Bethany Independent Presbyterian Church

Myanmar

“ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်သည်” ဂလာတိ ၂

“ယုံကြည်ခြင်းအားဖြင့်ဖြောင့်မတ်ရာသို့ရောက်သည်” ဂလာတိ ၂


နိဒါန်း

က။ ဖြောင့်မတ်ခြင်း ဓမ္မယုံကြည်ချက်

၁) ကျမ်းစာ၌ ကောင်းမွန်စွာသွန်သင်သည်

၂) ဓမ္မသစ်၌ အထူးရှင်းပြသည်

ခ။ ဖြောင့်မတ်ခြင်း ဓမ္မယုံကြည်ချက်၏ အနှစ်သာရ

၁) “ဖြောင့်မတ်ခြင်း” ဆိုသည့်စကားလုံးသည် “မှန်ကန်ခြင်း” မှလာသည်

(ဂရိ စကား၌ ပိုရှင်းသည်။ အရင်းအမြစ်တူသည်)

၂) ဤတရားသည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သည်

က) “ပညတ်တရားနှင့်မစပ်ဆိုင်သော” ရောမ ၃း၂၁-က

ခ) ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့သည် ရောမ ၃း၂၁-ခ

ဂ) ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့်၊ ယုံကြည်သော

သူအပေါင်းတို့ အဘို့ဖြစ်၍၊ ထိုသူပေါင်းတို့အပေါ်သို့

ရောက်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားသည် ထင်ရှားခဲ့ပြီး။ ရောမ ၃း၂၂

 

ဖြောင့်မတ်ခြင်းတရား စံနမူနာ အဆိုပြုချက်

က။ အခမဲ့ဖြောင့်မတ်စေသည်

၁) အဘိုးကိုအပေးဘဲ ဖြောင့်မတ်စေသည် ရောမ ၃း၂၄-က

၂) ကိုယ်တော်၏ ကျေးဇူးတော်အားဖြင့် ရောမ ၃း၂၄-ခ

၃) ယေရှုခရစ်ရွှေးနှုတ်တော်မူသောအားဖြင့် ရောမ ၃း၂၄-ဂ

ခ။ ဘုရားခင်၏ အကြံစည်တော်

၁) ခရစ်တော်၏ အပြစ်ဖြေခြင်း ရောမ ၃း၂၆-ဃ

၂) ခရစ်တော်၏အသွေးတော် ရောမ ၃း၂၆-ဂ

၃) ယုံကြည်ခြင်းအားဖြင့် ရောမ ၃း၂၆-ခ

၄) ဖြောင့်မတ်ခြင်းတရားတော်ကိုထင်ရှာစေ ရောမ ၃း၂၆-က

ဂ။ ဘုရားသည် ဖြောင့်မတ်သူ၊ ဖြောင့်မတ်စေသူ

၁) ဘုရားသခင်၏ သည်းခံခြင်း ရောမ ၃း၂၅

 ၂) လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူ ရောမ ၃း၂၆-က

၃) ဖြောင့်မတ်ခြင်းတရားကိုထင်ရှားစေ ရောမ ၃း၂၆-ခ

၄) သူသည် ဖြောင့်မတ်သည် ရောမ ၃း၂၆-ဂ

၅) ခရစ်တော်ယေရှု၌ ယုံကြည်ခြင်းရှိသောသူ အတွက် သူသည်ဖြောင့်မတ်စေသူဖြစ်သည် ရောမ ၃း၂၆

 

ဂလာတိ၌ရှိသော ဤဓမ္မတရားသွန်သင်ခြင်း

၁၆ယေရုခရစ်ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်ကြသည်ကို၊အပြစ်ထင်ရှားသော တပါး

အမျိုးသားမဟုတ်ဘဲ၊ ဇာတိအမျိုးအားဖြင့် ယုဒလူဖြစ်သောငါတို့သည် အမှန်သိသည် နှင့်အညီ

ပညတ်တရား၏ အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့မရောက်၊ ခရစ်တော်ကိုယုံကြည် ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှါ၊

ငါတို့ပင် ယေရှုခရစ်ကိုယုံကြည်ကြပြီ။ အကြောင်းမူကား၊ ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှ ဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ။

၁၇ခရစ်တော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ ငါတို့သည် ကြိုးစားလျက်ပင်၊ အပြစ် ထင်ရှား သောသူဖြစ်သေးသည်မှန်လျှင်၊

ခရစ်တော်သည် အပြစ်တရားကို ပြုစုသောသူဖြစ် သလော။

၁၈ထိုသို့မဖြစ်နိုင်ရာ။ အထက်က ငါဖြိုဖျက်သော အရာကို နောက်တဖန်ငါတည်ဆောက် ပြန်လျှင်၊ ကိုယ် အပြစ်ရှိသည်ကိုထင်ရှားစွာပြ၏။

၁၉ထိုမှတပါး၊ ငါသည်ဘုရားသခင်နှင့် ဆိုင်သောအရာ၌ အသက်ရှင်မည်အကြောင်း၊ ပညတ်တ ရားနှင့် ဆိုင်သောအရာ၌ ပညတ်တရားအားဖြင့် သေလျက်နေ၏။

၂၀ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်းအသက်ရှင် သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊

ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်း အားဖြင့်တည်၏။

သားတော်သည်ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကို ကိုယ်စွန့်တော်မူ၏။ ဂလာတိ ၂း၁၆-၂၀

က။ လိုအပ်သောခြေခံ ပညာ

၁) လူသည် ပညတ်၏အလုပ်အားဖြင့် ဖြောင့်မတ်သည်မဟုတ် ဂလာတိ ၂း၁၆-က

၂) လူတဦးသည် ခရစ်တော်ယေရှုခရစ် ကိုယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရသည် ဂလာတိ ၂း၁၆-ခ

