Bethany Independent Presbyterian Church

Myanmar

“ယေရှုခရစ်အားဖြင့်ငါတို့ခံရသောလွတ်ခြင်း” ဂလာတိ ၂

“ယေရှုခရစ်အားဖြင့်ငါတို့ခံရသောလွတ်ခြင်း” ဂလာတိ ၂


နိဒါန်း

က။ ငါတို့အား သခင်ဘုရားပေးသော လွတ်ခြင်း

၁) သင်တို့သည် သမ္မာတရားကိုသိ၍ ယော ၈း၃၂-က

၂) ထိုတရားသည် သင်တို့ကိုလွှတ်လိင့်မည် ယော ၈း၃၂-ခ

၃) ထို့ကြောင့်သားသည် သင်တို့ကိုလွှတ်လျှင်၊ သင်တို့သည်ဧကန်အမှန် လွတ်ကြလိမ့်မည် ယော ၈း၃၆

ခ။ ကျွန်ခံခြင်း၏ပြဿနာ

၁) အပြစ်၏ကျွန်

 ၂) ဤကျွန်ဖြစ်ခြင်းသည်

က) နက်နဲသည်

ခ) သေစေသောအရာ

 

သခင်ယေရှုခရစ်တော်၏ အမှုတော်မြတ်

က။ အမှုတော် ကဏ္ဍငါးပါး ရှင်းလင်းစွာကြေငြာ

၁၈ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။

၁၉အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြားပြောစေခြင်းငှါ ငါ့ကို ဘိသိတ်ပေးတော်မူပြီ။

ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတို့အား

လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို

ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို

စေလွှတ်တော်မူပြီဟု လာသတည်း။ ရှင်လုကာ ၄း၁၈-၁၉

၁) ဆင်းရဲသားတို့အား သတင်းကောင်းကြားပြောဖို့

 ၂) ကြေမွသောသူတို့၏ အနာကိုပျောက်စေဖို့

၃) ဖမ်းသွားချုပ်ထားသောသူတို့အားလွှတ်ဖို့

၄) မျက်စိကန်းသောသူတို့အား မြင်စေဖို့

၅) ညှဉ်းဆဲသောသူတို့အား ကယ်မဖို့

၆) ထာဝရဘုရားသခင်၏ မင်္ဂလာနှစ်ကို ကြားပြောဖို့

၂။ သမ္မာတရားကို မသိသောကြောင့် ကျွန်ခံနေ

က) အပြစ်သားများ မှခွဲခွာခြင်း မာကု ၂း၁၃-၁၇

ခ) အစာရှောင်ခြင်း မာကု ၂း၁၈-၂၂

ဂ) ဥပုသ်နေ့ ပညတ်ချက် မာကု ၂း၂၃-၂၈

ဂ။ လူများပြုလုပ်သော ဥပဒေသကြောင့် ကျွန်ခံခြင်း

၁) လေးသောဝန်များနှင့်ချည်သည် အလွန်လေး၍ ထမ်းခဲသောဝန်တို့ကိုပြင်ဆင်၍

သူတပါးပခုံးပေါ်မှာတင်တတ်ကြ၏ ရှင်မဿဲ ၂၃း၄

 ၂) ဟန်ဆောင်ခြင်း၏ အန္တရယ် မဿဲ ၂၃း၁၅၊ ၂၃၊ ၂၅

၃) ဝိညာဉ်မျက်စိကန်းခြင်း၏ အန္တရယ်

က) လူမိုက်များ မဿဲ ၂၃း၁၇

ခ) အကန်းလမ်းပြသူများ မဿဲ ၂၃း၁၆၊ ၂၄

ဃ။ ဧဝံဂေလိ၏ တန်ခိုးတော်

၁) ဖမ်းသွားသောသူတို့အားလွှတ်ခြင်း

၂) ချုပ်ထားသောသူတို့အား လွှတ်ခြင်း လုကာ ၄း၁၈

 

