Bethany Independent Presbyterian Church

Myanmar

ဝိညာဉ်တော်၏အသီး။ ။ ဝမ်းမြောက်ခြင်း ကလာတိ ၅း၂၂-၂၃၊ ယောဟန် ၁၅၊၁၆၊ ဖိလိပ္ပိ

ဝိညာဉ်တော်၏အသီး။ ။ ဝမ်းမြောက်ခြင်း ကလာတိ ၅း၂၂-၂၃၊ ယောဟန် ၁၅၊၁၆၊ ဖိလိပ္ပိ

နိဒါန်း

က။ ဝမ်းမြောက်ခြင်းအတွေ့ကြုံ

၁) လူသား၏သာမန်အတွေ့အကြုံ

က) အောင်မြင်သော အချိန်၌

ခ) ကောင်းကြီးများရရှိချိန်၌

၂) ကြန်အင်လက္ခဏားများ

က) အလိုအလျောက်ဖြစ်ပေါ်လာသည်

ခ) ခဏအတွက်ဖြစ်သည်

ဂ) စစ်မှန်မှုရှိသည်

၃) ကျမ်းစာထဲ၌ ဥဗမာ အများကြီးရှိသည်

က) ပင်လယ်နီကူးသောပြီးသောအခါ ထွက် ၁၅

ခ) ဆုတောင်းခြင်းကို အဖြေရသောအခါ ဆာ ၃၀

“နံနက်ယံ၌ကား၊ သီချင်းဆိုရသောအခွင့်ရှိ၏။” ဆာ ၃၀း၅-ဂ

ခ။ ဝမ်းမြောက်ခြင်း အသီး

၁) ဤအရာသည်လည် ဝမ်းမြောက်ခြင်းအတွေ့အကြုံတစ်ခုဖြစ်သည်

၂) သို့သော် ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏အသီးဖြစ် သောကြောင့်

ထူးခြားမှုရှိသည်

 

၎င်းတရား၏ အရင်းအမြစ်

က။ အမြစ်သည် သခင်ယေရှုခရစ်၏ သွန်သင်ခြင်းများ၌ လိုက်ရှာဖို့လိုသည်

ခ။ အပါးခုနှစ်ဆယ်တို့၏ အမှားပြင်ဖို့လို

၁) သခင်ယေရှုသည် ၇၀ အဖွဲ့အား စေလွှတ်သည် လုကာ ၁၀း၁

၂) သူတို့၏အောင်မြင်ခြင်း၌ ဝမ်းမြောက်ခြင်းရရှိကြသည် လုကာ ၁၀း၁၇

၃) အမှားပြင်ဖို့လိုသည်

က) ခဏတာအတွက် ဝမ်းမြောက်ခြင်း

“နတ်ဆိုးတို့ကို နိုင်ရသောကြောင့်သာ

ဝမ်းမြောက်ခြင်းမရှိကြနှင့်။” လုကာ ၁၀း၂၀-က

ခ) တည်မြဲသော ဝမ်းမြောက်ခြင်း

“သင်တို့၏နာမည်သည် ကောင်းကင်စရင်း၌

ဝင်သည်ကို ဝမ်းမြောက်ခြင်းရှိကြလော့။” လုကာ ၁၀း၂၀-ခ

ဂ။ ဝမ်းနည်းခြင်းကို ဝမ်းမြောက်ခြင်းဖြစ်လာသောအခါ

၁) သခင်ယေရှု ၏သေခြင်း

က) ဤအဖြစ်သည် ဝမ်းနည်းခြင်းဖြစ်စေမည်

ခ) သို့သော် ထိုဝမ်းနည်းခြင်းသည် တည်မြဲမည်မဟုတ်

“ထိုဝမ်းနည်းခြင်းသည် တဖန်ဝမ်းမြောက်ခြင်းဖြစ်လိမ့်မည်။” ယော ၁၆း၂၀-ဂ

၂) သခင်၏ ရှင်ပြန်ထမြောက်-အလည်သွာခြင်း

က) တပည့်တော်တို့အား ပြန်တွေ့ခြင်း

“နောက်တဖန် သင်တို့ကို တွေ့မြင်သဖြင့်…” ယော ၁၆း၂၂-က

ခ) လုယူဖျက်ဆီးမရသော ဝမ်းမြောက်ခြင်း

“သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။

ထိုဝမ်းမြောက်ခြင်းသည် အဘယ်သူမျ လုယူဖျက်ဆီး

ခြင်းငှါမတတ်နိုင်။” ယော ၁၆း၂၂-ခ

၃) ဝမ်းမြောက်ခြင်းအပြည့်

က) ဆုတောင်းခြင်း၌ တွေ့ရှိရန်ဖြစ်သည်

“တောင်းကြလော့…တောင်းလျှင်ရကြလိမ့်မည်။” ယော ၁၆း၂၄-က

ခ) အပြည့်

“ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါ၊” ယော ၁၆း၂၄-ခ

၄) မစိုးရိမ်ကြနှင့်

“သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီ။” ယော ၁၆း၃၃

 

