာများသည် တဖြည်းဖြည်းလှုပ်ရှားလာခဲ့သည်။

က။ သခင်ယေရှုကိုယုံကြည်ခြင်းသည် လုံလောက်ခြင်းမရှိဟု သွန်သင်ကြသည်။

ခ။ ယုံကြည်သူများသည် ယုဒလူမျိုးများ၏ ထုံတမ်းစဉ်လာများကို လိုက်နာကျင့်သုံးရမည်။

၃။ ရှင်ပေါလု၏ တုန့်ပြန်ချက်။

က။ လျင်မြန်စွာ တုန့်ပြန်သည်။

ခ။ ပြင်းထန်စွာတုန့်ပြန်သည်။

ဂ။ ပြီးမြောက်သည်အထိ အောင်မြင်စွာ တုန့်ပြန်သည်။

ဃ။ ကယ်တင်ခြင်းသည် သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။

 

သခင်ယေရှုခရစ်တော်၌ ငါတို့ရရှိသော ကယ်တင်တော်မူခြင်း

၁။ မှားယွင်းတေသာဆရာများနှင့် သူတို့၏သွန်သင်ချက်များကို လူသိရှင်ကြားရှုတ်ချခြင်း။ဂလာတိ ၁-၂

၂။ တမန်တော်များ၏ ယုံကြည်ခံယူချက်ဖြစ်သော သခင်ယေရှုအားဖြင့်ကယ်တင်ခြင်းကို ကာကွယ်ခြင်း

က။ သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းသို့ရောက်သည်။ ဂလာတိ ၂း ၁၆

ခ။ ဘုရားသခင်၏ကျေးဇူးတော်ကိုယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ခြင်းကိုရ၏။ ဂလာတိ ၂း ၂၀-၂၁

ဂ။ ယုံကြည်ခြင်းအားဖြင့် ဝိညာဉ်တော်ကို ရခြင်း။ ဂလာတိ ၃း ၂

ဃ။ တစ်ပါးအမျိုးသားတို့သည်လည်း ဤကယ်တင်ခြင်းတရား၌ လုံးဝဖြောင့်မတ်ကြ၏။ ဂလာတိ ၃း ၈-၉

၃။ သခင်ယေရှု၌ ငါတို့ကယ်တင်ခြင်း၏ သာလွန်မြင့်မြတ်သော အကျိုးဆက်များ-

က။ ယုံကြည်အားဖြင့် ငါတို့သည် “အာဗြဟံ၏ သား” ဖြစ်ကြ၏။ ဂလာတိ ၃း ၇

ခ။ ယေရှုခရစ်ကိုယုံကြည်အားဖြင့်ငါတို့သည်“ဘုရားသခင်၏သား”ဖြစ်ကြ၏။ဂလာတိ ၃း၁၆

ဂ။ ငါတို့သည် ဝိညာဉ်ရေး၌ အမွေခံများလည်းဖြစ်ကြ၏။ ဂလာတိ ၃း ၂၉

၂၆။ အဘယ်သို့နည်းဟူမူကား၊ သင်တို့အပေါင်းသည် ယေရှုခရစ်ကိုယုံကြည်သဖြင့် ဘုရားသခင်၏ သားဖြစ်ကြ၏။

၂၇။ ခရစ်တော်၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင်သောသူဖြစ်ကြ၏။

၂၈။ ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျာ်းမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းတို့သည် တလုံးတဝတည်းဖြစ်ကြ၏။

၂၉။ ခရစတော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏မျိုးနွှယ်ပင်ဖြစ်၍ ကတိတော်အတိုင်း အမွေခံ၏အရာ၌တည်ကြ၏။ ဂလာတိ ၃း ၂၆-၂၉

 

ဘုရားသခင်၏သားသမီးများပီသစွာ အသက်ရှင်ရန် စိန်ခေါ်ချက်

၁။ အပြစ်နှင့်ဆိုင်သောအရာများကို ချွတ်ပယ်ရန် လိုအပ်ချက်။

၁၉။ ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊

မတရားမှီထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊

၂ဝ။ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊

ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊

၂၁။ သူ့အကျိုးကို ငြူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း။

ထိုသို့သောအကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေမခံရကြဟု

အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ ဂလာတိ ၅း ၁၉-၂၁

က။ ဤအရာများသည် ဇာတိပကတိ၏အကျင့်များဖြစ်ကြ၏။

ခ။ ဤအရာများသည် ချွတ်ပယ်ရမည်ဖြစ်သည်။

ဂ။ သို့မဟုတ်လျှင် ငါတို့အထဲ၌ စိုက်ပျိုးသောအစေ့များသည် ပိတ်ဆို့ကြလိမ့်မည်။

၂။ ဝိညာဉ်အသီးသီးခြင်း၏ ကောင်းချီးမင်္ဂလာ

၂၂။ ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊

၂၃။ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း။ ထိုသ်ု့သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား။

