Bethany Independent Presbyterian Church

Myanmar

“ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏” ရှင်လုကာ ၁း၃၉-၄၅

“ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏” ရှင်လုကာ ၁း၃၉-၄၅



နိဒါန်း

က။ အားကြီးသော ကောင်းကင်တမန် ဂါဗြေလ၏ အထူးအလည်လာခြင်း

ခ။ အံ့သြဘွယ် နှင့် နှိမ့်ချစေသော နှုတ်ဆက်ခြင်းသည် ကောင်းကင်တမန် ဂါဗြေလပေးသည်

ဂ။ မာရိမွေးမဲ့သူငယ်တော် နှင့်ဆိုင်ပြီး အားရဖွယ်ကောင်းသော အသိတရား ရှိသည်

ဃ။ ကောင်းကင်တမန် ဂါဗြေလသည် အမျိုးဖြစ်သူဧလိရှဗက် သည်ကိုယ်ဝန်ရှိသည်အကြောင်းဖော်ပြသည်

 

ဧလိရှဗက်အား အလည်သွားရန် မာရိသည် ဆုံးဖြတ်ခြင်း

က။ ဧလိရှဗက်အိမ်သည် ယုဒပြည် နယ်အရပ်၌ ရှိသည်

ခ။ မာရိသည် နာဇရက်မြို့၌နေထိုင်သည်

ဂ။ အကွာအဝေးသည် နာဇရက်မှ ကီလိုမီတာ ၁၃၀ ထက်များသည်

ဃ။ ဝေးသော၊ ခက်ခဲသော၊ အန္တရယ်များသော ခရီးဖြစ်သည်

င။ ဧလိရှဗက် အိမ်သို့ရောက်သောအခါ၊ မာရိမှ နှုတ်ဆက်သည်

 

မာရိအားပြောသော ပထမဆုံး ဧလိရှဗက်၏စကား

က။ မှတ်ဖွယ်ကောင်းသော တုံ့ပြန်ခြင်း

“ထိုနှုတ်ဆက်ခြင်းစကားကို ဧလိရှဗက်သည် ကြားစဉ်တွင် မိမိဝမ်း၌ရှိ

သောသူငယ်သည် ခုန်၍၊ မိမိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊” လုကာ ၁း၄၁

၁) ကလေးလေးမှ

က) အမိဝမ်းထဲ ကလေးကဘယ်လို သိရလည်း၊

ခ) ဤကလေးကဘယ်လို တုံ့ပြန်နိုင်သလည်း၊

ဂ) သို့သော် ကလေးယောဟန်သည် တုံ့ပြန်နိုင်လို့ တုံ့ပြန်သည်၊

၂) ဧလိရှဗက်သည် ဘုရားသခင်၏ဝိညာဉ်တော်နှင့်ပြည့်ဝသည်

က) ဘုရားသခင်၏ဝိညာဉ်တော်သည် အထူးသိမြင်ခြင်းကို ပေးမည်

ခ) ဤ သိမြင်ခြင်းသည် လူသား၏ဆင်ခြင်ခြင်းမှဖြစ်လာမည် မဟုတ်

ဂ) ဝိညာဉ်တော်၏ အထူးဖွင့်ပြခြင်းအားဖြင့်ဖြစ်သည်

ခ။ သိမှတ်ဖွယ် ချီးမွမ်းခြင်းကို ပြောကြားခြင်း

၁) အထူးစကားလုံး ဘာသာပြန်ရန် “မင်္ဂလာရှိ”

“သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာရှိ၏။” လုကာ ၁း၄၂-က

၂) ကောင်းကင်တမန် ဂါဗြေလသည် မာရိအားပေးခဲ့သောအလားတူ နှုတ်ဆက်ခြင်းဖြစ်သည်

“သင်သည် မိန်းမတကာတို့ထက်များစွာသော မင်္ဂလာရှိသည်” လုကာ ၁း၂၈

၃) ဤချီးမွမ်းခြင်းစကားတော်သည်သူငယ်တော် ယေရှုနှင့်ဆိုင်ပြီးပြောသည်

“သင်၏ဝမ်း၌ရှိသောသူငယ်သည်လည်း မြတ်စွာသောမင်္ဂလာရှိ၏” လုကာ ၁း၄၂-ခ

ဂ။ ဤ “မင်္ဂလာရှိ” ဆိုသည့်စကားလုံး၏ အရေးပါခြင်း

၁) ဤစကားလုံး၌ အရေအသွေးကိုတွေ့ရှိသည်

၂) အရေးပါခြင်းကိုလည်း တွေ့ရန်ဖြစ်သည်

၃) အထူးပင်ကို ကောင်းကြီး

ဃ။ ဤအထူးကောင်းကြီးပေးရခြင်းအကြောင်းသည် သူမရှင်းပြသည်

“43 အကျွန်ုပ်သခင်၏ မယ်တော်သည် အကျွန်ုပ်ဆီသို့ ကြွလာသောကျေးဇူးကို အဘယ်အကြောင်းကြောင့် အကျွန်ုပ်ခံရပါသနည်း။

