Bethany Independent Presbyterian Church

Myanmar

ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏ (ထွက် ၃၁း ၃)

ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏ (ထွက် ၃၁း ၃)

နိဒန်း

၁။ ဝိညာဉ်တော်နှင့် ပြည့်စုံစေခြင်း

က။ ဘုရားသခင်ထံမှ လာသည်။

ခ။ သတိကြီးစွာ ပေးထားသည်။

၂။ နားလည်သဘောပေါက်ရန် စိန်ခေါ်မှူ

က။ ဘယ်လို ဖြစ်စေသနည်း။

ခ။ ဘာကြောင့် ဖြစ်စေသနည်း။

 

တဲတော် တည်ဆောက်ခြင်းအမှူ
1 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးသားတို့သည်၊

2 ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ဆင့်ဆိုလော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူတို့၌ သင်သည် အလှူကို ခံရမည်။

3 ခံရသောအလှူဟူမူကား၊ ရွှေ၊ ငွေ၊ ကြေးဝါ၊

4 ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချော၊ ဆိတ်မွေး။

5 အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။

6 လိမ်းရန်ဆီဘော်ဘို့၊ မီးရှို့ရာနံ့သာပေါင်းမွှေးဘော်ဘို့ရာ၊ နံ့သာမျိုး၊ မီးထွန်းစရာဆီ၊

7 ရှဟံကျောက်၊ ယဇ်ပုရောဟိတ် သင်တိုင်းနှင့် ရင်ဖွဲ့၌ စီစရာကျောက်မြတ်တည်းဟူသော အလှူကို ခံရမည်။

8 ငါသည် သင်တို့တွင် ကျိန်းဝပ်ရာဘို့ သန့်ရှင်းရာဌာနကို လုပ်ကြစေ။

9 ငါပြသမျှသော တဲတော်ပုံ၊ တဲတော်တန်ဆာပုံနှင့်အညီ လုပ်ရမည်။ ထွက်မြောက် ၂၅း ၁-၉

၁။ သင်တို့သည် ငါ့အား သန့်ရှင်းရာဌာနကို လုပ်ကြစေ ထွက် ၂၅း၈က

၂။ ငါသည် သင်တို့တွင် ကျိန်းဝပ်နေ လိမ့်မည် ထွက် ၂၅း ၈ခ

၃။ ငါ့အား လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ရမည်အကြောင်း ထွက် ၂၅း ၂က

၄။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့အား လှူသမျှသောသူ ထွက် ၂၅း၂

၅။ ငါပြသမျှသော အရာ

က။ တဲတော်ပုံနှင့် အညီ

ခ။ တဲတော်တန်ဆာပုံနှင့် အညီ

 

တဲတော် တည်ဆောက်သောသူများ

1 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊ 2 နားထောင်လော့၊

ငါသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။

3 သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊

4 သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊

5 ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။

6 သူနှင့်အတူ ဒန်အမျိုးသား အဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။

ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ။

7 ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး၊ တဲတော် တန်ဆာရှိသမျှကို၎င်း၊

8 စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံ တန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်း ရှို့သော ပလ္လင်၊

9 မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တ န်ဆာရှိသမျှကို၎င်း၊

10 အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သော အခါ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ၏သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊

11လိမ်းစရာ ဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ၏။ ထွက်မြောက် ၃၁း ၁-၁၁

