Bethany Independent Presbyterian Church

Myanmar

ဝိညာဉ်တော်ကိုရသောသူ ဝတ်ပြုရာကျမ်း ၂၇

ဝိညာဉ်တော်ကိုရသောသူ ဝတ်ပြုရာကျမ်း ၂၇


နိဒါန်း

၁။ လူတစ်ဦးအပေါ်၌ဝိညာဉ်တော်၏အလုပ်

က) အထူး

ခ)တိကျသော

ဂ) ထူခြားစွာ

၂။ တွေမြင်ဖို့စိန်ခေါ်ချက်

က) တစ်ဦးအပေါ်ဘယ်လိုပြည့်လာသလဲ။

ခ) အဘယ်သို့ထူးခြားမှုပြုလာမလဲ။

 

ပြောင်မြောက်သောဘုရားရှင်၏ကျွန်မောရှေ

4 ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ၊

အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။

5 ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ် လျက်၊

အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။

6 ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊

ငါထာဝရဘုရားသည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။

7 အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ်။

8 သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကား အားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည်။

သူသည် ထာဝရဘုရား၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့်

အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက်၊ တောလည်ရာ ၁၂း၄-၈

၁။ ဘုရားရှင်၏ပရောဖက်

က) ဘုရားသခင်၏ အထူးအစေခံ

ခ) အိပ်မက်နှင် ရုပါရုံအားဖြင်ဘုရာရှင်ကစကားပြောသည်။

၂။ မောရှေသည်သီးသန့် ထူးမြတ်သောသူဖြစ်သည်။

က) သူသည် ဘုရားရှင်၏ ကျွန်အဖြစ် အခေါ်ခံသည်။

ခ) သို့သော်လည်း ထူးခြားမှုရှိသည်။

၁) ဖြောင့်မတ်သောသူဟု အခေါ်ခံသည်။

၂) မျက်နှာချင်းဆိုင်ဘုရားရှင်ကစကားပြောသည်။

၃) သူ့ထံဘုရားသခင်က ရှင်းလင်းစွာစကားပြောသည်။

၄) ခက်ခဲသောစကားမသုံးခဲ့ပါ။

၅)ဘုရာရှင်၏သဏ္ဍာန်ကိုမြင်ခဲ့သည်။

 

မောရှေကိုဆက်ခံသောယောရူ

15-17 မောရှေကလည်း၊ ထာဝရဘုရား၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို့၏

အသက်ဝိညာဉ်ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ ထုတ်ခြင်း၊

အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ၏။

18 ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သား ယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ် မှာတင်လော့။

19 ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အ ပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။

20 ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏ စကားကို နားထောင်မည်အကြောင်း၊ သင်၏ ဘုန်း အသရေအချို့ကို သူ့အပေါ်၌ တင်ထားလော့။

