Bethany Independent Presbyterian Church

Myanmar

“ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့” ဟေဗြဲ ၁၂း၁-၁၅

“ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့” ဟေဗြဲ ၁၂း၁-၁၅



နိဒါန်း

က။ ယုံကြည်ခြင်း၏ အစိတ်အပိုင်းများ

၁) ယုံကြည်ခြင်း၏ အစပိုင်း

၂) ယုံကြည်ခြင်း တည်ဆောက်ခြင်း

၃) ယုံကြည်ခြင်း ၏ရဲရင့်ခြင်း

ခ။ ဤအရာများသည် စိန်ခေါ်ခြင်းများ ဖြစ်သည်

၁) တဦးခြင်းအား စိန်ခေါ်ခြင်း

၂) အသင်းတော်အတွက် စိန်ခေါ်ခြင်း

၃) ကျွန်တော်တို့ အိုင်ပီစီ အသင်းတော်အသီးသီး အတွက် စိန်ခေါ်ချက်

 

ဤမျှလောက် များစွာသော သက်သေအပေါင်းတို့

၁ထိုကြောင့်၊ ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိ ကြသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊

နှောင့်ရှက်တတ်သောဒုစရိုက်ကို၎င်း ပယ်ရှား၍၊ ငါတို့ မျက်မှောက်၌ ထားသောပန်းတုံးတိုင်သို့ရောက်ခြင်းငှါ၊ အားမလျော့ဘဲ ပြေးကြကုန်အံ့။

၂ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ ထားသော ဝမ်းမြောက်ခြင်း အကြောင်းကြောင့်၊

ရှက်ကြောက်သောအရာ ကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ၊ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ထိုင်နေတော်မူ၏။ ဟေဗြဲ ၁၂း၁-၂

က။ ဤမျှလောက်သော ယုံကြည်ခြင်း၏ သက်သေများ (ဟေ ၁၁)

၁) သူတို့သည် မိုးတိမ်မျှများသော သက်သေများကိုသရုပ်ပြသည်

၂) သူတို့သည် ထူးခြားသော ယုံကြည်ခြင်းရရှိနိုင်ခြင်း ငါတို့အား ဖော်ပြသည်

ခ။ ဤအရာတို့သည် သူတို့အားကိုးကားသည်

၁) ကျွန်တော်တို့ သင်ယူရန်

၂)ကျွန်တော်တို့ ခွန်အားယူရန်

 

ငါတို့အား နှောင့်ရှက်တတ်သောအရာများ
က။ ကျွန်တော်တို့အားနှောင့်ရှက်တတ်သောအရာများ

၁) ဆိုးရိမ်မှုများ

၂) ကြွယ်ဝချမ်းသာခြင်း

၃) ယုံကြည်ခြင်းအားမရှိခြင်း မဿဲ ၅-၇

ခ။ ကျွန်တော်တို့ကို နှောင့်ရှက်သော အပြစ်

၁) တဦးနှင့်တဦး မတူညီကြပါ

၂) ထိုအပြစ်ကို အမိမှတ်ပါ

၃) ထိုအပြစ်ကိုရင်ဆိုင်ပါ

 

ဤပြသနာများသည် ကျွန်တော်တို့ မည်သို့ကိုင်တွယ်မည်နည်း

က။ သည်းခံခြင်း

၁) ဘဝသည် အပြေးပြိုင်ပွဲလို မြင်တတ်ပါ

၂) စိတ်ထဲ မှတ်ရမည့် သော့ချက်စကားသည် “အားမလျော့”

ခ။ သခင်ယေရှုကို စေ့စေ့ထောက်ရှုခြင်း – ၁

၁) ယုံကြည်ခြင်းကို အစအဦးစီရင်သူ

က) ကိုယ်တော်သည် ကျွန်တော်တို့၏ အကြောင်းအရာကို ရေးသားသည်

ခ) သူသည် ဘယ်အရာကို ရေးထားခဲ့ပြီလဲ

၂) ကိုယ်တော်သည် မည်ကဲ့သို့ ကျွန်တော်တို့၏ အကြောင့်ကိုရေးထားသလဲ

၂သင်တို့သည် ငါတို့စိတ်နှလုံးပေါ်၌ ရေးထားသောစာ၊ လူအပေါင်းတို့သိ၍ ဘတ်တတ်သောငါတို့ စာပင်ဖြစ်ကြသတည်း။

၃ အဘယ်သို့နည်းဟူမူကား၊ သင်တို့သည် မှင်နှင့် ရေးထားသော စာမဟုတ်။ အသက်ရှင်တော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ရေး၍၎င်း၊

