Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏ ပြင်ဆင်တော်မူခြင်း” ဆာလံ ၆၈း၉-၁၄

“ဘုရားသခင်၏ ပြင်ဆင်တော်မူခြင်း” ဆာလံ ၆၈း၉-၁၄



နိဒါန်း

က။ ဘုရားသခင်၏ရှေ့တော်

၁) ဓမ္မဝိနည်းအဖြစ် နားလည်သဘောပေါက်ဖို့ဖြစ်သည်

၂) အမှန်တရား ကျုံတွေ့ရန်ဖြစ်သည်

၃) တန်ဖိုးထားရန် သစ္စတရားလည်းဖြစ်သည်

ခ။ ဘုရားသခင်၏ ပြင်ဆင်တော်မူခြင်း

၉ အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍၊ ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။

၁၀ ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။ အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။

၁၁ဘုရားရှင်အမိန့်တော်ရှိ၍၊ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသော သူတို့သည် အတိုင်းမသိ များကြ၏။

၁၂ စစ်အင်္ဂါဗိုလ်ခြေ သခင်ရှင်ဘုရင်တို့သည် အလျင်အမြန် ပြေးကြ၍၊ အိမ်၌ နေရစ်သော မိန်းမတို့သည် လက်ရဥစ္စာကို ဝေမျှကြ၏။

၁၃ သင်တို့သည် တောင်ကြားမှာ နေရာကျလျက်၊ ငွေနှင့် မွန်းမံသော ချိုးငှက်အတောင်ကဲ့သို့၎င်း၊ နီသော ရွှေနှင့် မွမ်းမံသော အမွေးကဲ့သို့၎င်း၊ ဖြစ်ကြလိမ့်မည်။

၁၄အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသည်၊ ရှင်ဘုရင်တို့ကို ကွဲပြားစေတော်မူသောအရပ်သည် ဇာလမုန်တောင်ပေါ်မှာ မိုဃ်းပွင့်ကဲ့သို့ ဖြစ်လေ၏။

 

တန်ဖိုးထားဖို့ ဘုရားသခင်၏ ပြင်ဆင်ခြင်းများ

က။ သဘာဝလျှောက် ပြင်ဆင်ပေးခြင်း

“အိုဘုရားသခင်၊ ကိုယ်တော်သည် မိုဃ်းကို များစွာ ရွာစေ၍” ဆာ ၆၈း၉-က

၁) ဤအရာသည် ဂရုမစိုက်တတ်ကြ

၂) “သဘာဝ” အတိုင်းဖြစ်လာခြင်းဟ ပြောတတ်ကြသည်

၃) ယုကြည်ခြင်း၏ဝိညာဉ်မျက်စိသည် ဘုရားသခင့်လက်တော်ပြင်ဆင်ခြင်းကို မြင်စေနိုင်သည်

ခ။ ရုပ်ဆိုင်ရာ “အမွေတော်” အတွက်ပြင်ဆင်ပေးခြင်း

“ပင်ပန်းသော အမွေတော်လူတို့ကို ထောက်မတော်မူ၏။” ဆာ ၆၈း၉-ခ

၁) ရုပ်ဆိုင်ရာ အမွေတော်သည် သမိုင်း၌ရှာတွေ့နိုင်သည်

၂) အာဗြဟံ အား”အမွေတော်” အဖြစ် ဂါနန်ပြည်ကို ကတိတော်နှင့်ပေးသည်

(ကမ္ဘာ ၁၂း၁-၃၊ ၁၃း၁၄-၁၇၊ ၁၅း၁၃-၂၁)

၃) ဤအမွေတော်သည် အတည်ပြုသည်

က) ပြည်တော်ကို သိမ်းခြင်း (ယောရှု)

ခ) နိုင်ငံတော် တည်ထောင်ခြင်း

“ကိုယ်တော်၏ အလုံးအရင်းသည် နေရာကျရကြပါ၏။” ဆာ ၆၈း၁၀-က

ဂ။ ဆင်းရဲသားတို့အဖို့ ပြင်ဆင်ခြင်း

အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ ကျေးဇူးတော်အားဖြင့် ပြင်ဆင်တော်မူ၏။ ဆာ ၆၈း၁၀-ခ

၁) ထာဝရဘုရားသခင်၏ ကောင်းမြတ်တော်မူခြင်း

က) ဤသစ္စာတရားသည် စိတ်နှလုံးထဲသွင်းရန်ဖြစ်သည်

ခ) ဘုရားသခင်၏ ကောင်းမြတ်ခြင်းအားဖြင့်ကျွန်တော်တို့သည်

အံ့သြဖွယ်ကောင်းစွာ ကောင်းကြီးပေးခြင်းခံသည်

၂) ဆင်းရဲသားတို့သည် လစ်လျှူရှုခြင်းမရှိ

က) သူတို့အတွက် ပြင်ဆင်ခြင်းပြုရန်ဖြစ်သည်

ခ) ဤတရားသည်နည်းဥပဒေသအဖြစ်သတ်မှတ်သည်

၇သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။

၈သင်၏လက်ကို သူ့အဘို့ ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။

၉ သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊

ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့။

၁၀အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသော အခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါန ကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။

၁၁ သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထို့ကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာ ထား၏။ တရားဟော ၁၅း၇-၁၁

ဃ။ ဘုရားသခင်၏ ကယ်မသနားခြင်းကို ပြင်ဆင်ခြင်း

၁) ဘုရင်အပေါင်းတို့ကိုနိုင်ခြင်း

၂) ဘုရားသခင်၏လူတို့အား ကာကွယ်ခြင်း

၃) ကယ်မခြင်းကို ဘုရားသခင်ပေးသည်

၃၁ ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏ မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့ သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ၏။

၃၂ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-

၃၃ ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။

၃၄ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။

၃၅တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။

၃၆ အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။

ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။ တရား ၂း၃၁-၃၆

 

နိဂုံး

က။ ခိုင်ခံ့သောသမ္မာတရားကို ပြန်လှန်ခြင်း

“ဘုရားသခင်၏ ပြင်ဆင်ခြင်း” ဆာ ၆၈း၈

ခ။ ဘုရားသခင်၏ ပြင်ဆင်ခြင်းကို အသိမ၏အမှတ်ပြုခြင်း

“အိုဘုရားသခင်၊ ဆင်းရဲသော သူတို့အဘို့ကျေးဇူးတော် အားဖြင့် ပြင်ဆင်တော်မူ၏။” ဆာ ၆၈း၁၀-ခ

ဂ။ ထာဝရဘုရား၌ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း

၃ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။

၄ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။

ထိုအရှင်၏ နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။