ဝမ်းမြောက်ခြင်းအသီးသီးခြင်း ၏ပုံဥဗမာ

က။ ဒုက္ခဆင်းရဲခြင်းကြား၌ ဝမ်းမြောက်ခြင်း

၁) တမန်တော်ရှင်ပေါလု နှင့် သိလတို့သည် ဖိလိပ္ပထောင်ထဲ၌

၂) သူတို့သည် “ပဋ္ဌနာပြု၍ ဘုရားသခင်ကိုချီးမွမ်းလျက်

သီခြင်းဆိုလေ၏။” တမာန် ၁၆း၂၅

ခ။ ရှင်ပေါလု ၏အသက်တာနှင့်အမှုတာ်၌ ဝမ်းမြောက်ခြင်းအသီး

၁) ဝမ်းမြောက်ခြင်းနှင့်ဆုတောင်းသည် ဖိလိ ၁း၄

၂) အခြေအနေ အသီးသီး၌ ဝမ်းမြောက်သည် ဖိလိ ၁း၁၈

က) လူများက ပေါလုအား ဆန့်ကျင်ကြသည်

ခ) ဆင်းရဲစေဖို့အကြံရှိသည်

၃) အသက်တာ၌ ဝမ်းမြောက်ခြင်း

က) တိုးတက်ခြင်း

ခ) ယုံကြည်ခြင်း၏ ဝမ်းမြောက်ခြင်း ဖိလိ ၁း၂၅

၄) ဝမ်းမြောက်ခြင်းကို ကျင့်သုံးခြင်း

က) သခင်ကြွလာတော်မူသောနေ့ရက်တိုင်အောင် ဝမ်းမြောက်ခြင်း

“ခရစ်တော်၏နေ့ရက်၌ ဝါကြွားဝမ်းမြောက်ခြင်း

ရှိလိမ့်မည်။” ဖိလိ ၂း၁၆

ခ) တပ်တူ ဝမ်းမြောက်ခြင်း

“ငါနှင့်အတူဝမ်းမြောက်ခြင်းရှိကြလော့။” ဖိလိ ၂း၁၈

ဂ) ဘုရားသခင်၌ ဝမ်းမြောက်ခြင်း ဖိလိ ၃း၁၊ ၄း၄

“ဘုရားသခင်၌ အစဉ်ဝမ်းမြောက်ခြင်းရှိကြလော့။

တဖန်ငါဆိုသည်ကား၊ ဝမ်းမြောက်ကြလော့။” ဖလိ ၄း၄

ဃ) ကရုဏာပြသခြင်း၌ ဝမ်းမြောက်ခြင်း

“ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော

စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍၊ ငါသည် သခင်

ဘုရား၌ အလွန်ဝမ်းမြောက်ခြင်းရှိ၏။” ဖိလိ ၄း၁၀

 

နိဂုံး

က။ အသီးဆိုသည်မှာ ကြဲသောမျိုးစေ့မှ အစပြုသည်

၁) မျိုးစေ့

က) နှုတ်ကပတ်တော်

ခ) ယုံကြည်ခြင်းနှင့်နှုတ်ကပတ်တော်အားတု့ံ့ပြန်ခြင်း

၂) အစေ့ကြီးထွားသည်

က) ကောင်းသောမြေ မာကု ၄း၂၀-က

ခ) “တရားစကားကို ကြား၍ ခံယူသဖြင့်၊” မာကု ၄း၂၀-ခ

ဂ) အသီးသီးသည် မာကု ၄း၂၀-ဂ

ခ။ ဘုရားသခင်ဝိညာဉ်တော်၏အလုပ်သည် အဓိကဖြစ်သည်

၁) ငါတို့သည် ဝိညာဉ်တော်နှင့်ပြည့်လို့ရသည်ဧဖက်

၂) ဝိညာဉ်တော်နှင့်ပြည့်ခြင်း၏ ကြံအင်လက္ခဏာများ

က) ဝိညာဉ်တော်နှင့်ဆိုင်သော သီချင်းများနှင့်ပြည့်သည်

“ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျုးိမျိုးတို့ကို

အချင်းချင်းပြောဆိုဘတ်ရွက်၍၊” ဧဖက် ၅း၁၉-က

ခ) နှလုံး၌ကျူးဧ

“နူးညွတ်သောစိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌

ကျူးဧ၍ သီချင်းဆိုကြလော့။” ဧဖက် ၅း၁၉-ခ

ဂ) ကျေးဇူးတော်ချီးမွမ်းခြင်း

“ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏

ဟု…ဝန်ခံကြလော့။” ဧဖက် ၅း၂၀