တမန်တော်ရှင်ပေါလု ၏အမှုတော်မြတ်

က။ မှားယွင်းသော ညီအစ်ကိုများ

၁) သူတို့သည် အထဲသို့ဝင်သည် ဂလာတိ ၂း၄-က

၂) ပရိယာယ်ကိုသုံးသည် ဂလာတိ ၂း၄-ခ

၃) ခရစ်တော်အားဖြင့် ငါတို့ခံစားသောလွှတ်ခြင်းအခွင့်ကိုချောင်းကြည့် ဂလာတိ ၂း၄-ဂ

၄) ယုံကြည်သူတို့ကို ကျွန်ခံစေဖို့ ဂလာတိ ၂း၄-ဃ

ခ။ တမန်တော်ရှင်ပေါလုအားပေးသော တန်ခိုးတော်

၁) ပုံအပ်ဖို့ငြင်းဖယ်သည် ဂလာတိ ၂း၅-က

၂) ထိုသူတို့စီရင်ခြင်းကို ခဏမျှဝန်မခံ ဂလာတိ ၂း၅-ခ

၃) သူသည် သူတို့အား အသိအမှတ်မဲပြု

က) “အဘယ်သို့သောသူဖြစ်ကြသည်ကို” ငါမဆိုင် ဂလာတိ ၂း၆-က

ခ) ဘုရားသခင်သည် လူမျက်နှာကိုမှတ်တော်မမူ ဂလာတိ ၂း၆-ခ

ဂ) ငါသည်ထူးခြားသောအရာကို မခံရ ဂလာတိ ၂း၆-ဂ

ဂ။ တမန်တော် ပေတရုနှင့် ဗာနဗတို့ကြား ပြဿနာ

၁) အန္တိအုတ်၌

၂) ယာကုတ်ထံမှ ဂလာတိသို့လာသော ကိုယ်စားလှယ် ဂလာတိ ၂း၁၂-က

၃) တပါးအမျိူးမှ လူအချို့တို့ထွက်သွားသသည် ဂလာတိ ၂း၁၂-ခ

၄) တပါးအမျိုးကိုအား စွန့်လွှတ်သော ခေါင်းဆောင်နှစ်ပါး

က) ပေတရု

ခ) ဗာနဗ

ဂ) ကြွင်းသောယုဒလူတို့ ဂလာတိ ၂း၁၃

၅) ရှင်ပေါလုသည် ရှင်ပေတရုအား ဆုံးမသည်

က) ဟန်ဆောင်ခြင်း ဂလာတိ ၂း၁၃

ခ) “ဖြောင့်မတ်စွာမကျင့်” ဂလာတိ ၂း၁၄-က

၆) ပြဿနာ၏ အရင်းအမြစ်

က) ယုဒလူမျိုးဖြစ်ရေး

ခ) တပါးအမျိုးတို့ကို ယုဒလူကဲ့သို့နေဖို့တိုက်တွန်းခြင်း   ဂလာတိ ၂း၁၄-ခ

ဂ) ယုဒလူတို့သည် သူတပါးအားပညတ်တော်ကို အတင်းလိုက်ခိုင်း ဂလာတိ ၂း၁၆-၂၀

 

နိဂုံး

က။ ပညတ်တရား

၁) ပညတ်တရား၏အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့အရောက် ဂလာတိ ၂း၁၆

 ၂) ငါတို့သည် ပညတ်တရား၌သေကြသည် ဂလာတိ ၂း၁၉

ခ။ ခရစ်တော်နှင့် ဧဝံဂေလိတရား

၁) ငါတို့သည် ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်သည် ဂလာတိ ၂း၁၆

 ၂) ငါတို့သည် ဘုရားသခင်နှင့်ဆိုင်သောအရာ၌ အသက်ရှင်သည် ဂလာတိ ၂း၁၉

၃) ငါတို့သည် ခရစ်တော်နှင့်လက်ဝါးကပ်တိုင်မှာအသေခံသည် ဂလာတိ ၂း၂၀-က

၄) ခရစ်တော်သည် ငါတို့၏အထဲ၌ရှိသည် ဂလာတိ ၂း၂၀-ခ

၅) ခရစ်တော်အရှင်သခင်က ငါတို့အားချစ်သည် ဂလာတိ ၂း၂၀-ဂ

ဂ။ ခရစ်တော်၌ငါတို့၏လွတ်ခြင်းသည် နက်ရှိုင်းစွာတန်ဖိုးထားရန်ဖြစ်သည်

၁) ငါတို့သည် ပညတ်တော၏ချည်နှောင်ခြင်းခံမခံ

 ၂) လူသားတို့ပြုလုပ်သော တရားကလည်းငါတို့ကို အချည်နှောင်

၃) ငါတို့သည် ခရစ်တော်၏လူလွတ်ဖြစ်ကြသည်

က) ဤအရာသည် ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်သည် ဂလာတိ ၂း၂၁-က

ခ) ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ငါတို့သည်ဖြေင့်မတ်စေသည် ဂလာတိ ၂း၂၁-ခ