Bethany Independent Presbyterian Church

Myanmar

“လူဆိုးနှင့်ဖြောင့်မတ်သောသူ ဆန့်ကျင်ဖက်” ဆာ ၃၇

“လူဆိုးနှင့်ဖြောင့်မတ်သောသူ ဆန့်ကျင်ဖက်” ဆာ ၃၇



နိဒါန်း

က။ ယေဘုယျ ဆန့်ကျင်ဘက်သဘော

၁) လူဆိုးနှင့် ဖြောင့်မတ်သောသူ

၂) ဤသဘောသည် ဆာလံ ၃၇ ၌တွေ့ရသည်

ခ။ တိကျသော ဆန့်ကျင်ဖက်သဘော

၁) ဆာလံ ၃၇၌ တိကျသော ဆန့်ကျင်ဖက်သဘောဖော်ပြသည်

၂) တချို့သောအရာသည် သတိကြီးစွာဖော်ပြသည်

 

ပြည်တော်ကို အမွေခံခြင်း

9 ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည်။ ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊

ပြည်တော်ကို အမွေခံရကြလိမ့်မည်။ 10 ခဏကြာပြီးမှ၊ မတရားသောသူသည်မရှိရ။ သူ၏နေရာကိုစေ့စေ့ရှာ၍မတွေ့ရ။

11 စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍၊ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ လိမ့်မည်။ ဆာလံ ၃ရး၉-၁၁

က။ ပြစ်မှားသောသူ/လူဆိုးတို့

၁) ပြည်တော်ကို အမွေခံမည်ဟုထင်ထားသည်

၂) သူတို့သည် “နည်းပရိယယ်” ရှိသည်

က) ချမ်းသာကြွယ်စမှု

ခ) တန်ခိုးအားနာ

ဂ) ပစ္စည်းဥစ္စာကို ဝယ်ဖို့ ရန်လိုအပ်သောငွေ/ပစ္စည်း

၃) သို့သော အမှန်တရားသည် တခြားစီဖြစ်သည်

က) သူတို့သည် “ပယ်ရှင်းခြင်းခံသည်” ဆာ ၃ရး၉-က

ခ) သူတို့သည် “မရှိရ” ဆာ ၃ရး၁၀-က

ဂ) အသက်သည် ဘုရားသခင်၏ တန်ခိုးအောက်၌ရှိသည်!

ခ။ စိတ်နှိမ့်ချသောသူ

၁)သူတို့သည် ထာဝရဘုရားအားခိုလှုံသည် ဆာ ၃ရး၉-ခ

၂) သူတို့သည်များပြားသော ငြိမ်သက်ခြင်း ၌မွေ့လျော်သည် ဆာ ၃ရး၁၁-ခ

၃) သူတို့သည် ပြည်တော်ကို အမွေခံမည် ဆာ ၃ရး၉-ဂ၊ ၁၁-က

ဖြောင့်မတ်သောသူတို့အား မစခြင်း

၁၂ မတရားသောသူသည် ဖြောင့်မတ်သော သူတဘက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။

၁၃သို့သော်လည်း သူ၏ နေ့ရက်အချိန်ရောက်မည် ကို ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။

၁၄ မတရားသောသူတို့သည် ဆင်းရဲငတ်မွတ်သော သူတို့ကို လှဲချခြင်းငှါ၎င်း၊ ဖြောင့်မတ်စွာကျင့်သော

သူတို့ကိုသတ်ခြင်းငှါ၎င်း၊ ထားကိုထုတ်လျက်၊ လေးကို တင်လျက် နေတတ်ကြ၏။

၁၅သို့သော်လည်း၊ သူတို့ထားသည် သူတို့နှလုံးထဲသို့ ဝင်လိမ့်မည်။ သူတို့လေးတို့သည်လည်း ကျိုးကြလိမ့်မည်။

၁၆ ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက် သာ၍ကျေးဇူးရှိ၏။

၁၇အကြောင်းမူကား၊ မတရားသောသူ၏လက်ရုံး သည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သောသူကိုကား၊ ထာဝရ ဘုရားမစတော်မူ၏။

