Bethany Independent Presbyterian Church

Myanmar

“ယုံကြည်ခြင်းအားနည်းသောသူတို့” ရှင်မဿဲ ၆း၃၀

“ယုံကြည်ခြင်းအားနည်းသောသူတို့” ရှင်မဿဲ ၆း၃၀



နိဒါန်း

က။ သခင်ယေရှုလောက၌ နေစဉ်ကမ္ဘာ့အခြေအနေကဘာလဲ။

ခ။ ရှင်မဿဲသည် ဤစိတ်လှုပ်ရှားဖွယ်စကားများကိုရေးခဲ့သည်၊-

၁၄ ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။

၁၅နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊

၁၆ မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။

၁၇ ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။ ရှင်မဿဲ ၄း၁၄-၁၇

၁) မှောင်မိုက်ထဲမှာရှိနေသော လူများတို့

၂) သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့

 

သခင်ယေရှုခရစ်၏ ၏အမှုတော်မြတ်

က။ ကောင်းကင်နိုင်ငံတော် အကြောင်းကို ဟောကြားဖို့

ခ။ ထိုနိုင်ငံတော်သို့ဝင်စားဖို့ လူတို့အားဖိတ်ခေါ်ရန်

ဂ။ လူတို့သည် ဘုရားသခင်၌ ယုံကြည်ခြင်းရှာတွေ့ဖို့ကူညီမစရန်

၁) တရားဒေသနာဟောကြားခြင်းအားဖြင့်

၂) သွန်သင်ပေးခြင်းအားဖြင့်

၃) အနာရောဂါငြိမ်းစေခြင်းအားဖြင့်

၄) နတ်ဆိုးတို့အား နှင်ထုတ်ခြင်းအားဖြင့်

 

အမှုတော်အစပြုစဉ် သခင်ယေရှုရင်ဆိုင်ရသော အဖြစ်မှန်

က။ ယုံကြည်ချက်ဆိုင်ရာ

၁) မှားသောသွန်သင်ချက်များ ဖော်ပြရန်ဖြစ်သည်

၂) မှန်သော ယုံကြည်ချက်ကိုသင်ပေးသည် မဿဲ ၅

ခ။ ဘဝအသက်တာဆိုင်ရာ

၁) စိုးရိမ်စရာဘဝများ

၂) အချို့တို့သည် ဥစ္စာနောက်လိုက်ကြသည်

၃) လူအနည်းငယ်သည် ဘဝ၌ဘုရားသခင်ကိုထည့်စဉ်းစားသည် မဿဲ ၆-၇

ဂ။ ယုံကြည်ခြင်းနှင့်ဆိုင်ရင်

၁) လူအများတို့သည် ယုံကြည်ခြင်းကျင့်သုံးခြင်း၌ ဟန်ဆောင်သောသူဖြစ်ကြသည်

၂) လူအများတို့သည် ကောင်းကောင်းဆုမတောင်းတတ်ကြ

၃) လူအပေါင်းတို့သည် ထာဝရအရာ နှင့် ဝိညာဉ်အရာတို့သည် တန်ဖိုးမထားတတ် မဿဲ ၆-၇

 

အံ့သြဖွယ် သုံးသတ်ခြင်း

၂၂ မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တကိုယ်လုံးလင်းလိမ့်မည်။

၂၃ မျက်စိမြှေးရှက်လျှင် တကိုယ်လုံးမိုက်လိမ့်မည်။ သင်၏ အလင်းသော်ကား၊ မှောင်မိုက်ဖြစ်လျှင် ထို အမိုက်သည် အလွန်မိုက်စွတကား။

၂၄ အဘယ်သူမျှ သခင်နှစ်ဦးအစေကို မခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကို မှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကို၎င်း၊ လောကီစည်းစိမ်၏အစေကို၎င်း မခံနိုင်ကြ။

၂၅ ထိုကြောင့် ငါဆိုသည်ကား၊ အဘယ်သို့ စားသောက်ရမည်ဟု အသက်အဘို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု ကိုယ်အဘို့မစိုးရိမ်ကြနှင့်။

အစာထက် အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက် ကိုယ်မြတ် သည်မဟုတ်လော။

