Bethany Independent Presbyterian Church

Myanmar

“လူသားကြွလာတော်မူခြင်း” မဿဲ ၂၄း၂၉-၃၁

“လူသားကြွလာတော်မူခြင်း” မဿဲ ၂၄း၂၉-၃၁



နိဒါန်း

က။ လူသားပထမ အကြိမ် ကြွလာခြင်း

၁) ကျွန်တော်တို့၏ တယ်တင်ရှင်ဖြစ်ဖို့ သခင်ယေရှုကြွမြန်းခဲ့သည်

၂) ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ဖို့ လူတိုင်းတို့အား တရားဟောပြီး ဖိတ်ခေါ်ခဲ့သည်

၃) ဘုရားသခင်၏ နိုင်ငံတော် တန်ခိုးကိုပြသခဲ့သည်

က) တရားဟောခြင်း/သွန်သင်ပေးခြင်းအားဖြင့်

ခ) အနာရောဂါငြိမ်းစေခြင်းအားဖြင့်

ဂ) နတ်ဆိုးတို့ကို နှင်ထုတ်ခြင်းအားဖြင့်

ခ။ သခင်ယေရှုခရစ် ဒုတိယကြိမ်ကြွလာခြင်း

၁) ဤသည် သတိကြီးစွာသင်ပေးခဲ့သည်

၂) ဥပမာများ အသုံးပြုခဲ့သည်

၃) တိုက်ရိုက်သွန်သင်ခြင်းကိုလည်း ပေးခဲ့သည်

 

တပည့်တော်တို့၏ မေးခွန်းများ

၃ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါ ဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊

ကိုယ်တော်သည် ကြွလာ ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိ တော်မူပါဟု လျှောက်ကြ၏။ မဿဲ ၂၄း၃

က။ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်နည်း

၁) ဗိမာန်တော် ဖျက်စီးခြင်းနှင့်ဆိုင်သော မေးခွန်း

၂) ဘယ်ကာလမှာ ဖြစ်မည်နည်း

၃) ရောမက ဗိမာန်တော်သည် AD ၇၀ ၌ဖျက်စီးသည်

ခ။ ကိုယ်တော်သည် ကြွလာသည့် ပုပ္ပနိမိတ်သည် အဘယ်နည်း

၁) တပည့်တော်တို့သည် ဒုတိယကြွလာခြင်းကို ယုံကြည်သည်

၂) ကိုယ်တော်ကြွလာခြင်း နှင့်ဆိုင်သော နိမိတ်ရှိမည်

ဂ။ ကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်နည်း

၁) တပည့်တော်တို့သည် “ကာလကုန်ခြင်း” ကို ယုံကြည်ကြသည်

၂) သို့သော် ဤအကြောင်းနှင့်ဆိုင်သော နက်နဲသော ပညာမရှိကြပါ

 

ဒုတိယကြွလာခြင်းနှင့်ဆိုင်သောသခင်ယေရှု၏ ဖြေဆိုမှု

၂၉ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက် ရုတ်ခနဲ နေသည်မိုက်လိမ့်မည်။ လသည် အရောင်ကိုမပေး။

ကြယ်တို့သည် ကောင်းကင်မှ ကျကြလိမ့်မည်။ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။

၃၀ ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊

လူသားသည်ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။

၃၁ လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူသဖြင့်၊ သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊

ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြလတံ့။ မဿဲ ၂၄း၂၉-၃၁

က။ ဘေးဒဏ်ကြီးကာလ နှင့်ဆိုင်သော သတိပေးခြင်း မဿဲ ၂၄း၁၅-၂၈

၁) ကြီးမားသော ဒုက္ခ

၂) နှိပ်စက်ညှဉ်းပန်းခြင်း

၃) အဆုံးထိတည်ခြင်းသည် စိန်ခေါ်ချက်ဖြစ်သည်

ခ။ ကောင်းကင်ယံ၌ အထူးနိမိတ်များ မဿဲ ၂၄း၂၉

၁) နေမင်းကြီးသည် မှောင်လိမ့်မည်

၂) လမင်းကြီးသည်လည်း အလင်းပေးမည် မဟုတ်

၃) ကြယ်များလည်းကြွေကျမည်

၄) ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်

၅) ဤအဖြစ်အပြတ်သည် စစ်မှန်သည်၊-

က) ကြီးမားသော ဘုရားသခင်၏တန်ခိုးတော်

ခ) ကိုယ်တော်ဘုရား၏ အာဏာတော်

ဤအဖြစ်သည် ကပ်ဆိုးဖြစ်ရပ်ဖြစ်မည်။

ဂ။ လူသား၏နိမိတ် မဿဲ ၂၄း၃၀

၁) ကိုယ်တော်ကောင်းကင်၌ ထင်ရှားမည်

၂) ကမ္ဘာပေါ်ရှိ သူမျုးိတကာတို့သည် ငိုကြွေးမည်

၃) လူသားသည်ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်

၄) ကိုယ်တော်၏ ဒုတိယကြွလာခြင်းသည် ပထမကြွလာခြင်းနှင့်ခြားနားမည်

ဃ။ ကောင်းကင်တမန်တို့၏ အမှုတော်မြတ် မဿဲ ၂၄း၃၁

၁) လူသားသည် မိမိတမန်တို့ကိုစေလွှတ်၍ တံပိုးခရာကိုပြင်းစွာမှုတ်စေတော်မူမည်

၂) သူတို့သည် ရွေး ချယ်တော်မူသောသူတို့ကို အရပ်လေးမျက်နှာ၊ ကောင်းကင်အောက်

ထက်ဝန်းကျင်တို့မှ ခေါ်၍စုရုံးကြမည်

၃) ဂရုစိုက်သောအချက်။ ။ ဘုရားသခင်ရွေးချယ်တော်မူသောသူ

က) ကမ္ဘာ့အရပ်လေးမျက်နှာမှ

ခ) ကောင်းကင်အောက် ထက်ဝန်းကျင်တို့မှ

 

သခင်ယေရှုပြန်လာခြင်းကို ဖော်ပြသည်

၁၃ ညီအစ်ကိုတို့၊ မြော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့၊ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း၊

အိပ်ပျော်သော သူတို့၏ အမှုအရာကို မသိဘဲနေစေခြင်းငှါ ငါတို့အလိုမရှိ၊

၁၄ယေရှုသည် သေပြီးမှ တဖန်ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ

ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူ လိမ့်မည်။

၁၅ သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသော အခါ၊

အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦးနေရာ ကျရကြ မည်မဟုတ်။

၁၆ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊

ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။

၁၇ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊

ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။

၁၈ သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တယောက်ကိုတယောက် သက်သာစေကြ လော့။ ၁ သက် ၄း၁၃-၁၈

က။ ယုံကြည်ခြင်း နှင့် မျှော်လင့်ခြင်း ကြေညာချက်

ခ။ သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏

တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူမည်

ဂ။ သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်

 

နိဂုံး

က။ ဤသမ္မာတရားမှ ကြီးမားသော နှစ်သိမ့်ခြင်းရယူနိုင်သည်

ခ။ သခင်ယေရှု၌ ယုံကြည်ခြင်းကို နက်ရှိုင်းစေကြပါစို့

ဂ။ သခင်ယေရှုခရစ်၏ ဒုတိယကြိမ်ကြွလာခြင်းကို မျှော်လင့်ကြပါစို့။