ကျောက်ပြားပေါ်၌မရေးဘဲ အသားနှင့်ပြည့်စုံသော နှလုံးပြားပေါ်၌ ရေး၍၎င်း၊ ငါတို့ပြုစုသော ခရစ်တော်၏စာ ထင်ရှားစွာဖြစ်ကြ၏။ ၂ကော ၃း၂-၃

က) ကိုယ်တော်သည် မိမိကျွန်တို့အားဖြင့်သူ့သမိုင်းရေးသည်

ခ) ယုံကြည်သူတို့သည် သခင်ဘုရား၏ ပေးစာများဖြစ်ကြသည်

ဂ) စာရေးသူသည် သန့်ှရှင်းသော ဝိညာဉ်တော်ဖြစ်သည်

ဃ) သူသည် ကိုယ်ခန္ဓာ၊ နှလုံးသား၌ရေးသားသည်

ဂ။ သခင်ယေရှုကို စေ့စေ့ထောက်ရှုခြင်း – ၂

၁) ကိုယ်တော်သည် ကျွန်တော်တို့ ယုံကြည်ခြင်းကို စုံလင်စေသောသူဖြစ်သည်

၂) ပုံသက်သေအားဖြင့် ကိုယ်တော်သည် လူတို့အား သွန်သင်ပေးသည်

က) သူသည် ပျော်ရွှေမှုရှိသည်

ခ) ကားတိုင်ဒဏ်ကို ခံနိုင်သည်

ဂ) ရှက်ကြောက်သော အရာကိုမမှတ်

၃) သူ၏ အမှုသည် အောင်မြင်စွာ အပြီးဆောင်ရွက်သည်

၄) သူသည် ဘုရားသခင်၏လကျ်ာဘက်၌ထိုင်တော်မူသည်

 

အောင်မြင်သောသူ၏ ပုံသက်သေ

၂၄မြေတလင်း၌ပြိုင်၍ ပြေးကြသောသူအပေါင်းတို့သည် ပြိုင်၍ ပြေးကြသော်လည်း၊ တယောက်တည်း သာလျှင် ဆုကိုရသည်ဟု သင်တို့ မသိကြသလော။

ဆုကို ရမည်အကြောင်း ပြေးကြလော့။ ၂၅ ပွဲ၌ပြိုင်၍ အချင်းချင်းတိုက်သော သူမည်သည်ကား၊ အရာရာ၌ တပ်မက်ခြင်းကို ချုပ်တည်းတတ်၏။

ထိုသူတို့သည် ညှိုးနွမ်းပျက်စီးတတ်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါပြုကြ၏။ ငါတို့မူကား မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရခြင်းအလိုငှါ ပြုကြ၏။

၂၆ ထိုကြောင့် ငါပြေးသောအခါ၊ အမှတ်တမဲ့ပြေးသည်မဟုတ်၊ လက်ပွေ့သတ်သောအခါ အာကာသ ကောင်းကင်ကိုသာ ထိုး၍ သတ်သည်မဟုတ်။

၂၇ သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသော သူမဖြစ်ရမည်အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏။ ၁ကော ၉း၂၄-၂၇

က။ တမန်တော်ပေါလု၏ ပုံသက်သေ

ခ။ သူ၏သက်သေသည် အားရစေတတ်သည်၊-

၁) သူ၏အပြေးပြိုင်ခြင်းသည် အောင်ဖို့နှင့် မညှိုးနွမ်း မပျက်စီး နိုင်သော ပန်းဦးရစ်ကို ရဖို့ရှာသည်

၂) သူ့ကိုယ်သူ ပြိုင်သောသူအဖြစ်မြင်သည်

၃) သူသည် အရာရာ၌ သည်းခံသည်

၄) စိတ်ချခြင်းနှင့် သူပြေးသည်

၅) ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိသည်

၆) သူလုပ်သင့်သောအရာကို လုပ်ဖို့မိမိကိုယ်ခန္ဓာနိုင်သည်

၇) ကိုယ်တိုင်ရှုံးသော သူအဖြစ် အဆုံးမသတ်လိုသည်

 

နိဒါန်း

က) ကျွန်တော်တို့သည် ဤမျှလောက်ကြီးမားသော ယုံကြည်ခြင်းရှိသည်

ခ) ကျွန်တော်တို့သည် ဘုန်းကြီးသော ကယ်တင်ရှင်ရှိသည်

ဂ) သခင်ယေရှုသည် အသက်တာထဲ၌ ချီးမွမ်းဖို့ရှာကြပါစို့၊

ဃ) ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။”