Bethany Independent Presbyterian Church

Myanmar

ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့ (ဟေဗြဲ ၄း ၁၆)

ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့ (ဟေဗြဲ ၄း ၁၆)



နိဒါန်း

၁။ ယုံကြည်ခြင်းနှင့် ဘဝမှာ ရုန်းကန်မှုများစွာရှိသည်

က။ သခင့်ထံမှ ထွက်ခွါခြင်း ပြသနာ (ဟေဗြဲ ၂း ၁)

ခ။ မိမိ ယုံကြည်ခြင်းကို လစ်လျိုရှုခြင်း ပြသနာ (ဟေဗြဲ ၂း ၃)

၂။ လူသား သခင်ယေရှုရှိသောကြောင့် ဘုရားသခင်အား ဂုဏ်တော်ချီးမွမ်းမည်

က။ ဘုရားသခင်၏ ပြောရေးဆိုခွင့်ရှိသူ

ခ။ ဘုရားသခင်၏ တမန်တော်

ဂ။ မိမိတို့ကယ်တင်ခြင်းကို အုပ်စိုးတော်မူသောသူ

ဃ။ မေလခိဇေဒက်ကဲ့သို့သော ဇစ်ပုရောဟိတ်ကြီး

 

ယုံကြည်ခြင်းနှင့် ဘဝအသက်တာ၌ ရင်ဆိုင်ရမည့် ပြသာနာများ

၇ ထိုကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော် မိန့်တော်မူသည်ကား၊ ယနေ့တွင် သင်တို့သည် ဗျာဒိတ် တော်အသံကို ကြားလျက်ရှိသည် ဖြစ်၍၊

၈ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်။ သင်တို့အဘများသည် အနှစ်လေးဆယ်ပတ်လုံး ငါ့ကို အနည်းနည်း စုံစမ်း၍၊

၉ငါ၏အမှုတို့ကို မြင်ရသော တောတွင် ငါ့ကိုဆန့်ကျင် ဘက်ပြု၍ စုံစမ်းရာကာလ၌ ရှိသကဲ့သို့ မရှိစေကြနှင့်။

၁၀ ထိုလူမျိုးကို ငါရွံသည်ဖြစ်၍၊ သူတို့သည် အစဉ်စိတ်သဘော မှားယွင်းတတ်ကြ၏။ ငါ၏ အလေ့အလာ တို့ကို နားမလည်ကြဟု ငါဆိုရ၏။

၁၁ထိုကြောင့်၊ သူတို့သည် ငါ၏ချမ်းသာထဲသို့ မဝင်ရကြဟု အမျက်ထွက်၍ ငါကျိန်ဆိုသည်ဟု မိန့်တော် မူချက်ရှိသည်နှင့်အညီ၊

၁၂ညီအစ်ကိုတို့၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ထံတော်မှ ထွက်သွားသောအားဖြင့် မယုံကြည်တတ်၊ ဆိုးညစ်သော စိတ်နှလုံးမရှိစေခြင်းငှါ သတိပြုကြလော့။

၁၃ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့ စိတ်နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သော အချိန်၊ နေ့တိုင်းအစဉ် အချင်းချင်း တယောက်ကိုတယောက် တိုက်တွန်းနှိုးဆော်ကြလော့။

၁၄ငါတို့သည် စိတ်စွဲလမ်းခြင်းကို အစပြုသကဲ့သို့ အဆုံးတိုင်အောင် တည်ကြည်လျှင်၊ ခရစ်တော်နှင့် ဆက်ဆံသောသူ ဖြစ်ကြ၏။

၁၅ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော်အသံကို ကြားလျက် ရှိသည်ဖြစ်၍၊ ဆန့်ကျင်ဘက်ပြုရာကာလ၌ ရှိသကဲ့သို့၊

ခိုင်မာသော စိတ်နှလုံးမရှိကြနှင့်ဟု ကျမ်းစာ လာသည်အရာမှာ၊ ဟေဗြဲ ၃း ၇-၁၅

၁။ မောရှေခေတ် ဣသရေလလူမျိုးထံမှ ရုပ်ပုံဖေါ်ပြခြင်း

က။ အဲဂုတ္တုပြည်မှ ရွေးနုတ် ကယ်တင်ခြင်း

ခ။ ဘုရားသခင်၏ ကာကွယ်ပေးခြင်း

ဂ။ ဘုရားသခင်၏ ထောက်ပံ့ပေးခြင်း

ဃ။ ဘုရားသခင်၏ အတူပါရှိခြင်း

၂။ အပြစ်နှင့်ပြည့်သော နှလုံးသား၏ ပြသာနာများ

က။ မာကျောစေလို့ရသည်

ခ။ လွယ်ကူစွာ လမ်းမှာနိုင်သည်

ဂ။ ဆိုးယုတ်သော နှလုံးသားဖြစ်သည်

ဃ။ ဘုရားထံမှ ထွက်သွားသည်။

၃။ ဘုရားသခင်အား ပုန်ကန်ခြင်း

က။ ဘုရားသခင်၏ လမ်းစဉ်များကို လျစ်လျူရှုခြင်းအားဖြင့် အစပြုသည်

ခ။ ဘုရားသခင်၏ လမ်းစဉ်များကို ငြင်းပယ်ခြင်းဖြင့် အဆုံးသတ်သည်။

ဂ။ ဒီလိုနဲ အပြစ်သည် ကျန်တော်တို့ကို လှည့်ဖြားသည်

 