က။ လူဆိုးတို့၏ အကြံအစည်များ

၁) ဖြောင့်မတ်သောသူအား ကြံစည်သည် ဆာ ၃ရး၁၂-က

၂) ဖြောင့်မတ်သောသူကို အံသွားကြိတ်သည် ဆာ ၃ရး၁၂-ခ

၃) ဆင်းရဲငတ်မွတ်သောသူတို့ကို ဆန့်ကျင်၍

ထားနှင့်လေးကိုထုတ်သည် ဆာ ၃ရး၁၄-က

က) ထား

ခ) လေး

၄)ဖြောင့်မတ်သောသူကို သတ်ဖို့ရှာသည် ဆာ ၃ရး၁၄-ခ

ခ။ အဖြစ်မှန်

၁) သူတို့၏အကြံအစည် မအောင်မြင်

၂) ကိုယ့်ကိုကိုယ် ထိမိကြသည်

၃) လူဆိုးတို့၏ လက်တို့သည် ကျိုးရလိမ့်မည် ဆာ ၃ရး၁၇-က

ဂ။ ထာဝရဘုရားသင် ၏ အမြင်နှင့်အကြံအစည်တော်

၁) လူဆိုးတို့အား ပြုံးရယ်သည် ဆာ ၃ရး၁၃-က

၂) သူတို့၏နေ့ရက်အချိန်ကိုသိသည် ဆာ ၃ရး၁၃-ခ

ဃ။ ကိုယ်တော်သည် ဖြောင့်မတ်သောသူတို့အား ကောင်းကြီးပေးသည်

၁) ဖြောင့်မတ်သောသူအား ကိုယ်တော်မစသည် ဆာ ၃ရး၁၇-ခ

၂) ဖြောင့်မတ်သောသူတို့သည် များစွာမရတတ်ကြ

၃) သို့သော် သူ၏နည်းငယ်သောအရာသည်

လူဆိုးတို့၏များစွာသော ချမ်းသာခြင်းထက်

သာ၍ကောင်းသည် ဆာ ၃ရး၁၆

 

ကောင်းကြီးမင်္ဂလာနှင့် အမင်္ဂလာ

၁၈ဖြောင့်မတ်သောသူတို့၏ နေ့ရက်ကာလကို ထာဝရဘုရားသိမှတ်တော်မူ၍၊ သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်။

၁၉သူတို့သည် ခဲယဉ်းသောကာလ၌ မျက်နှာမပျက်၊ အစာခေါင်းပါးသည်ကာလ၌ ဝစွာစားရကြ၏။

၂၀မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြမည်။ ထာဝရဘုရား၏

ရန်သူတို့သည် ကျက်စားရာအရပ်၏အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။

၂၁ မတရားသောသူသည် ချေးငှါး၍ မဆပ်ဘဲ နေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ သနားသော စိတ်ရှိ၍ ပေးတတ်၏။

၂၂ ကောင်းကြီးပေးတော်မူခြင်းကို ခံရသောသူ သည် ပြည်တော်ကို အမွေခံရလိမ့်မည်။

ကျိန်တော်မူခြင်း ကို ခံရသော သူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့် မည်။

၂၃ ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရား သည် ပဲ့ပြင်၍၊ သူသွားရာလမ်းကို နှစ်သက်တော်မူ၏။

၂၄ ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်မတော်မူ၏။ ဆာလံ ၃ရး၁၈-၂၄

က။ လူဆိုးတို့

၁) သူတို့သည် “ထာဝရဘုရား၏ရန်သူများ” ဟုခေါ်သည် ဆာ ၃ရး၂၀-ခ

၂) သူတို့သည် ပျက်စီးလိမ့်မည် ဆာ ၃ရး၂၀-က

၃) သူတို့သည် ကွယ်ပျောက်ကြလိမ့်မည်

က) ကျက်စားရာအရပ်၏အသရေကဲ့သို့ ဆာ ၃ရး၂၀-ဂ

ခ) မီးခိုးကဲ့သို့ ဆာ ၃ရး၂၀-ဃ

၄) သူတို့သည် ချေးငှား၍မဆပ်ဘဲနေသည် ဆာ ၃ရး၂၁-က

၅) သူတို့သည် ကျိန်တော်မူခြင်းခံသည် ဆာ ၃ရး၂၂-ခ

ခ။ ဖြောင့်မတ်သောသူ

၁) သူသည် “ဖြောင့်မတ်သောသူ” ဟုခေါ်သည် ဆာ ၃ရး၂၁-ခ

၂) သူသည် “ကောင်းသောသူ”ဟို၍လည်းခေါ်သည် ဆာ ၃ရး၂၃-က

ဂ။ ဘုရားသခင်၏ ကောင်းကြီးများ

၁) ဘုရားသည်သူ၏ နေ့ရက်ကိုသိသည် ဆာ ၃ရး၁၈-က

၂)သူသည်ထာဝရအမွေတော်နှင့်ကောင်းကြီးခံသည် ဆာ ၃ရး၁၈-ခ

၃) ဆိုးသောကာလ၌ သူသည်

ဘုရားသခင် ကြွေးမွေးမည် ဆာ ၃ရး၁၉

၄) သူတို့သည် ပြည်တော်ကို အမွေခံမည် ဆာ ၃ရး၂၂-က

၅) ဘုရားသခင်သည် သူ၏ခြေရာကိုပဲ့ပင်သည် ဆာ ၃ရး၂၃-က

၆) သူ၏လမ်း၌ဘုရားသခင်သည်

မွေ့လျှော်သည် ဆာ ၃ရး၂၃-ခ

၇) သူသည် လဲသော်လည်း

ဘုရားသခင်သည် မစသည် ဆာ ၃ရး၂၄

 

နိဂုံး

က။ စိန်ခေါ်ချက်

၁) ဖြောင့်မတ်သောသူ၏ လမ်းတော်ကို ရွေးရန်၊

၂) ထာဝရဘုရားနှင့်နီးလာဖို့ရွေးဖို့၊

ခ။ ထာဝရဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများ

၁) ကိုယ်တော်၏ ကောင်းကြီးများကို စောင့်ဆိုင်းရန်

၂) ကောင်းမြတ်ခြင်းကြောင့် ထာဝရဘုရားအား ကောင်းကြီးပေးရန်။