၂၆ မိုဃ်းကောင်းကင်၌ ကျင်လည်သော ငှက်များကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက်မကြဲ၊ စပါးကိုမရိတ်၊ ကျီ၌မစုမသွင်း။

သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည်မဟုတ်လော။

၂၇ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။

၂၈ အဝတ်အဘို့၌ အဘယ်ကြောင့်စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။

၂၉ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကို မမှီဟု ငါဆို၏။

၃၀ ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက် ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊

ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း တော်မူမည် မဟုတ်လော။ ရှင်မဿဲ ၆း၂၂-၃၀

က။ ကြီးမားသော မှောင်မှိုက်ခြင်း မဿဲ ၆း၂၂-၂၃

ခ။ သခင်နှစ်ပါး မဿဲ ၆း၂၄

ဂ။ စိုးရိမ်ခြင်းများ မဿဲ ၆း၂၅-၂၉

ဃ။ “ယုံကြည်ခြင်းအားနည်းခြင်း” ပြသနာ မဿဲ ၆း၃၀

 

အဖြေသည် ဘာလည်း။

က။ လူတို့

၁) မိမိတတ်နိုင်သမျှနှင့် အကောင်းဆုံးနေထိုင်ကြသည်

၂) သူတို့သည် “လူထု” ဖွဲ့သည်

၃) သူတို့သည် အဖြေများကို ရှာကြသောလည်း မတွေ့နိုင်ကြ

ခ။ ဘာသာရေးခေါင်းဆောင်များ

၁) ဖာရိရှဲမျာ

၂) ဇဒ္ဒုကဲများ

၃) ကျမ်းတတ်ပုဂ္ဂိုလ်များ/တရားသူကြီးများ

သူတို့သည် အဖြေမတွေ့နိုင်ကြ

 

ပြသနာ သိရှိသည်

က။ “ယုံကြည်ခြင်းအားနည်း” ခြင်းပြသနာ

၁) ဘုရားသခင်၌ ယုံကြည်ခြင်းနည်းသည်

၂) သမ္မာတရား၌ ယုံကြည်ခြင်းနည်းသည်

ခ။ ယုံကြည်ခြင်းကို ရှာတွေ့ခြင်း

၁၈ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ပေတရုဟူ၍ခေါ်ဝေါ်သော ရှိမုန်နှင့်အန္ဒြေ၊ ညီအစ်ကို နှစ်ယောက်တို့သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊

၁၉ ထိုသူတို့အား ငါ့နောက်သို့လိုက်ကြလော့။ သင်တို့သည် လူကို မျှားသောတံငါဖြစ်စေခြင်းငှါ ငါပြု မည်ဟု အမိန့်တော်ရှိလေသော်၊

၂၀ ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန်ကိုစွန့်ပစ်၍ နောက်တော်သို့ လိုက်ကြ၏။

၂၁ ထိုမှလွန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။

၂၂ ထိုသူတို့သည်လည်း ချက်ခြင်းအဘနှင့်လှေကို စွန့်ပစ်၍ နောက်တော်သို့လိုက်ကြ၏။ ရှင်မဿဲ ၄း၁၈-၂၂

၁) သခင်ယေရှုနောက်သို့လိုက်ဖို့ ဖိတ်ခေါ်ခြင်း

၂) တုံပြန်ခြင်းကို တောင်းဆိုသော ဖိတ်ကြားခြင်း

၃) ကြီးမားပြီး အံ့သြဖွယ်ကောင်းသော အကျိုးဆက်များရှိသော ဖိတ်ခေါ်ခြင်း

 

နိဂုံး

က။ “ယုံကြည်ခြင်းနည်း”ခြင်း၏ ပြသနာ

၁) ဤအရာသည် ရှင်းလင်းစွာ ရင်ဆိုင်ရမည်

၂) ဤပြသနာသည် ကိုယ်တိုင်ဖြေရှင်းရမည်

ခ။ “ယုံကြည်ခြင်းနည်း” ခြင်း၏အဖြေ

၁) သခင်ယေရှုနောက်လိုက်ခြင်းအားဖြင့်

၂) သခင်ယေရှုခရစ်နှင့် ကိုယ်တော်၏သတင်းကောင်း၌ ဘဝကို ပြောင်းလဲစေသော

ယုံကြည်ခြင်းကို ရှာတွေ့ခြင်းအားဖြင့်။