ခ။ ရှင်ပေါလု နှင့်အခြားသူတို့၏ ပုံသက်သေ

၁) ခရစ်တော်ယေရှုခရစ်တော်သည် ငါတို့သည် ယုံကြည်ပြီ ဂလာတိ ၂း၁၆-ဂ

၂) ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ် ရာသို့ရောက်ကြသည်ကို ဂလာတိ ၂း၁၆-က

ဂ။ အဓိကအကြောင်းရင်းကို ထပ်ခါတလဲလဲဖော်ပြခြင်း

၁) ပညတ်တော်အလုပ်အားဖြင့်အဘယ်သူမျှဖြောင့်မတ်ခြင်းသို့အရောက်

၂) ပညတ်တော်၏အလုပ်အားဖြင့် ဖြောင့်မတ်သည်ဟု ဘုရားသခင်က အဘယ်သူမျှဖော်ပြ

 

ဖြောင့်မတ်ခြင်းဓမ္မခံယူချက် ကိုတည်ဆောက်ခြင်း

က။ ခရစ်တော်အားဖြင့်ဖြောင့်မတ်ခြင်းခံသူဖြစ် ဖို့ငါတို့ရှာရမည်

၁) ဤအရာသည် ကောင်းပြီးမှန်ကန်သည်

၂) ဘုရားသခင်အားဖြင့် ဖြောင့်မတ်ခြင်းခံသူဖြစ်ဖို့ ဆန္ဒရှိရမည်

၃) သခင်ယေရှုခရစ်တော် အားဖြင့်ဖြောင့်မတ်ခြင်းကို ငါတို့ရှာရမည်

ခ။ ငါတို့သည် အပြစ်သားဖြစ်သည်ဟုသိမှတ်ရမည်

၁) ငါတို့သည် ဖြောင့်မတ်ခြင်းခံသူဖြစ်သည်

၂) သို့သော် ငါတို့သည်အပြစ်နှင့်မကင်း

၃) ငါတို့သည် အပြစ်သားများဖြစ်နေသည်

၄) ဤအရာသည် သခင်ယေရှုခရစ်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း နှင့် အလုပ်ကိုထိခိုက်သလား၊

က) ခရစ်တော်သည် အပြစ်၏သခင်ဖြစ်သလား၊

ခ) အဖြေသည်၊- “မဖြစ်ပါ” ဂလာတိ ၂း၁၇

ဂ။ မှားသောအဖြေရှာခြင်း

၁) ပညတ်တော်ပေါ်မတည်ဆောက်

၂) ဤသို့ပြုသူသည် ပကတိပြဿနာသို့ ပြန်သွားခြင်းဖြစ်သည် ဂလာတိ ၂း၁၈

၃) သူသည် ပညတ်တော်ကို ချိုးဖောက်သူဖြစ်လာသည် ဂလာတိ ၂း၁၈

၄) ပညတ်တရားတော်သို့ပြန်သွားခြင်းမရှိပါ

ဃ။ မှန်ကန်သောအဖြေ

၁) ပညတ်တရားအားဖြင့် ငါတို့သည်သေခြင်းသို့ရောက်သည်

၂) ပညတ်တရားအားဖြင့်သောလျက်နေသည် ဂလာတိ ၂း၁၉

၃) ဘုရားသခင်၌ အသက်ရှင်သည်

၄) ဤသည် ငါတို့အားသခင်ဘုရားပေးသော အသစ်သော အသက်တာဖြစ်သည်

၅) ဤအသစ်သောအသက်သောအသက်တာသည် ခရစ်တော်တော်၏ ဖြောင့်မတ်စေခြင်း အားဖြင့်ဖြစ်သည်

 

ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ခြင်း ဓမ္မတရားကို လက်တွေ့အသုံးချခြင်း

က။ ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာအသေခံပြီ ဂလာတိ ၂း၂၀-က

၁) ခရစ်တော်နှင့်ပတ်သက်ခြင်းဖြစ်သည်

၂) ယုံကြည်ခြင်းကို အစပြုအသုံးပြုခြင်းဖြစ်သည်

ခ။ ခရစ်တော်သည် ငါတို့ထဲ၌ ရှင်သည် ဂလာတိ ၂း၂၀-ခ

၁) ငါတို့အားခရစ်တော်ပေးသော အသစ်သော အသက်တာ ဖြစ်သည်

၂) ယုံကြည်ခြင်းနှင့်ဆက်ဆပ်သော ခရစ်တော်၌အသက်ရှင်ရှိခြင်းဖြစ်သည်

ဂ။ ဘုရားသခင်၏သားတော်၌ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်သည် ဂလာတိ ၂း၂၀-ဂ

က) ကိုယ်တော်၏ ချစ်ခြင်းမေတ္တာအားဖြင့်

ခ) ကိုယ်တော်၏ ပူဇော်သကာပြုခြင်းအသေခံခြင်းအားဖြင့်

နိဂုံး

က။ ဖြောင့်မတ်ခြင်း ယုံကြည်ချက်ကို နားလည်ဖို့

၁) ပိုပြီးနက်ရှိုင်းစွာဖြင့်

၂) ပို၍ကြီးသော တန်ဖိုးထားခြင်းနှင့်

ခ။ ဖြောင့်မတ်ခြင်း ယုံကြည်ချက်ကို လက်တွေ့အသုံးပြုဖို့

၁) ခရစ်တော်၌ ပို၍ကြည်လင်သော ယုံကြည်ခြင်း

၂) ခရစ်တော်နှင့်ပို၍တိုက်ရိုက် ပတ်သက်သောယုံကြည်ခြင်း။