၁။ ဘုရားသခင်၏ ခေါ်ဖိတ်ခြင်း

က။ ယုဒအမျိုးသား ဥရိ၏သား ဗေဇလေလ ထွက် ၃၁း ၂

ခ။ ဒန်အမျိုးသား အဟောလျဘ ထွက် ၃၁း ၆

၂။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေခြင်း ထွက် ၃၁း ၅

က။ ဗေဇလေလ ထွက် ၃၁း ၁-၅

၁။ ဉာဏ်ပညာ

၂။ အသိအမြင်

၃။ အသိပညာ

၄။ အမျိုးမျိုးသော အလုပ်ကို

၅။ ထူးဆန်းသော အလုပ် လုပ်တတ်မည်အကြောင်း

၆။ ရွှေငွေကြေးဝါကို လုပ်သော အတတ်၊

၇။ ကျောက်ကို သွေး၍ စီသောအတတ်၊

၈။ သစ်သားကို ထုလုပ်သော အတတ်နှင့်

၉။ ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို

ခ။ အဟောလျဘ ထွက် ၃၁း ၆-၁၁

၁။ အဟောလျဘအား ခန့်အပ်ခြင်း ထွက် ၃၁း ၆

၂။ လက်မှူပညာရှိသောသူများ ထွက် ၃၁း ၆ခ

၃။ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်းကို ဖော်ပြခြင်း

က။ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ ထွက် ၃၁း ၆

ခ။ ဘုရားသခင်၏ အမိန့်အားလုံးတို့အား လိုက်နာရန်

၁။ ပရိသတ်စည်းဝေးရာ တဲတော်

၂။ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး

၃။ တဲတော် တန်ဆာရှိသမျှ

၄။ စားပွဲနှင့် စားပွဲတန်ဆာ

၅။ စင်ကြယ်သော မီးခုံနှင့် မီးခုံ တန်ဆာရှိသမျှ

၆။ နံ့သာပေါင်း ရှို့သော ပလ္လင်

၇။ မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တ န်ဆာရှိသမျှ

၈။ အမှုတော်ကို ထမ်းစရာအဝတ်

၉။ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ၏သားဝတ်ဘို့ သန့်ရှင်းသောအဝတ်

၁၀။ လိမ်းစရာ ဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ၏။

 

တဲတော်ကို သန့်ရှင်းစေခြင်း

1 တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ 2 သင်သည် ပဌမလ၊ ပဌမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကို ဆောက်ရမည်။

3 တဲတော်အထဲ၌၊ သက်သေခံချက် သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။

4 စားပွဲ ကိုလည်း သွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်း သွင်း၍၊ မီးခွက်တို့ကို ထွန်းရမည်။

5 နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌ တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။

6 ယဇ်ကောင်ရှို့ရာ ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။

7 အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင် စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ ရေကို ထည့်ရမည်။

8 တဲတော်ပတ်လည်ဝင်းကို ထူ၍၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။

9 လိမ်းရန် ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့်

တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်းရလိမ့်မည်။

10 ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန် သန့်ရှင်းသော ပလ္လင်ဖြစ်ရမည်။

11 အင်တုံနှင့် ခြေထောက်ကိုလည်း လိမ်း၍ သန့်ရှင်းစေရမည်။ 12 အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။

13 အာရုန်သည် ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။

14 သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊

သူတို့ကို ခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကို ဆီလိမ်းရမည်။

15 အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ် အရာဖြစ်သတည်းဟု၊

16 ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။ ထွက်မြောက် ၄၀း ၁-၁၆

၁။ တဲတော်တည်ဆောက်ခြင်းအား ပြီးဆုံးခြင်း

၂။ သန့်ရှင့်စေခြင်း။

က။ တဲတော်

ခ။ တဲတော်၌ ယဇ်ပုရောဟိတ်များ

က။ အာရုန်သည် ယဇ်ပုရောဟိတ်အမှု

ခ။ အာရုန်၏ သားများ ယဇ်ပုရောဟိတ်ဖြစ်ခြင်း

 

ထာဝရဘုရား၏ အတူပါရှိခြင်း

34 ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။

35 ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။

ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။

36 ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။

37 မိုဃ်းတိမ်မကွာ မမြောက်လျှင်၊ မကွာမမြောက်မှီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။

38 ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ၏။

ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။ ထွက်မြောက် ၄၀း ၃၄-၃၈

၁။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။

၂။ ထာဝရဘုရား၏ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊

၃။ မောရှေသည် အထဲသို့မဝင်ရ။

၄။ ထာဝရဘုရား၏ မိုဃ်းတိမ်နှင့် မီးလျှံတို့သည် ဣသရေလအမျိုးသားနှင့်အတူ ပါရှိသည်။

 

နိဂိုး

၁။ သန့်ရှင်းသော ဝိညာဉ်တော်၏ အထူးဆုများ

က။ ဉာဏ်ပညာ

ခ။ အသိအမြင်

ဂ။ အရည်အခြင်း

၂။ ဆုကျေးဇူးများကို အသုံးပြုခြင်း

က။ ဆုကျေးဇူးများကို တိုးပွားစေခြင်း

ခ။ ဆုကျေးဇူးများကို လက်တွေ့ အသုံးချခြင်း

၃။ ထာဝရဘုရား၏ ထောက်ခံခြင်း

က။ အတူရှိခြင်း အားဖြင့်

ခ။ စွမ်းရည်ပေးခြင်း အားဖြင့်