Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏ ရထားတော်တို့” ဆာ ၆၈း၁၇-၂၀

“ဘုရားသခင်၏ ရထားတော်တို့” ဆာ ၆၈း၁၇-၂၀



နိဒါန်း

က။ ရထားများသည် အင်အားရှိသော နိုင်ငံများနှင့်ဆိုင်သည်

ခ။ မောရှေခေတ် ရှေးခေတ်အိဂျစ်ပြည်သည် ရထားနှင့်ဆိုင်ပြီး နာမည် ကြီးခဲ့သည်

ဂ။ ရထား စကားအသုံးအနှုန်းသည် ထာဝရဘုရား၏ ဗိုလ်ခြေ နှင့်လည်းဆိုင်သည်

၁၇ဘုရားသခင်၏ရထားတော်တို့သည် အထောင်အသောင်းမက များကြ၏။ ဘုရားရှင်ပါတော်မူ၏။ သိနာတောင်လည်း သန့်ရှင်းရာဌာနတော်၌ ရှိသတည်း။

၁၈ ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင်

ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။

၁၉ ထာဝရဘုရားသည် အစဉ်မင်္ဂလာရှိတော်မူစေသတည်း။ ငါတို့ကို သူတပါး ညှဉ်းဆဲသောအခါ၊ ဘုရားသခင် ကယ်တင်တော်မူ၏။

၂၀ငါတို့၏ ဘုရားသခင်သည် ကယ်တင်နိုင်သော ဘုရားဖြစ်တော်မူ၏။ ဘုရားရှင်ထာဝရဘုရားသည် သေခြင်းသို့ ရောက်သော

လမ်းကိုလည်း အစိုးပိုင်တော်မူ၏။ ဆာ ၆၈း၁၇-၂၀

 

ဘုရားသခင်၏ ရထားတော်တို့

က။ ရထားတော်ပုံဥပမာသည် ဘုရားသခင်၏ ကောင်းကင်ဗိုလ်ခြေ နှင့်ပတ်သတ်သည်

ခ။ ရထား အရေအတွက်၊-

၁) ရထား ၂၀,၀၀၀

၂) ကုဋေသင်္ချေမက

၃) “အတိုင်မသိများစွာသော” ဟု အဓိပ္ပယ်ရ

ဖရောဖက် ဧလိယနှင့် ဆိုင်သော နာမည်ကြီးသမိုင်း

က။ မီးရထား

၁-၂ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊

ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ၏။

၃ထိုမြို့၌ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ၍၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ

ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို၏။

၄ ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊

ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏။

 

၅ ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ၊

ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။

၆ ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊

ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ၏။

၇ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။

၈ ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။

၉ မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊

ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊

၁၀ ဧလိယကသင်သည်ရခဲသောဆုကို တောင်း၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။

၁၁ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊

ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။

၁၂ ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း၊

နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။

၁၃ အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍၊

၁၄ ရေကို ဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍

တဖန် ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။ ၄ ဓမ္မ ၂း၁-၁၄

ခ။ ဤသည် ဧလိယ ကောင်းကင်ဘုံသို့ သယ်ယူဖို့ဆောင်သော မီးရထားဖြစ်သည်

ဂ။ အထူးသဖြင့် ဧလိရှဲအားသွန်သင်ပေးရန် တန်ခိုးရှိသောပုံပြခြင်းဖြစ်သည်

၁) ဘုရားသခင်၏အကြောင်း

၂) ကိုယ်တော်၏ တန်ခိုးတော်

၃) ဧလိယထံမှ အမွေခံသော ဧလိရှဲ၏ အမှုတော်အကြောင်းဖြစ်သည်

ပရောဖက်အမျိုးသားတို့က၊ ကိုယ်တော်နှင့်အတူ ယခုနေသော အရပ်သည် ကျဉ်းမြောင်းပါ၏။

၂အကျွန်ုပ်တို့သည် ယော်ဒန်မြစ်နားသို့ သွားပါ ရစေ။ ထိုအရပ်၌ဝိုင်း၍ သစ်သားကိုခုတ်ပြီးလျှင်၊

ကိုယ်နေစရာဘို့ လုပ်ပါရစေဟု ဧလိရှဲထံ၌ အခွင့်တောင်း လျှင်၊ သွားကြလော့ဟု အခွင့်ပေး၏။

၃အချို့ကလည်း မငြင်းပါနှင့်။ ကိုယ်တော် ကျွန် တို့နှင့် ကြွတော်မူပါဟု တောင်းပန်လျှင်၊ ငါသွားမည်ဟု ဝန်ခံသည်အတိုင်း၊

