Bethany Independent Presbyterian Church

Myanmar

ဝိညာဉ်တော်၏အသီး – ကျေးဇူးပြုခြင်း ဂလာတိ ၅း၂၂-၂၃၊ ၁ကော ၁၃း၄

ဝိညာဉ်တော်၏အသီး – ကျေးဇူးပြုခြင်း ဂလာတိ ၅း၂၂-၂၃၊ ၁ကော ၁၃း၄



နိဒါန်း

က။ “ကျေးဇူးပြုခြင်း” ဆိုသည်မှာအဘယ်နည်း။ (ဂရိ – ခရိစ်တော့စ်)

၁) အရင်းအမြစ်

က) အရည်အသွေး

ခ) ကျင့်ဝတ်ဆိုင်ရာကိုဖော်ပြသည်

၂) အတွင်းလူ၌တွေ့ရှိရသော အရာ

က) ထင်ရှားသော အမူအကျင့်

ခ) ကောင်းမြတ်ခြင်းတစ်ပါး

ခ။ “ကျေးဇူးပြုခြင်း” နှင့် အဓိပ္ပယ်တူသောစကားလုံး (ဂရိ – ခရိစ်တော်တိစ်)

၁) ကောင်းမြတ်ခြင်း

၂)နှစ်သက်ဖွယ်ဖြစ်ခြင်း

၃) သဘောထားကြီးခြင်း

ဂ။ ဘုရားသခင်၏ ထင်ရှားတော်မူနည်း တစ်ပါး

“ငါတို့ကိုတယ်တင်တော်မူသော အရှင်ဘုရားသခင်၏

စေတနာတော်နှင့် လူတို့ကိုချစ်တော်မူသော မေတ္တာတော်

သည် ပေါ်ထွန်းသောအခါ။” တိတု ၃း၄

 

ပြန်လှန်ခြင်း

“ဝိညာဉ်တော်၏ အကျိုး” ဂလာတိ ၅း၂၂

က။ ချစ်ခြင်း

ခ။ ဝမ်းမြောက်ခြင်း

ဂ။ ငြိမ်သက်ခြင်း

ဃ။ စိတ်ရှည်ခြင်း

 

ဘုရားသခင်၏ ကျေးဇူးပြုခြင်း

က။ ကျေးဇူးပြုခြင်းသည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းတစ်ပါး

၁) ဘုရားသခင်၏ကောင်းမြတ်ခြင်း

“ဘုရားသခင်၏ကျေးဇူးတော်သည် သင့်ကိုနောင်တလမ်းသို့

သွေးဆောင်သည်ကို မသိမမှတ်ဘဲ၊ ကြွယ်ဝစွာကျေးဇူးပြုတော်မူခြင်း၊

သည်းခံတော်မူခြင်း၊ စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။” ရောမ ၂း၄

၂) ဘုရားသခင်၏ “စီရင်တော်မူခြင်းနှင့် ကျေးဇူးတော်”

“သို့ဖြစ်၍၊ လဲသောသူတို့၌ ပြင်းစွာစီရင်တော်မူခြင်းကို၎င်း၊

ကျေးဇူးတော်၌သင်တို့သည်တည်နေလျှင်၊ သင်၌ပြုတော်မူသော

ကျေးဇူးတော်ကို၎င်း၊ ဤနှစ်ပါးကိုအောက်မေ့လော့။” ရောမ ၁၁း၂၂

၃) “ကျေးဇူးတော်” ဆိုသည့်စကားလုံး

ဂလာတိ ၅း၂၂၊ တိတု ၃း၄ ၌ “ကျေးဇူးပြုခြင်း” ဟုဘာသာပြန်သည်။

ခ။ ကျေးဇူးပြုခြင်း နှင့် ကျေးဇူးတော်

“အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါတို့၌ကျေးဇူးပြု၍၊ ကျေးဇူးတော်၏

အလွန်ကြွယ်ဝခြင်းကို နောင်ကပ်ကာလတို့၌ ထင်ရှားစေမည်အကြောင်းဖြစ်သတည်း။” ဧဖက် ၂း၇

၁) ကျေးဇူးတော်၏ အလွန်ကြွယ်ဝခြင်း

၂) ယေရှုခရစ်၌ ဘုရားသခင်၏ကျေးဇူးပြုခြင်း

 

လူသားခြင်း၏ ကျေးဇူးပြုခြင်း

က။ “ဘုရားသခင် အမှုတော်ဆောင်များ” ၏အသက်တာ

“ညှဉ်းဆဲခြင်းခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သော ဘေးဥပဒ်နှင့်တွေ့ခြင်း၊-