မဖြစ်မနေလိုအပ်ပြီး ကျန်တော်တို့၏ လုပ်နိုင်သောအရာများ

၁။ ကျန်တော်တို့ ရင်ဆိုင်နေသော အပြစ်ပြသာနာကို နားလည်ရမည်

၂။ နေ့တိုင်း အချင်းချင်း ခွန်းအားပေးရန်ဖြစ်သည်

၃။ ကျန်တော်တို့သည် သခင်ယေရှုနှင့်ပူးပေါင်းရင်ဆိုင်သည်ကို အောက်မေ့ကြရန်ဖြစ်သည်။

 

ဒီနေ့ ရှင်ပြန်ထမြောက်သောနေ့၌ ကျန်တော်တို့အတွက် စိန်ခေါ်မှု

၁၁ ထို့ကြောင့်၊ ဣသရေလလူတို့သည် မယုံကြည်သော စိတ်ရှိသဖြင့် လဲသကဲ့သို့ ငါတို့သည်မလဲ၊ ထိုချမ်းသာထဲသို့ ဝင်ရမည် အကြောင်းကြိုးစား အားထုတ်ကြကုန်အံ့။

၁၂ ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊

အသက်နှင့် စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့် ခြင်ဆီကို၎င်း ပိုင်းခြား ၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။

၁၃ ငါတို့ကိုစစ်ကြောစီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ၊ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာ မရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက် ရှိကြ၏။

၁၄ ယခုမူကား၊ ကောင်းကင်ဘုံထဲသို့ ကြွဝင်တော်မူသော ယဇ်ပုရောဟိတ်မင်းအကြီးတည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည်

ငါတို့၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတို့သည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့၊

၁၅ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ငါတို့ခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူမဟုတ်။ ငါတို့ခံရသည်နည်းတူ၊

အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဘူးသောသူဖြစ်တော်မူ၏။ သို့ရာတွင်၊ ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။

၁၆ ထို့ကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊

ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြကုန်အံ့။ ဟေဗြဲ ၄း ၁၁-၁၆

၁။ လုံ့လဝိရိယရှိကြရန် ဖိတ်ခေါ်ခြင်း

က။ ငါတို့သည်မလဲ

ခ။ မယုံကြည်သော စိတ်ရှိသူ ဖြစ်လာနိုင်

၂။ ဘုရား၏ နုတ်ကပတ်တော်ကို အာရုံစိုက်ကြရန်

က။ အသက်ရှင်သော နုတ်ကပတ်တော်ဖြစ်သည်

ခ။ တန်ခိုးရှိသော နုတ်ကပတ်တော် ဖြစ်သည်

ဂ။ ထက်မြတ်ပြီး ထိုးထွင်းသိမြင်စေသော နုတ်ကပတ်တော်ဖြစ်သည်

၃။ ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချည်းကပ်ကြရန်

က။ ကျန်တော်တို့မှား ယဇ်ပုရောဟိတ်မင်းကြီး ရှိသည်။

၁။ သခင်ယေရှု

၂။ ဘုရားသခင်၏ သားတော်

ခ။ ငါတို့ယဇ်ပုရောဟိတ်မင်းသည် ကြင်နာနိုင်သောသူ ဖြစ်သည်

၁။ ကျန်တော်တို့၏ အားနည်းချက်များ

၂။ မစခြင်း ကျေးဇူးတော်ကို လိုအပ်သောချိန်၌ သူပေးနေသည်

 

နိဂိုး

၁။ လုံခြုံစွာ ဆုပ်ကိုထားရန်

က။ ကျန်တော်တို့၏ ယုံကြည်ခြင်း ဝန်ခံချက်

ခ။ ကျန်တော်တို့၏ ယုံကြည်ခြင်း နားလည်သဘောပေါက်မှု

၂။ အသစ်သောခွန်အား ရှာဖွေရန်

က။ သခင်ယေရှုသည် ကျန်တော်တို့၏ ရှင်ပြန်ထမြောက်သော ကယ်တင်ရှင်ဖြစ်ကြောင်း အောက်မေ့ရန်

ခ။ သခင်နှင့်အတူ ကျန်တော်တို့၏ ယုံကြည်ခြင်းနှင့် အသက်တာကို အားသစ်လောင်းရန်