၂၄။ ခရစ်တော်နှင့်စပ်ဆိုင်သာသူတို့သည် ဇာတိပကတိကို၎င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကို၎င်း၊ လက်ဝါးကပ်တိုင်မှာရိုက်ထားကြပြီ။

၂၅။ သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့်အသက်ရှင်လျှင်၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြကုန်အံ့။ ဂလာတိ ၅း ၂၂-၂၅

က။ ပဌမစိန်ခေါ်ချက်သည် သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို တန်ဖိုးထာရန်။

၁။ ငါတို့သည် ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့်အသက်ရှင်သောသူများဖြစ်သည်။

၂။ ငါတို့သည် အသစ်တစ်ဖန်မွေးဖွားခြင်းဖြစ်စေသည်။

၃။ ဘုရားသခင်၏ဝိညာဉ်တော်သည် ယုံကြည်သူများ၏အတွင်း၌ကျိန်းဝပ်၏။

၄။ အသစ်သောအသက်တာရရှိ၏။

ခ။ တခြားစိန်ခေါ်ချက်သည် ဝိညာဉ်ပကတိအားဖြင့် အသက်ရှင်ရန်။

၁။ ဘုရားသခင်၏ဝိညာဉ်တော်သည်

ငါတို့အထဲ၌ရှိကြောင်းသိခြင်းသည်အရေးကြီး၏။

၂။ သူ၏အကူအညီသည် ငါတို့လိုအပ်ကြောင်းပြုစုခြင်းသည်လည်းအရေးကြီး၏။

၃။ သခင်ယေရှုနှင့်ရင်နှီးကျွမ်းဝင်ခြင်းသည် ဉာဏ်ပညာဖြစ်၏။

ဂ။ ဝိညာဉ်တော်၏အလုပ်သည် ရှင်းလင်းစွာ ပေါ်လွင်ထင်ရှားရန်ဖြစ်သည်။

၁။ ဝိညာဉ်တော်သည် ထူူးခြားသောအသီးကို သီးလိမ့်မည်။

၂။ ဤကျမ်းချက်၌ဝိညာဉ်အသီး (၉)မျိုးကိုဖောပြသည်။

၃။ ၎င်းတိုသည် အပြန်အလှန်ဆက်နွယ်နေကြသည်။

၄။ ချစ်ခြင်းမေတ္တာသည် ပဌမနေရာ၌ ဖော်ပြရန် ဦးစားပေးခြင်းခံရသည်။

 

ချစ်ခြင်းမေတ္တာ၏အသီး

၁။ ၎င်းသည် ကောင်းသောရည်ရွယ်ချက်အတွက် ပဌမနေရာ၌ထားခြင်းဖြစ်သည်။

၂။ ဤဟာသည် ရှင်ပေါလုရေးသားသော ၁ ကော ၁၃ နှင့်လုံးဝပြောင်းလဲခြင်းမရှိ။

၃။ သမ္မာတရားသည် အဓိပတိ အရေးကြီးစဉ်တွင်။

၄။ ၎င်းသည် ဝိညာဉ်တော်၏အသီး၌ အလေးထားဖော်ပြရမည်ဖြစ်သည်။

 

နိဂုံး

၁။ ဘုရားသခင်၏ ချစ်မေတ္တာသည် ငါတို့၌သွန်းလောင်း၏။ ရောမ ၅း ၅၊ ၈။

၂။ ငါတို့အတွင်း၌ ဝိညာဉ်တော်၏ ထူးခြားသောအလုပ်လည်းရှိ၏။

၃။ ဘုရားသခင်သည် ငါတို့အပေါ်၌ပြုသမျှသောအမှုတို့ကို တုန့်ပြန်ရန် ရှာကြပါစို့။

၄။ သန့်ရှင်းသောဝိညာဉ်တော်၏အသီးကို သီးရန်ရှာကြပါစို့။