Bethany Independent Presbyterian Church

Myanmar

လူသား ဟေဗြဲ ၂း ၁- ၉

လူသား ဟေဗြဲ ၂း ၁- ၉



နိဒါန်း

၁။ “လူသား” ဟူသော စကားစုဟာ အလွန်ခရုစိုက် လေ့လာ သင့်သည်

၂။ လေးနက်သော အရာဖြစ်သည်

၃။ စိတ်လှူပ်ရှားဖွယ်ကောင်းသည်

 

ဘုရားသခင်၏ ဖန်ဆင်းသော လူသား

6 ကျမ်းစာတချက်၌ တယောက်သောသူက၊ လူသည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။

လူသားသည် အဘယ်သို့သောသူ ဖြစ်၍ အကြည့်အရှုကြွလာတော်မူရသနည်း။

7 သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ် နှိမ့်တော်မူပြီ။

သူ၏ခေါင်းကို ဘုန်းအသရေနှင့် ပတ်ရစ်တော်မူပြီ။ ဖန်ဆင်းတော်မူသောအရာများကို အုပ်စိုးစေ၍၊ ဟေဗြဲ ၂း ၆-၇

၁။ ဒီကျမ်းပုဒ်သည် ဆာလံ ၈ မှ ကူးကားခြင်းဖြစ်သည်။

၂။ အခြေခံ ဓမ္မနည်းကျ မာနူသာ ဗေဒ

က။ လူ ဆိုတာ ဘာဘဲ။

ခ။ သူသည် မြေမှုန့်ဖြင့် ဖန်ဆင်းထားသည်။

7 ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊

သူ၏ နှာခေါင်း ထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သောသတ္တဝါဖြစ်လေ၏။ ကမ္ဘာဦးကျမ်း ၂း ၇

ဂ။ သူသည် ကောင်းကင်တမန်ထက် အနည်းငယ် နိမ့်ချသည်။

ဃ။ ဒါပေမယ့် သူသည် ဘုရားသခင်၏ ဖန်ဆင်းခြင်းအပေါ် အုပ်စီုးရန် တာဝန်ရှိသည်။

26 တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊

သားယဉ်တို့ကို၎င်း၊ မြေတပြင်လုံးနှင့်တကွ၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။

27 ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်၊

28 အချင်းတို့ များပြားစွာမွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ငှက်တို့ကို၎င်း၊

အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကို၎င်း အုပ်စိုးကြလော့ဟုမိန့်တော်မူ၍၊

သူတို့ကိုကောင်းကြီးပေးတော်မူ၏။ ကမ္ဘာဦးကျမ်း ၁း ၂၆-၂၈

 

ယေရှု ခရစ်တော်သည် လူသား

8 ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီဟု သက်သေခံသတည်း။ ခပ်သိမ်းသော အရာတို့ကို ချထားတော်မူ၏ဟုဆိုသော်၊

မချမထားဘဲ ကျန်ရစ်သောအရာတစုံတခုမျှ မရှိရ။ ယခုမူကား၊ ခပ်သိမ်းသောအရာတို့သည် ချထားလျက်ရှိသည်ကို ငါတို့ မမြင်ရကြသေး။

9 ယေရှုသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် လူအပေါင်းတို့အတွက်ကြောင့် အသေခံရသော အခွင့်ရှိစေခြင်းငှါ၊ ကောင်းကင်တမန်တို့အောက်၌

အနည်းငယ်နှိမ့်ပြီးမှ၊ အသေခံရသောကြောင့် ခေါင်းတော်၌ ဘုန်းအသရေ ပတ်ရစ်လျက်ရှိသည်ကို ငါတို့ မြင်ကြ၏။ ဟေဗြဲ ၂း ၈-၉

၁။ သခင်ယေရှုသည် လူ့ဇာတိခံယူသော နုတ်ကပတ်တော် ဖြစ်သည်။

14 နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်၎င်း၊ သစ္စာတော်နှင့်၎င်း ပြည့်စုံလျက် ငါတို့တွင်တည်နေတော်မူသည်ဖြစ်၍၊

ခမည်းတော်၌တပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ ယောဟန် ၁း ၁၄

၂။ သခင်ယေရှုအား လူသား ဖြစ်စေခြင်း၌ ဘုရားသခင်၏ ရည်ရွယ်ချက်

က။ ကောင်းကင်တမန်များထက် အနည်းငယ်နိမ့်ချစေသည်။

ခ။ သေခြင်းတရား ရင်ဆိုင်ဖို့ရန်။

ဂ။ ဘုန်းကြီးခြင်း သရဖူ ပေးသည်။

ဃ။ လူသားအားလုံးအတွက် သေခြင်းကို ရင်ဆိုင်သည်။

 

သခင် ယေရှုသည် လူသားအဖြစ် အလွန်ချီးကျူးခြင်း

5 ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။ 6 ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊

ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊ 7 မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊

လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ 8 ထိုသို့ လူ၏ဂုဏ်အင်္ဂါ လက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊

လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။ 9 ထို့ကြောင့် ဘုရားသခင်သည်

ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ် သော ဘွဲ့နာမကို ပေးသနားတော်မူ၏။

10 အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော

သတ္တဝါ တည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊

11 ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏

ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။ ဖိလိပ္ပိ ၂း ၅-၁၁

၁။ သခင် ယေရှုသည် သူ၏ လူသားဖြစ်ခြင်းကို ကျင့်ဆောင်နည်း။

က။ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်

ခ။ သို့သော် လူသား အနေဖြင့်

၁။ မိမိအသရေကိုစွန့်၍

၂။ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်ခဲ့သည်

၃။ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏

၄။ အသေခံခြင်းတိုင်အောင် နာခံခဲ့သည်။

၂။ ဘုရားသခင်၏ တုန့်ပြန်ခြင်း

က။ ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်ခဲ့သည်။

ခ။ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။

ဂ။ ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်လိမ့်မည်။

၁။ ဆန္ဒအပြည့်နှင့် အပ်နှံခြင်း

၂။ အမိန့်တော်နှင့်အညီ လုပ်ဆောင်ခြင်းအားဖြင့်

 

နိဂိုး

၁။ လူဇာတိခံယူသော သခင်ယေရှုအား တန်ဖိုးထားတက်ခြင်း

က။ သူသည် ကောင်းကင်၏ ဘုန်းအာနုဘော်အား စွန့်လွှတ်သည်

ခ။ ခမည်းတော်၏ လူသားအတွက် ကယ်တင်ခြင်း အကြံအစည်ကို ပြည့်စုံစေသည်

၂။ သခင် ယေရှုအား အသည်းစွဲခြင်း။

က။ မိမိတို့၏ ပုံ ဥပမာ အနေဖြင့်

ခ။ မိမိတို့၏ ကယ်တင်ရှင် အနေဖြင့်

ဂ။ မိမိတို့၏ သခင် ကိုယ်တော် အနေဖြင့်