Bethany Independent Presbyterian Church

Myanmar

မေတ္တာမရှိလျှင် ၁ ကော ၁၃

မေတ္တာမရှိလျှင် ၁ ကော ၁၃



နိဒါန်း

၁။ ထိုအချိန်က အသင်းတော်သည် ပုံစံမျိုးစုံနှင့် တိုက်ခိုက်ခြင်းခံနေရသည်။

က) ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခြင်း

ခ) အတွင်းထဲက ငြင်းခုံချင်း

၂။ ကောရိန္ဃုအသင်းတော်

က) အသင်းတော်ကို ရှင်ပေါလုက တည်ထောင်ခဲ့သည်။

ခ) အသင်းတော်ကြီးထွားနိုင်ရန် အနည်းဆုံး ၁၈ လလောက် နေထိုင်ခဲ့သည်။

ဂ) အသင်းတော်သည် ဝိညာဉ်ဆုကျေးဇူးမျိုးစုံနှင့် အရှိန်ဖြင့်တိုးတက်လာသည်။

 

အသင်းတော်တွင်းပြသနာများထဲက တစ်ခု

၁။ ဘာသာစကားနှင့်ဆိုင်သော သြဝါဒတွင် မတူညီသောအမြင်များရှိသည်။

၂။ ဤပြသနာသည် အသင်းတော်ကို ဆွဲချနေသည်။

၃။ ထိုပြသနာသည် တင်းကျပ်စွာဖြေရှင်းရမည့် ပြသနာဖြစ်သည်။

 

ဘာသာစကားဆုကျေးဇူးအကြာင်း မှန်ကန်စွာ နားလည်ခြင်း

၁။ ဘာသာစကားဆုကျေးဇူး အကြောင်းကို မှန်ကန်၊ရှင်းလင်းစွာ နားလည်ခြင်း

က) ဤအကြောင်းအရာကို မှန်ကန်စွာ နားလည်ရမည်။

ခ) ဤအကြောင်းအရာကို ပြီးပြည့်စုံစွာ နားလည်ရမည်။

၂။ ဘာသာစကားပြောခြင်းနှင့်ဆိုင်သော သွန်သင်ချက်ကို မှန်ကန်တိကျစွာ ကျင့်သုံးရမည်။

က) သမ္မာသမတ်ကျတဲ့ တရားသည် အလွန်အရေးပါသည်။

ခ) ထိုနည်းတူ အသင်းတော်ထဲ ထိုတရားကို ကျင့်သုံးခြင်းဟာလည်း အလွန်အရေးကြီးသည်။

 

အသင်းတော်အဖို့ ဘုရားသခင်ပြင်ဆင်ပေးသောအရာများ

27 သင်တို့သည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။

28 ဘုရားသခင်သည်ပဌမအရာ၌ တမန်တော်တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယ အရာ၌

ဆရာတို့ကို၎င်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကို၎င်း၊ ထိုနောက်အနာရောဂါကို ငြိမ်းစေနိုင်သော

အခွင့်ရှိသောသူတို့ကို၎င်း၊ သင်းထောက်တို့ကို၎င်း၊ စီရင် အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုးသော

ဘာသာစကား ကိုပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။

29 သင်းဝင်သူ ရှိသမျှတို့သည် တမန်တော်ဖြစ်ကြ သလော။ ရှိသမျှတို့သည် ပရောဖက်ဖြစ်ကြသလော။

ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည် ဘုန်းတန်ခိုးကို ပြနိုင်ကြသလော။

30 ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော

ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏ အနက်ကို ဘော်ပြနိုင်ကြသလော။

31 သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သော လမ်းကိုငါပြဦးမည်။ ၁ ကော ၁၂း ၂၇-၃၁

၁။ အခင်းအကျင်း

ခရစ်တော်၏ ကိုယ်ခန္ဓာ (အသင်းတော်)

၂။ ဘုရားသခင်၏ ခွဲခန့်ခြင်း

က) တမန်တော်များ

ခ) ပရောဖက်များ

ဂ) သင်းအုပ်ဆရာများ

၃။ ဘုရားသခင်၏ ဆုကျေးဇူးများ

က) နမိတ်လက္ခာဏာများ

ခ) အနာငြိမ်းခြင်းများ

ဂ) ထောက်ပံ့ခြင်းများ

ယ) စီမံခန့်ခွဲခြင်းများ

င) အမျိုးမျိုးသော ဘာသာစကားပြောခြင်း

၄။ သို့သော် သာ၍ကောင်းသော အမြင်နှင့်စဉ်းစားဆင်ခြင်ရန် နည်းရှိသည်။

 

