Bethany Independent Presbyterian Church

Myanmar

ဝိညာဉ်တော်၏အသီး။ ။ ချစ်ခြင်း ကလာတိ ၅း၂၂-၂၃၊ ရှင်ယောဟန် ၁၃-၁၆

ဝိညာဉ်တော်၏အသီး။ ။ ချစ်ခြင်း ကလာတိ ၅း၂၂-၂၃၊ ရှင်ယောဟန် ၁၃-၁၆


နိဒန်း

က။ အသီးသီးခြင်းဆိုင်ရာ ဓမ္မယုံကြည်ချက်

၁) သခင်ယေရှုက အစပြုသည်

၂) မိမိတပည့်တော်များအား နားလည်တတ်ဖို့သင်ပေးခဲ့သည်

ခ။ အသီးသီးခြင်းဆိုင်ရာ အခြေခံအတွေးအခေါ်များ

၁) အသီးဆိုသည်မှာ ထင်ရှားသောလက္ခဏာတစ်ခုဖြစ်သည်

“ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကိုသိကြလိမ့်မည်။” မဿဲ ရး၁၆က

၂) ကောင်းသောအပင်

“ကောင်းသောအပင်သည် ကောင်းသောအသီး…ကိုသီးတတ်၏။” မဿဲ ရး၁၇က

၃) မကောင်းသောအပင်

“မကောင်းသောအပင်သည် မကောင်းသောအသီးကိုသီးတတ်၏။” မဿဲ ရး၁၇ခ

၄) အရေးကြီးသောအရာ ပြန်ပြောခြင်း

“သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကို ထောက်သောသူတို့၏

သဘောကိုသိရကြလိမ့်မည်။” မဿဲ ရး၂၀

 

အသီးသီးခြင်းနှင့်ဆိုင်သော သာ၍နက်နဲသော သင်ခန်းစာများ
ရှင်ယောဟန် ၁၅

က။ စပျစ်ခြံအကြောင်းနှင့် အရေးကြီးသောသရုပ်ဖော်ခြင်း

၁) စပျစ်နွယ်ပင်

သခင်ယေရှုခရစ်တော် ယော ၁၅း၁-က၊ ၅

၂) စပျစ်ဥယျဉ်စောင့်

ခမည်းတော်ဘုရားသခင် ယောဟန် ၁၅း၁-ခ

၃) အခက်များ

ယုံကြည်သူအားလုံး ယောဟန် ၁၅း၅

ခ။ အခက်များအသီးမသီးသောအခါ

က) စပျစ်ဥယျဉ်စောင့်ဖြစ်သော ဘုရားသခင်က ခုတ်ပစ်သည် ယော ၁၅း၂-က

ခ) အခက်သည် ခြောက်သွေ့နိုင်သည် ယော ၁၅း၆-က

ဂ) ဤသည်အပစ်ခံပြီး မီးလောင်ခြင်းသို့ရောက်သည် ယော ၁၅း၆-ခ

ဂ။ အခက်သည် မည်သို့အသီးသီးနည်း

၁) စပျစ်နွယ်ပင်၌တည်ရမည် ယောဟန် ၁၅း၄-က

၂) ကိုယ်အလိုအလျောက်အသီးမသီးနိုင် ယော ၁၅း၄-ခ

ဃ။ မည်သို့အားဖြင့် အခက်သည် ပိုများသောအသီးသီးနည်း

၁) သုတ်သင်ရှင်းလင်းခြင်းအလုပ် ယော ၁၅း၂-ခ

၂) စပျစ်နွယ်ပင်၌တည်ခြင်းအားဖြင့် ယော ၁၅း၅

င။ များစွာသောအသီးသီးခြင်း

၁) နက်နဲစွာတည်ခြင်း

က) သခင်၌တည်ခြင်း

“အကြင်သူသည် ငါ၌တည်၍” ယော ၁၅း၅

ခ) သခင်သည် ယုံကြည်သူ၌ တည်သည်

“ငါသည်လည်း ထိုသူ၌တည်၏” ယော ၁၅း၅

၂) တည်ခြင်း၏ အချက်အလက်များ

က) “ငါ၌တည်နေကြလော့” ယော ၁၅း၄-က

ခ) “ငါ၏စကားသည် သင်တို့၌တည်လျှင်” ယော ၁၅း၇

ဂ) “ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။” ယော ၁၅း၁၀-က

 