၄သူတို့နှင့်အတူ လိုက်လေ၏။ ယော်ဒန်မြစ်နား သို့ ရောက်သောအခါ သစ်သားကိုခုတ်ကြ၏။

၅ တယောက်သောသူသည် ခုတ်စဉ်တွင်၊ ရေထဲသို့ ပုဆိန်ကျ၏။ ခုတ်သောသူကလည်း၊ ခက်လှပြီသခင်။ ထိုပုဆိန်သည် ငှါးခဲ့သောဥစ္စာ ဖြစ်ပါ၏ဟု အော်ဟစ် လျှင်၊

၆ ဘုရားသခင်၏လူက၊ အဘယ်မှာ ကျသနည်းဟု မေးသော်၊ ကျရာအရပ်ကိုပြပြီးမှ၊ ဒုတ်ကိုခုတ်၍ ထိုအရပ်၌ချသဖြင့် ပုဆိန်သည် ပေါလောနေ၏။

၇ဆယ်ယူလော့ဟု ဧလိရှဲဆိုသည်အတိုင်း၊ တပည့် သည် လက်ကို ဆန့်၍ ဆယ်ယူ၏။

၈ တဖန် ရှုရိရှင်ဘုရင်သည် ဣသရေလပြည်ကို စစ်တိုက်၍၊ ဤမည်သောအရပ်၊ ဤမည်သောအရပ်၌ ငါတို့သည် တပ်ချကြ ကုန်အံ့ဟု ကျွန်တို့နှင့် တိုင်ပင်သောအခါ၊

၉ဘုရားသခင်၏လူသည် ဣသရေလရှင်ဘုရင် ထံသို့ လူကိုစေလွှတ်၍၊ဤမည်သောအရပ်ကို သတိပြုပါ။ ထိုအရပ်သို့ ရှုရိလူတို့သည် လာကြပြီဟု၊

၁၀ သတိပေးသောအရပ်သို့ ဣသရေလရှင်ဘုရင် သည် လူကိုစေလွှတ်၍ တကြိမ်နှစ်ကြိမ်မက ရန်သူတို့ကို ရှောင်လေ၏။

၁၁ထိုအကြောင်းကြောင့် ရှုရိရှင်ဘုရင်သည် စိတ် ပူပန်၍ ကျွန်တို့ကို ခေါ်ပြီးလျှင်၊

ငါတို့တွင် အဘယ်သူ သည် ဣသရေလရှင်ဘုရင်ဘက်၌ နေသည်ကို ငါ့အား မပြဘဲနေကြသနည်းဟုမေးသော်၊

၁၂ကျွန်တယောက်က၊ ထိုသို့မဟုတ်ပါ အရှင် မင်းကြီး၊ ကိုယ်တော်စက်တော်မူခန်းထဲ၌ မိန့်တော်မူသော စကားကိုပင်၊

ဣသရေလပြည်၌ရှိသော ပရောဖက်ဧလိရှဲ သည်၊ ဣသရေလရှင်ဘုရင်အား ပြန်ပြောတတ်ပါသည် ဟု လျှောက်လေ၏။

၁၃ ရှင်ဘုရင်ကလည်း၊ သူသည်အဘယ်အရပ်၌ ရှိသည်ကို သွား၍ ချောင်းကြည့်လော့။ သူ့ကို ဘမ်းဆီး စေခြင်းငှါ

ငါစေလွှတ်မည်ဟု မိန့်တော်မူပြီးမှ၊ ဒေါသန်မြို့ ၌ ရှိပါသည်ဟု လျှောက်လေ၏။

၁၄ ထိုမြို့သို့မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ ဗိုလ်ခြေများ ကို စေလွှတ်သဖြင့်၊ ညဉ့်အခါရောက်၍ မြို့ကိုဝိုင်းကြ၏။

၁၅ နံနက် စောစောဘုရားသခင့်လူ၏ ကျွန်သည် ထ၍ ပြင်သို့ ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊

ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိကြသည်ဖြစ်၍၊ အိုသခင်၊ အဘယ်သို့ ပြုရပါမည်နည်းဟု မိမိသခင်အား ဆို၏။

၁၆ ဧလိရှဲကမစိုးရိမ်နှင့်။ ငါတို့ဘက်၌ နေသော သူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက်သာ၍ များကြသည်ဟု ဆိုလျက်၊

၁၇ အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊

ထာဝရဘုရားသည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။

၁၈ ရှုရိလူတို့သည် ရောက်လာသောအခါ၊ ဧလိရှဲက၊ အိုထာဝရ ဘုရား၊ ဤသူတို့၏ မျက်စိမမြင်စေခြင်းငှါ၊

