Bethany Independent Presbyterian Church

Myanmar

”ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏“ ဟေဗြဲသြဝါဒစာ ၁၁

”ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏“ ဟေဗြဲသြဝါဒစာ ၁၁



နိဒါန်း

ယုံကြည်ခြင်း၌ အဓိက ကဏ္ဍနှစ်ခုရှိသည်

(က) ဓမ္မဓိဋ္ဌာန်ကျခြင်း အပိုင်း

(၁) ပမာဏ

(၂) သတ်မှတ်မျဉ်း

(၃) စကားစပ်

(ခ) အတွင်းသဘော ခံယူခြင်း အပိုင်း

(၁) ကိုယ်ပိုင်အမှတ်သညာပြုလုပ်ခြင်း

(၂) နှလုံးသွင်းခြင်း

ဤနှစ်ပိုင်းသည် အမြဲဒွန်တွဲသည်

(က) ဓမ္မဓိဋ္ဌာန်ကျခြင်းသည် ကျွနု်ပ်တို့အား စစ်မှန်သောယုံကြည်ခြင်းကို နားလည်ဖို့ ကူညီသည်

(ခ) အတွင်းသဘော ခံယူခြင်းသည် ကျွနု်ပ်တို့သိသော အမှန်တရားကို ကျင့်သုံးဖို့ ကူညီသည်

 

လက်တွေ့ကျသော ယုံကြည်ခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်

ယုံကြည်ခြင်းသည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။

မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်းအကြောင်းဖြစ်၏။ ဟေဗြဲသြဝါဒစာ ၁၁း၁

၁။ ယုံကြည်ခြင်း၌ “အရာ“ ပါဝင်သည်

(က) စကားလုံး “အရာ” သည် “တည်မြဲခြင်း” ဖြစ်သည်

(ခ) ဤအရာသည် တည်မြဲခြင်းဖြစ်သည်

(၁) တစ်စုံတစ်ခုအပေါ်၌

(၂) တစ်စုံတစ်ခု အတွက်

၂။ ယုံကြည်ခြင်းသည် မျှော်လင့်ခြင်း၌ အခြေပြုသည်

(က) မျှော်လင့်သော တစ်စုံတစ်ခု

(ခ) ယုံကြည်သော တစ်စုံတစ်ခု

(ဂ) ကျွန်ုပ်တို့ တည်ဆောက်ရသော တစ်စုံတစ်ခု

၃။ ယုံကြည်ခြင်းသည် အသက်တာ၌ ထင်ရှားသောအရာဖြစ်သည်

(က) သက်သေပြချက်

(ခ) သေချာသော

(ဂ) ခိုင်လုံသော

 

ရှေးယုံကြည်သောသူတို့ကို စာရင်းပြုစုသည်

၁။ အာဗေလ၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း

(က) သူသည် ဘုရားသခင်ကို ယုံကြည်ခဲ့သည်

(ခ) သူသည် ဘုရားခသင်ကို ဝတ်ပြုကိုးကွယ်ခဲ့သည်

(ဂ) သူ၏ယုံကြည်ခြင်းကို သူလှူသောအလှူအားဖြင့် ဖော်ပြခဲ့သည်

၂။ ဧနောက်၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း

(က) သူသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်

(ခ) သူသည် သစ္စာရှိစွာ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်

(ဂ) သူအသက်ဆုံးသည်အထိ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်

၃။ နောဧ၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း

(က) သူသည် ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို နားထောင်ခဲ့၍ သတိပြုခဲ့သည်

(ခ) သူသည် ဘုရားတရားကြည်ညိုသော ကြောက်ရွံ့ခြင်းအားဖြင့် စိတ်တို့ထိခဲ့သည်

(ဂ) သူသည် သူ၏မိသားစုကို သေခြင်းမှ ကယ်တင်ခဲ့သည်

၄။ အာဗြဟံ၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်း

(က) သူသည် ဘုရားသခင်ကို နာခံခဲ့သည်

(ခ) သူသည် ဘုရားသခင်နောက်လိုက်ဖို့ အရာရာကို စွန့်ခွာခဲ့သည်

(ခ) သူ၏ ယုံကြည်ခြင်းသည် ထင်ရှားပြောင်မြောက်ခဲ့သည်

(ဂ) သူသည် ယုံကြည်ခြင်းဖခင်အဖြစ် ဂုဏ်ပြုခြင်းခံခဲ့သည်

 