မေတ္တ၏အသီး
ကလာတိ ၅း၂၂-၂၃

က။ ဤမေတ္တာကို အနက်ဖွင့်ခြင်း

၁) သာ၍မြတ်သောမေတ္တာမရှိ

“ကိုယ်အဆွေတို့အဘို့အလိုငှါ ကိုယ်အသက်ကိုစွန့်ခြင်း

မေတ္တာထက်သာ၍ မြတ်သော မေတ္တာသည် အဘယ်သူ၌မျှမရှိ။” ယော ၁၅း၁၃

၂) ညွန်းလောင်းသောမေတ္တာ

“ငါတို့အားပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်

ဘုရားသခင်၏ မေတ္တာတော်ကိုငါတို့စိတ်နှလုံးထဲညွန်းလောင်း

တော်မူ၏။” ရောမ ၅း၅

ခ။ အသီးသီးခြင်း အဆင့်ဆင့်

၁) အစပြုခြင်း

“ဝိညာဉ်တော်ကို အမှီပြူ၍ လုပ်စရှိပြီးမှ၊

ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။” ကလာတိ ၃း၃

က) အစပြန်ပြုခြင်းအလုပ် တိတု ၃း၅

ခ) ဒုတိယမွေးဖွားခြင် ယောဟန် ၃း၃

၂) ဝိညာဉ်တော်၏ ဖြည့်စွမ်းပေးခြင်း

က) ဘုရားသခင်းသည် ဝိညာဉ်တော်ကိုပေးသည်

“ဝိညာဉ်တော်ကို သင်တို့အားပေး၍…” ကလာတိ ၃း၅-က

ခ) ဤသည် အထူးအလုပ်ဖြစ်သည်

“ထိုးထွင်းသော ဉာဏ်ကိုသင်တို့အား ပေးပါမည်

အကြောင်း။” ကလာတိ ၁း၁၇

၃) ယုံကြည်ခြင်း

“ငါတို့သည် ကတိတော်နှင့်ယှဉ်သော ဝိညာဉ်တော်ကို

ယုံကြည်ခြင်းအားဖြင့် ခံရကြမည်အကြောင်းတည်း။” ကလာတိ ၃း၁၄-ခ

၄) ဝိညာဉ်ပကတိအတိုင်းကျင့်ခြင်း

“ဝိညာဉ်ပကတိ အတိုင်းကျင့်ကြလော့။” ကလာတိ ၅း၁၆

၅) ဝိညာဉ်တော်၏လမ်းပြခြင်း

“သို့သော်လည်း ဝိညာဉ်ပကတိ အလိုသို့လိုက်လျှင်

ပညတ်တရားနှင့်လွတ်ကြ၏။” ကလာတိ ၅း၁၈

ဂ။ ဝိညာဉ်တော်၏အသီး

၁) ချစ်ခြင်းအသီး

၂) ဘုရားနှင့်ဆိုင်သော အသီး

က) နက်ရှိုင်းသည်

ခ) သန့်ရှင်းသည်

ဂ) အားကြီးသည်

 

နိဂုံး

က။ အသီးသီးသော ယုံကြည်သူဖြစ်ဖို့ စိန်ခေါ်ခြင်း၊

ခ။ ဝိညာဉ်တော်၏အသီးကိုသီးဖို့ ဆက်ကပ်ခြင်း၊

ဂ။ ကြီးမြတ်သော ဤဘုရားသခင်ဝိညာဉ်တော်၏ အလုပ်သည် အစပြုခြင်းလုပ်ဆောင်ခြင်း။