အရိုက်အပုတ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတပါးရုန်းရင်းခတ်ပြုခြင်း၊

အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲဆောင့်နေခြင်း၊ မွတ်သိပ်ခြင်းကို

အလွန်သည်းခံလျက်၊- စတ်နှလုံးစင်ကြယ်ခြင်း၊ ပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊

ကျေးဇူးပြုခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်ကိုခံခြင်း၊ ချစ်ယောင်မဆောင်

အမှန်ချစ်ခြင်း၊” ၂ ကော ၆း၄-၆

၁) ညှဉ်းဆဲခြင်းကို သည်းခံသည်

၂) ကောင်းမြတ်ခြင်းများကို ဖော်ပြသည်

ခ။ ယုံကြည်သူတစ်ဦး၏ အသက်တာ

“ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊

သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့၊ သနားစုံမတ်ခြင်း၊

ကျေးဇူးပြုခြင်း၊ စတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စတ်ရှည်ခြင်းတို့ကို

ယူတင်ဝတ်ဆောင်ကြလော့။” ကောလောသဲ ၃း၁၂

၁) ယုံကြည်သူတစ်ဦးကို ဖော်ပြသည်

က) ဘုရားသခင်ရွေးကောက်သောသူ

ခ) သန့်ရှင်းသူ၊ ချစ်အပ်သောသူ

၂) ယုံကြည်သူတစ်ဦး၏အသက်တာ တည်ဆောက်ခြင်း

က) သနားစုံမတ်ခြင်း

ခ) ကျေးဇူးပြုခြင်း

ဂ) နှိမ့်ချခြင်း

ဃ) နူးညံ့သိမ်မွေ့ခြင်း

င) စိတ်ရှည်ခြင်း

 

ကျေးဇူးပြုခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသီးအဖြစ်

“ဝိညာဉ်ပကတိ၏အကျိူးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊

စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊-

နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်ခြင်းပေတည်း။ ထိုသို့သော အကျင့်ကို

အဘယ်တရားမျှမမြင့်တား။” ဂလာတိ ၅း၂၂-၂၃

က။ ကျေးဇူးပြုခြင်း အသီးသီးရန် ဆင်ခြင်ခြင်း

၁) ဘုရားသခင်၏ အပိုင်း

၂) လူ၏အပိုင်း

၃) သန့်ရှင်းသောဝိညာဉ်တော်အပိုင်း

ခ။ ဤအသီးကို မသီခြင်း

၁) အသွေးအသား၏ အလိုလိုက်ခြင်း

၂) ဇာတိသဘောဆောင်ခြင်း

ဂ။ ဤအသီးကိုပျိုးထောင်ခြင်း

၁) လူဟောင်းအကျင့်ကို ချွတ်ပယ်ပါ ကောလောသဲ ၃း၈-၉

၂) မှန်သောပညာအားဖြင့် အသစ်ပြုပြင်သော

လူသစ်ကိုယူတင်ဝတ်ဆောင်ပါ ကောလော ၃း၁၀

၃) လက်တွေ့အကောင်ထည်ဖော်ပါ

“တယောက်၌တယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်း

သည်းခံ၍အပြစ်ကို လွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏

အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတိုပြုကြလော့။- စုံလင်ခြင်း

အဖွဲ့အစည်းတည်းဟိုသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်

ဆောင်ကြလော့။” ကောလောသဲ ၃း၁၃-၁၄

က) သည်းခံခြင်း

ခ) ခွင့်လွှတ်ခြင်း

ဂ) ချစ်ခြင်းမေတ္တာနှင့်ပြည့်သည်

 

နိဂုံး

က။ သန့်ရှင်းသောဝိညာဉ်တော်အကျိုး၏ ကဏ္ဍအသီးသီး

၁) တစ်ခုနှင့်တစ်ခု နီးကပ်ဆက်စပ်သည်

၂) သီးသန့်စီ တည်ဆောက်ဖို့လိုသည်

ခ။ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်

၁) သူ၏အလုပ်သည် အရေးကြီးသည်

၂) သူ၏အလုပ်သည် ထိရောက်မှုရှိသည်

ဂ။ ငါတို့၏အပိုင်း

၁) သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်သည် ငါတို့သိမှတ်သည်၊

၂) သင့်တော်စွာ ငါတို့တုံ့ပြန်သည်။