21-23 ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊

သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည်

မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊

ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊ တောလည်ရာကျမ်း ၂ရး၁၅-၂၃

၁။မောရှေ၏တောင်းဆိုချက်

က) ပရိတ်သတ်အပေါ် ဘုရားရှင်က လူတစ်ယောက်ခန့်ပေးရန် တော ၂ရး၁၆

ခ) သူက ပရိတ်သတ်ကိုဦးဆောင်ရန်

ဂ) သိုးစုအတွက်သိုးထိန်းဖြစ်ရန်

၂။ ဘုရားသခင်၏တုန့်ပြန်မှု

က) နုန်၏သားယောရှုကို ခေါ်ယူရန် တော ၂ရး ၁၈ က

ခ) ဝိညာဉ်တော်ရှိသောသူ တော ၂ရး ၁၈ခ

ဂ) သုူ့အပေါ်မှာလက်တင်ပေးပါ တော ၂ရး ၁၈ ဂ

၃။ ခေါင်းဆောင်မှု ၏တာဝန်ဝတ္တရား

က) သူမျက်မှောက်၌ချပြထားသည်။

၁) ယဇ်ပရောဟိတ် ဧလာရာ

၂) ပရိသတ်များ

ခ) ရာထူးခန့်အပ်သည်။

၁) သူ့ကို အခွင့်အာဏာ အခိူ့အပ်နှင့်ရမည်။

၂) ပရိသတ်ကသူ့ကို နာခံလိမ့်မည်။

ဂ) အတည်ပြုခြင်း

၁) ယဇ်ပရောဟိတ် ဧလိရာရှေ့မှာရပ်ရမည် တော ၂ရး ၂၁က

၂) ဘုရားသခင်ကိုမေးမြန်းရမည် တော ၂ရး ၂၁ ခ

ဃ) ခိုင်းသည့်အတိုင်း ယောရှုကို ခန့်ထားသည်။

၁)မောရှေက ထာဝရဘုရားကိုနာခံသည်။

၂) ယောရူကသူ့ကို ဆက်ခံလိမ့်မည်။

 

ယောရူအတွက်မှာတမ်းစကား

1 ထာဝရဘုရား၏ ကျွန်မောရှေသည် အနိစ္စ ရောက်သောနောက်၊ မောရှေလက်ထောက်၊ နုန်၏သား ယောရှုအား ထာဝရဘုရားက၊

2 ငါ၏ကျွန်မောရှေသည် အနိစ္စရောက်လေပြီ။ သို့ဖြစ်၍၊ သင်နှင့် သင်၌ပါသော ဤလူအပေါင်းတို့သည် ယခုထ၍

ယော်ဒန်မြစ်တဘက်သို့ ကူးကြလော့။ ဣသရေ လအမျိုးသားတို့အား ငါပေးသောပြည်ကို ဝင်စားကြလော့။

3 မောရှေအား ငါဂတိရှိသည်အတိုင်း သင်တို့နင်း သမျှသောမြေကို သင်တို့အား ငါပေးမည်။

4 တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင် ၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တရှောက်လုံး ပါလျက်၊

နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်၎င်း၊ သင်တို့နယ် အပိုင်းအခြားဖြစ်ရမည်။

5 သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။

မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကိုပစ်၍မထား။

6 အားယူ၍ ရဲရင့်ခြင်းရှိလော့။ ဘိုးဘေးတို့အား ပေးမည်ဟု ငါကျိန်ဆိုသောပြည်ကို သင်သည် ဤလူတို့ အားဝေ၍ အမွေပေးရမည်။

7 သို့ဖြစ်၍ ငါ၏ကျွန်မောရှေ မှာထားသော တရားအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းငှါ အားယူ ၍ အလွန်ရဲရင့်ခြင်းရှိလော့။

ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်း ထိုတရားလမ်းသို့ လိုက်လော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့ မလွှဲနှင့်။

8 ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့် မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ် မရွတ်ဘဲမနေ၊

နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့် မည်။

9 သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။

သွား လေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့်တော်မူ၏။ ယောရူ ၁း ၁-၉

၁။ ထာဝရဘုရား၏ အထူးကတိ

5 သင့်အသက်တည်သည် ကာလပတ်လုံး သင့်ရှေ့ မှာ အဘယ်သူမျှမခံမရပ်နိုင်ရာ။

မောရှေနှင့်အတူ ငါရှိ သကဲ့သို့ သင်နှင့်အတူ ငါရှိလိမ့်မည်။ ငါသည် သင့်ကို မစွန့်၊ သင့်ကိုပစ်၍မထား။

၂။ ယောရူအတွက် အရေးကြီးသော စကား

က) ရဲရင့်၍အားယူလော့

ခ) ပညတ္တိကျမ်းစာကို နေ့ညမပြတ်နှလုံးသွင်းလော့။

ဂ) အောင်မြင်ခြင်းကိုပေးလိမ့်မည်။

 

နိဂုံး

၁။ ဝိညာဉ်တော်နှင့်ပြည့်ဖို့ ရှာဖို့ရန်စိန်ခေါ်ခြင်း

၂။ ဘုရားရှင်၏စကားကို သိဖို့ရန် မိန့်မှာခြင်း

၃။ ခွန်အားနှင် ရဲရင့်ခြင်း ကို ရှာတွေ့ပြီး ခေါင်းဆောင်မှုအတွက် ကျင့်သုံးရန်။