ရှေးယုံကြည်သောသူတို့ထံမှ သင်ခန်းစာများ

၁။ ယုံကြည်ခြင်းနှင့် ပေးကမ်းခြင်း

(က) အာဗေလသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့ ရှာဖွေခဲ့သည်

(ခ) သူသည် ဘုရားခသင်အား သူပေးကမ်းနိုင်သော အကောင်းဆုံးအရာဖြင့်ဝတ်ပြုကိုးကွယ်ခဲ့သည်

(ဂ) ကျွန်ုပ်တို့၏ ဘုရားသခင်အပေါ် ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အား ပေးကမ်းဖို့ တို့ထိပါသလား

၂။ ယုံကြည်ခြင်းနှင့် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း

(က) ဧနောက်၏ ယုံကြည်ခြင်းသည် သူ့အား ဘုရားသခင်နှင့်အတူ လျှောက်လှမ်းဖို့ ဆန္ဒဖြစ်စေခဲ့သည်

(ခ) သူသည် ဘုရားသခင်နှင့်အတူ အစဉ်မြဲလျှောက်လှမ်းခဲ့သည်

(ဂ) သူသည် ဤလောကမှ ချီဆောင်ခြင်းခံသည်အထိ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်

၃။ ယုံကြည်ခြင်းနှင့် ဘုရားတရားကြည်ညိုသော ကြောက်ရွံ့ခြင်း

(က) နောဧ၏ ယုံကြည်ခြင်းသည် ဘုရားသခင်ကို နားထောင်စေခဲ့သည်

(ခ) သူသည် နားထောင်ခဲ့၍ ဘုရားတရားကြည်ညိုသော ကြောက်ရွံ့ခြင်းအားဖြင့် တို့ထိခဲ့သည်

(ဂ) သူ၏ သားသမီးများကို ရေကြီးခြင်းဘေးမှ ကယ်တင်ခဲ့သည်

၄။ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်း

(က) အာဗြဲဟံ၏ ယုံကြည်ခြင်းသည် သူ့အား ဘုရားသခင်ကို နာခံစေခဲ့သည်

(ခ) သူသည် ရှိသမျှထားခဲ့ဖို့နှင့် ဘုရားသခင်၏ လမ်းပြခြင်းသို့ နောက်လိုက်ဖို့ ပြင်ဆင်ခဲ့သည်

(ဂ) သူ၏ယုံကြည်ခြင်းသည် ယုံမှားခြင်းမရှိဘဲ နှစ်တွေကြာလာသည်နှင့်အမျှ ပို၍ကြီးထွားလာခဲ့သည်

 

ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ဖို့ စိန်ခေါ်ချက်

၁။ တစ်ယောက်နှင့်တစ်ယောက် အသက်တာ၏ ယုံကြည်ခြင်းသည် မတူကြပေ

၂။ စိန်ခေါ်ချက်မှာ ယုံကြည်ခြင်းအားဖြင့် ဘယ်လိုအသက်ရှင်ရမလဲဆိုတာ ကိုယ့်ကိုယ်ကို မေးဖို့ဖြစ်ပါသည်

၃။ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ဖို့ ဆန္ဒရှိရပါမည်

(က) ရိုးသားမှန်ကန်စွာဖြင့်

(ခ) ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချလျက်

(ဂ) ဆုတောင်းလျက်

 

နိဂုံး

၁။ အောင်မြင်သော ယုံကြည်ခြင်းအသက်တာသည် ဖြစ်နိုင်ပါသည်

၂။ တစ်ဦးချင်းစီမှ များစွာသောအရာကိုသာ တောင်းဆိုသည်

၃။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကူညီဖို့ သူ့အပိုင်းအား ပျက်ကွက်မည်မဟုတ်ပါ