သာ၍ကောင်းသော အမြင်ကို လေးလေးနက်နက်ဖော်ပြချက်များ

၁ ငါသည် လူဘာသာစကားကို၎င်း၊ ကောင်းကင်တမန်ဘာသာစကားကို၎င်း ပြောနိုင်သော်လည်း မေတ္တာ

မရှိလျှင် အသံမြည်သော တံပိုးခရာကဲ့သို့၎င်း၊ တီးသံကိုသာ ပေးတတ်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်၏။

2 ပရောဖက်ဉာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊

တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။

3 သူတပါးကို ငါကျွေးမွေး၍ ဥစ္စာရှိသမျှကို စွန့်ကြဲသည်သာမက၊ ကိုယ်ခန္ဓာကို မီးရှို့စေခြင်းငှါ အပ်သော်လည်း၊ မေတ္တာမရှိလျှင်၊ ငါ၌အကျိုးမရှိ။

4 မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။

5 မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊

6 မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။

7 ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။

ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။

8 မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်၎င်း၊ အမျိုးမျိုးသော

ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။ ၁ ကော ၁၃း ၁ – ၈

၁။ လူများအထင်ကြီး လိုချင်သော ဆုကျေးဇူးများ

က) ပရောဖက်ပြုခြင်း

ခ) အသိတရားကြွယ်ဝမှုများ

ဂ) ယုံကြည်ခြင်း

ယ) ပရဟိတအလှူ

င) မာတုရများ

၂။ မေတ္တာကို နှိုင်းယှဉ်ခြင်း

က) မေတ္တာမရှိလျှင်

ခ) အထက်က ဖော်ပြခဲ့သော အချက်များသည် မေတ္တာဆုကျေးဇူးနှင့် ယှဉ်ရင်နှိုင်းစရာမရှိပေ။

ဂ) အခြားသော ဆုကျေးဇူးများသည် အချိန်ပျောက်ကွယ်သော်လည်း မေတ္တာသည် အဆုံးမရှိသော ဆုကျေးဇူးဖြစ်သည်။

၃။ သို့သော်လည်းဟူသော စကားလုံး

က) ဒီစကားလုံးသည် “လျှင်”ဟု တိုက်ရိုက်ဆိုလိုသည်။

ခ) ဒီစကားလုံးသည် ပြန်ခြေပသော စကားလုံးသာဖြစ်သည်။

ဂ) ဒီစကားလုံးသည် ဖြစ်နိုင်ခြေရှိသော စကားဆက်အဖြစ် အသုံးပြုထားသည်။

 

မေတ္တာ၏ အရည်အသွေး

၁။ ဤအရာသည် ရှုထောင့်များစွာရှိသည်။

4 မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။

5 မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊

6 မတရားသော အမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။

7 ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကို သည်းခံတတ်၏။

8 မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။ ပရောဖက်ဉာဏ်သော်၎င်း၊

အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်သော်၎င်း၊ သိပ္ပံအတတ်သော်၎င်း၊ ကွယ်ပျောက်လိမ့်မည်။ ၁ ကော ၁၃း ၄-၈

၂။ အမြင်တစ်ခုစီတိုင်းကို သတိကြီးစွာ လိုက်နာကျင့်သုံးရပါသည်။

၃။ မေတ္တာဆုကျေးဇူး၏ အရေးပါမှုကို အထင်မသေးမိဖို့ အလွန်မရေးကြီးသည်။

 

အသင်းတော်အတွင်းပြသနာများ

က) ပြသနာများသည် အယူလွဲဆရာများထံက လာသည်။

ခ) မေတ္တာမရှိသောကြောင့် ပြသနာသည် ပိုပိုရှုပ်ထွေးများပြားလာသည်။

၃။ ဘုရားမေတ္တာမရှိတဲ့အသင်းတော်သည် ပြသနာပေါင်းစုံနှင့် ရှုပ်ထွေးလာရသည်။

 

နိဂုံးချုပ်

၁။ ဤမေတ္တာဆုကျေးဇူးကို တောင်းခံ၊ရှာဖွေကြရအောင်။

၂။ ဘုရားသခင်ထံက လာတဲ့အရာမလို့ ဆုကျေးဇူးသည်ဟု နားလည်ရသည်။

၄။ လူတိုင်းကို မေတ္တာထားနိုင်ရန် မိမိကိုယ်မိမိ စိန်ခေါ်၊သင်ယူရန်ဖြစ်သည်။