Bethany Independent Presbyterian Church

Myanmar

ဝိညာဉ်တော်သည် ထိုသူပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည် ဟေရှာယ ၁၁

ဝိညာဉ်တော်သည် ထိုသူပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည် ဟေရှာယ ၁၁



နိဒါန်း

က။ အပျိုကညာမှဖွားမြင်မည့် ပရောဖက်ပြုချက်

၂။ အကြီးမြတ်ဆုံးရှင်ဘုရင်အကြောင်း ပရောဖက်ပြုချက်

၃။ လောက၌ ပြသနာများ

က။ ဟေရှာယ၏ ခေတ်၌

ခ။ သခင်ယေရှုခေတ်၌

ဂ။ ယနေ့ခေတ်၌

 

ပရောဖက်ပြုချက်၏ ကယ်တင်ရှင် လက္ခဏာများ

၁ယေရှဲအမျိုးအငုတ်၌အတက်ပေါက်လိမ့်မည်။

သူ၏ အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။

၂ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ပညာနှင့်ဉာဏ်ကိုပေးသောဝိညာဉ်၊

ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ကြောက်ရွံ့ကြည်ညိုခြင်းကိုပေးသော

ဝိညာဉ်တော်သည် ထိုသူပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည်။

၃ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊

မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊ ဟေရှာယ ၁၁း ၁-၃

၁။ ကယ်တင်ရှင်အကြောင်း ပရောဖက်ပြုချက်

က။ ယေရှဲအမျိုးအငုတ်၌

ခ။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်

၁။ နှိမ့်ချစွာ ဖော်ပြခြင်းခံသည်

၂။ ကြီးမားစွာ ဂယက်ရိုက်မှုများ

၂။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သခင်ယေရှုပေါ်မှာကိန်းဝပ်တော်မူခြင်း၏ ပြည့်စုံမှု

က။ ထာဝရဘုရား၏ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကိန်းဝပ်တော်မူလိမ့်မည်

ခ။ ဉာဏ်ဝိညာဉ်

ခ။ ပညာဝိညာဉ်

ဂ။ ကြံစည်တတ်သောဝိညာဉ်

ဃ။ သတ္တိပေးသောဝိညာဉ်

င။ ထာဝရဘုရားကိုသိခြင်းဝိညာဉ်

စ။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း

၃။ ဤအရာများ သခင်ယေရှု၏အသက်တာ၌ ထင်ရှားခြင်း

က။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်

ခ။ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်

ဂ။ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်

၄။ သခင်ယေရှု၏ သက်သေခံချက်

၁၉ ယေရှုကလည်း၊ သင်တို့အားငါအမှန်အကန်ဆိုသည်ကား၊ ခမည်းတော်ပြုတော်မူသော

အမှုကို သားတော်သည်မြင်၍သာပြု၏။ မိမိအလိုအလျောက်ဘယ်အမှုကိုမျှမပြုနိုင်။ ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။

၂၀ ခမည်းတော်သည် သားတော်ကိုချစ်တော်မူ၍ပြုတော်မူသမျှတို့ကို သားတော်အား ပြတော်မူ၏။

သင်တို့သည် အံ့သြဖွယ်ရှိစေခြင်းဌာ ဤမျှမက သာ၍ကြီးစွာသောအမှုတို့ကို သားတော်အားပြတော်မူလိမ့်မည်။

၂၁ ခမည်းတော်သည်သေလွန်သောသူတို့ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသောသူတို့ကို ရှင်စေ၏။

၂၂ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊

၂၃ သားတော်ကိုရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။

တရားစီရင်ခြင်းအခွင့်ရှိသမျှကိုသားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသောသူသည်ကား၊

သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။ ယောဟန် ၅း ၁၉-၂၃

က။ သူသည် ခမည်းတော်ပြုသောအမှုကို၍ ထိုနည်းတူ သူလည်းပြုသည်

ခ။ ခမည်းတော်ပြုသမျှတို့ကို သားတော်အားပြ၏

ဂ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သခင်ယေရှုအားအပ်ပေးတော်မူ၏

ဃ။ လူအပေါင်းတို့သည် သားတော်ကို ရိုသေရမည်

 

သခင်ယေရှုခရစ်၏ အုပ်စိုးခြင်း

၄ ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။

မြေကြီးကို နှုတ်ကပတ်တော်လှံတံနှင့်ဒဏ်ခတ်၍၊ ဆိုးသောသူတို့ကို နှုတ်ခမ်းထွက်သက်နှင့်ကွပ်မျက်လိမ့်မည်။

၅ တရားနှင့်သစ္စာသည် သူ၏ခါပန်းခါစည်းဖြစ်လိမ့်မည်။ ဟေရှာယ ၁၁း ၄-၅

၁။ တရားသဖြင့်စီရင်လိမ့်မည်

က။ ဆင်းရဲသားတို့၏အမှုကိုဂရုစိုက်သည်

ခ။ နှိမ့်ချသောမြေကြီးသားတို့ဘက်၌ တရားစီရင်မည်

၂။ မြေကြီးကို နှုတ်ကပတ်တော်လှံတံနှင့်ဒဏ်ခတ်လိမ့်မည်

က။ သူ၌အခွင့်အာဏာရှိသည်

ခ။ သူသည် ဆိုးသောသူတို့ကို ကွပ်မျက်လိမ့်မည်

၃။ အပြောင်းလဲမရှိ မှတ်ချက် (၂)ခု

က။ ဖြောင့်မတ်ခြင်း

ခ။ သစ္စာရှိခြင်း

ဂ။ အမြဲတမ်းရှိနေဖို့ဖြစ်သည်

 

နိဂုံး

၁။ လောကက သခင်ယေရှု၏ အုပ်စိုးခြင်းလိုအပ်သည်

က။ ဖရိုဖရဲဖြစ်ခြင်း

ခ။ အကျင့်စာရိတ္တပျက်ပြားခြင်း

ဂ။ သုတ်သင်ရှင်းခြင်းလိုအပ်သည်

၂။ သူ့အုပ်စိုးခြင်း၏ သွင်ပြင်လက္ခဏာများ

က။ တစ်ဦးချင်းပေါ် အုပ်စိုးခြင်း

ခ။ ဘုရားသခင်၏အကြံစည်တော်၌ အသင်းတော်၏အခန်းကဏ္ဍ

ဂ။ နှစ်တစ်ထောင်အုပ်ချုပ်ခြင်း ကတိတော်