44 သင်၏နှုတ်ဆက်ခြင်းစကားသံကို အကျွန်ုပ်ကြားစဉ်တွင်၊ အကျွန်ုပ်ဝမ်းထဲ၌ သူငယ်သည်ရွှင်မြူးသော စိတ်နှင့်ခုန်၏။”

၁) သူမသည် သူငယ်တော်ယေရှုသည် မည်သူဖြစ်သည်ကို သိမှတ်သည်

က) သူသည် “အကျွနု်ပ်၏သခင်” ဖြစ်သည်

ခ) “မိမိဝမ်း၌ရှိသောသူငယ်သည်ခုန်၍”

၂) ဧလိရှဗက်၊ ပိုပြီးအသက်ကြီးသောအမျိုး

က) “အကျွနု်ပ်သခင်၏မယ်တော်” ဟုမာရိအားအသိမှတ်ပြုသည်

ခ) မာရိမှ အလည်လာခြင်းသည် အလွန်ဂုဏ်ယူဖွယ်ဖြစ်သည်

 

မာရိအားပြောသော ဧလိရှဗက်၏ ဒုတိယစကား

က။ ဧလိရှဗက်သည် မာရိအားပေးသောဒုတိယစကားရှိသည်

“ယုံကြည်သောမိန်းမသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊

ထိုမိန်းမအား ထာဝရဘုရားမိန့်တော်မူသောစကားသည်

ပြည့်စုံလိမ့်မည်ဟုကြီးသောအသံနှင့်မွတ်ဆို၏။” လုကာ ၁း၄၅

ခ။ အခြားသော “မင်္ဂလာ” ဆိုသည့်စကား ဧလိရှဗက်အသုံးပြုသည်

၁) “မာကရိယာ” ဆိုသည့်စကားလုံးအသုံးပြုသည်

၂) တောင်ပေါ်ဒေသနာ၌ အသုံးများသော စကားဖြစ်သည် လုကာ ၆း၂၁-၂၂၊ မဿဲ ၅း၃-၁၀

ဂ။ ဤ (“မာကရိယာ”) မင်္ဂလာစကားလုံး၏ ထူးခြားမှု

၁) ပုဂ္ဂိုလ်နှင့်တွဲထားသည်

၂) ယုံကြည်ပြီးသော ပုဂ္ဂိုလ် နှင့်ပတ်သက်သောစကားဖြစ်သည် (မာရိ)

၃) စကား၌ပါသောအချက်၊-

က) ခံစားရသောဝမ်းမြောက်ခြင်း

ခ) ဘုရားသခင်မှလာသော ဝမ်းမြောက်ခြင်း

ဃ။ မာရိအားပေးသော အားပြေးစကား

၁) ထာဝရဘုရားပြောခဲ့သောအရာများပြည့်စုံမည်ကြောင်း၊

၂) သူမအား ကောင်းကင်တမန်ဂါဗြေလပြောခဲ့သောအရားများ ပြည့်စုံမည်၊

၃) မာရိသည် မိမိ၏ယုံကြည်ခြင်းကို ခိုင်မာစွာစွဲကိုင်ဖို့ ခွန်အားပေးခြင်းခံသည်

 

ကောင်းကင်တမန် ဂါဗြေလအား မာရိပြောခဲ့သောအရာကို မှတ်မိခြင်း

“မာရိက၊ အကျွနု်ပ်သည် ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏၊

ကိုယ်တော်၏စကားအတိုင်းအကျွနုပ်၌ ဖြစ်ပါစေသောဟု ဝန်ခံပြီးမှ၊” လုကာ ၁း၃၈

က။ သူသည် ကိုယ့်ကိုယ်ကို ဘုရားသခင်၏ ကျွန်မဟုဆိုသည်

၁) နှိမ့်ချသော ကျွန်မ
၂) နာခံသောကျွန်မ

ခ။ သူမ ဖော်ထုတ်သည်

၁) သခင်ယေရှု၏ အပျိုကညာမိခင် နေရာကိုလက်ခံခြင်း

၂) ကောင်းကင်တမန် ဂါဗြေလသည် သူမအားပြောသောစကား၌ ယုံကြည်ခြင်း

 

နိဂုံး

က။ ဘုရားသခင်ပေးသော အံ့သြဖွယ်ကောင်းကြီးမင်္ဂလာ ရရှိဖို့စိန်ခေါ်ခြင်း (မာကရိယာ၊ မာကရိယောစ်)

၁) ကျွန်တော်တို့ယုံကြည်သောအခါ ဤအရာသည်သက်ရောက်လာမည်

၂) အထူးကောင်းကြီးမင်္ဂလာလည်းဖြစ်သည်

ခ။ အံ့ဖွယ်သော ခရစ်စမတ် ကောင်းကြီးမင်္ဂလာ

၁) သစ်လွန်စေသော ယုံကြည်ခြင်းမှလာသည်

၂) တည်ကြည်သော ယုံကြည်ခြင်းမှလာသည်။