Bethany Independent Presbyterian Church

Myanmar

“ရှင်းရဲသောသင်တို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏” လုကာ ၆း၂၀

“ရှင်းရဲသောသင်တို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏” လုကာ ၆း၂၀

နိဒါန်း

က။ ဘုရားသခင်၏ နိုင်ငံတော်၌ ဧဝံဂေလိ၏အခန်းကဏ္ဍ

၁) ယုံကြည်ဖို့အတွက် လူတို့အား ဖိတ်ခေါ်ခြင်း

၂) ယုံကြည်ဖို့အတွက် လူတို့အားခွန်အားပေးခြင်း

ခ။ အဆောတလျှင်သဘော

၁) အချိန်ပြည့်သည်

၂) ဘုရားသခင်၏နိုင်ငံတော် တည်လုနီးပြီ

 

အခြားအရေးကြီးသော ဘုရားသခင်၏နိုင်ငံတော်၏ကဏ္ဍ

၁ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊

တပည့် တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။ ၂ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ၊

၃စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။

၄ စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့။

၅ စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပြည်တော်ကို အမွေခံရကြလတံ့။

၆ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။

၇သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။

၈ စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။

၉ သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည်

ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။ ၁၀ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို

ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။

၁၁ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ၊ သင်တို့သည် မင်္ဂလာရှိကြ၏။

၁၂ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ ပေ၏။

သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူညှဉ်းဆဲကြပြီ။ ဖတ်ခဲ့သည်။

က။ လူထု မှ တပြည့်တော်များသို့

၁) ယေဘုယျအားဖြင့် နောက်လိုက်ခြင်း

၂) စစ်မှန်ပြီး အရေးကြီးသော နောက်လိုက်ခြင်း

၃) တပည့်တော်များ ဖြစ်လာခြင်း

ခ။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဆိုင်သော တပြည့်တော်များ

၁) ပညာတရားကို ပျိုးထောင်ခြင်း

၂) ယုံကြည်ခြင်းကို ပျိုးထောင်ခြင်း

၃) ကိုယ်ကျင့်တရားကို တည်ဆောက်ခြင်း

ဂ။ ဂိုဏ်ထူးဆောင်သော တပြည့်တော်အရည်အသွေးရှိရန် ဆန္ဒရှိသည်

၁) ပီတိဝမ်းမြောက်ခြင်းတရားများ မဿဲ ၅း၃-၁၀

၂) အချက် ၈ပါးအထူးဖော်ပြသည်၊-

က) စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား

ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။

ခ) စိတ်မသာညည်းတွားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား

ထိုသူတို့သည် သက်သာခြင်း သို့ ရောက်ကြလတံ့။

ဂ) စိတ်နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည်

ပြည်တော်ကို အမွေခံရကြလတံ့။

ဃ) ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။

အကြောင်းမူကား၊ ထိုသူတို့ သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။

င) သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။

အကြောင်းမူကား၊ ထိုသူတို့သည် သနားစုံမက်ခြင်း ကို ခံကြလတံ့။

စ) စိတ်နှလုံးဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။

အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို မြင်ရကြလတံ့။

ဆ) သူတပါးချင်း ခိုက်ရန်ပြုခြင်းကို ငြိမ်းစေတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။

အကြောင်းမူကား ထိုသူတို့သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကို ခံရကြလတံ့။

ဇ) ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည်

မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။

 

လက်တွေ့ဘဝ၌ ပီတိဝမ်းမြောက်ခြင်းတရားကို အသုံးပြုခြင်း

၂၀ ထိုအခါ ကိုယ်တော်သည်မြော်၍ တပည့်တော်ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသောသင်တို့သည် အင်္ဂလာရှိကြ၏။

အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။

၂၁ယခုတွင် ငတ်မွတ်သောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။

ယခုတွင် ငိုကြွေးသော သင်တို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ရယ်ကြ လတံ့။ သူတပါးတို့သည်

လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊ ၂၂ ပယ်ရှားနှင်ထုတ်၍ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။

၂၃ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌

သင်တို့၏အကျိုးသည် ကြီးလှပေ၏။  သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။

၂၄တနည်းကား၊ ငွေရတတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။  အကြောင်မူကား၊ သင်တို့သည် မိမိ သက်သာခြင်းကို ယခုခံရကြ၏။

၂၅ ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတံ့။

ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်း တွားငိုကြွေးရကြလတံ့။

၂၆ လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည်

မိစာပရောဖက်တို့ကို ထိုသို့ပင် ပြုကြပြီ။ ရှင်လုကာ ၆း၂၀-၂၆

က။ ထက်မြတ်သော ဆန့်ကျင်ဖက်ဖော်ပြသည်

၁) မင်္ဂလာရှိသူ

၂) အမင်္ဂလာ

ခ။ မင်္ဂလာရှိသည်

၁) ဆင်းရဲသော်လည်း

၂) ငတ်မွတ်သော်လည်း

၃) ငိုကြွေးသော်လည်း

၄) မုန်းခြင်းခံသူ၊ ပယ်ထားခြင်းခံသူ၊ ရန်ပြုခြင်းခံသူ၊ ငြင်းပယ်ခြင်းခံသူဖြစ်သော်လည်း

၅) ကောင်းကင်နိုင်ငံ၌ ဆုလဒ်ကြောင့်ဝမ်းမြောက်ခြင်း

ဂ။ အမင်္ဂလာ

၁) လောက၌ချမ်းသာခြင်းများ

၂) ပြည့်စုံခြင်း

၃) ရယ်မောခြင်း

၄) နာမည်ရခြင်း

 

နိဂုံး

က။ ဖြစ်လာပုံ

၁) ယေဘုယျနားလည်သဘောပေါက်ခြင်း

၂) တပြည့်တော်ဖြစ်ခြင်းအားဖြင့် ကြီးမားသောယုံကြည်ခြင်း

ခ။ ခွန်အား

၁) ဘုရားသခင်၏နိုင်ငံတော်စစ်မှန်ခြင်း

၂) ဘုရားသခင်နိုင်ငံတော်၏ ကြွယ်ဝခြင်း

ဂ။ ဘုရားသခင်၌ကျွန်တော်တို့၏ယုံကြည်ခြင်းကို အဓိပ္ပယ်ရှိစွာ သက်ဝင်စေခြင်း

၁) နိုင်ငံတော်နှင့်ဆိုင်သော လူများအနေဖြစ်

၂) နိုင်ငံတော်၏ ကိုယ်စားလှယ်/အစေတော်ခံအဖြစ်။