ဒဏ်ခတ်တော်မူပါဟု ဆုတောင်းသည်အတိုင်း၊ ဒဏ်ခတ် တော်မူ၏။

၁၉ ဧလိရှဲကလည်း၊ ဤလမ်းမဟုတ်။ ဤမြို့လည်း မဟုတ်။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ရှာသောသူရှိရာသို့ ငါပို့မည်ဟု ဆိုလျက်ရှမာရိမြို့သို့ ပို့လေ၏။

၂၀မြို့ထဲသို့ရောက်ပြီးမှ ဧလိရှဲက၊ အိုထာဝရဘုရား၊ ဤသူတို့သည် မြင်နိုင်မည်အကြောင်း သူတို့၏ မျက်စိကို ဖွင့်တော်မူပါဟု

ဆုတောင်းသည်အတိုင်း၊ သူတို့၏မျက်စိ ကို ဖွင့်တော်မူသဖြင့်၊ သူတို့သည် မြင်၍ ရှမာရိ မြို့ထဲမှာ ရှိသည်ဟု သိကြ၏။ ၂ဓမ္မ ၆း၁-၂၀

က။ ဘုရားသခင်၏ ဗိုလ်ခြေတို့သည် ဧလိရှဲအားဝိုင်းရံနေသည်

၁၇ အိုထာဝရဘုရား၊ ဤသူသည် မြင်နိုင်မည် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်း သည်အတိုင်း၊၊ ထာဝရဘုရားသည်

ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံး သည်မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်လေ၏။ ၂ဓမ္မ ၆း၁၇

ခ။ ဘုရားသခင်၏ အားကြီးသော ဗိုလ်ခြေတို့အား မြင်နိုင်ဖို့ ဝိညာဉ်မျက်စိအားဖွင့်ရန်လိုအပ်သည်

 

အကြီးမားဆုံးသော ဝိညာဉ်စစ်ပွဲ

၁၈ ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ ထာဝရအရှင် ဘုရားသခင်သည် လူတို့တွင်

ကျိန်းဝပ်တော်မူမည်အကြောင်း၊ လူတို့အဘို့မက၊ ပုန်ကန် သော လူတို့အဘို့ ဆုလပ်များကို ခံရတော်မူပြီ။ ဆာ ၆၈း၁၈

က။ ဤအကြောင်းသည် သခင်ယေရှုသည် စာတန်အားဆန့်ကျင်တိုက်ခိုက်ခြင်းဖြစ်သည်

ခ။ သူသည် မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း

ဂ။ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊ စာတန်နှင့်သေခြင်းကို ကိုယ်တော်အနိုင်ယူသည်

ဃ။ ဤမေရှေယကျမ်းအား တမန်တော် ပေါလုအသုံးပြုခြင်း

၇သို့သော်လည်း ခရစ်တော်သည် ဆုပေးတော်မူသည်အတိုင်း ငါတို့သည်ကျေးဇူးတော်ကို အသီးသီး ကိုယ်စီခံရကြပြီ။

၈ထိုသို့နှင့်အညီ ကျမ်းစာ၌လာသည်ကား၊ မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့်၊ များစွာသော သူတို့ကို ဘမ်းသွားတော်မူ၍၊

လူတို့အား ဆုလပ်များကို ပေးတော်မူသည်ဟုလာသတည်း။

၉တက်ကြွတော်မူသည်ဟုဆိုသော်၊ အစစွာမြေကြီးအောက်အရပ်သို့ ဆင်းသက်တော်မူကြောင်းကို ရည်မှတ်၍ဆိုသည် မဟုတ်လော။

၁၀ဆင်းသက်တော်မူသောသူသည် အခြားသောသူမဟုတ်၊ အလုံးစုံတို့ကို ပြည့်စုံစေခြင်းငှါ၊

ခပ်သိမ်းသော ကောင်းကင်တို့၏အထွဋ်ကို လွန်၍ တက်ကြွတော်မူသော သူဖြစ်သတည်း။

၁၁ ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း၊

၁၂သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊

အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။ ဧဖက် ၄း၇-၁၂

 

နိဂုံး

က။ ဘုရားသခင်၏ အားကြီးသော ရထားသူတို့သည် ကျွန်တော်တို့အား ဝိုင်းရံသည်

ခ။ သိရှိမြင်တတ်ဖို့ဝိညာဉ် မျက်စိဖွင့်ဖို့ ဆုတောင်းကြပါစို့

ဂ။ သခင်ယေရှုခရစ်၏ အောင်မြင်ခြင်းနှင့်အတူ ဘုရားပေးသော ဝိညာဉ်ဆုကျေးဇူးများကို အမိရှာကြပါစို့။