Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏ တောင်” ဆာ ၆၈း၁၅-၁၆

“ဘုရားသခင်၏ တောင်” ဆာ ၆၈း၁၅-၁၆

နိဒါန်း

က။ ရိုးရှင်းသော စကားလုံး အသုံးပြုသည်၊-

၁) ဘုရားသခင်၏ ရှေ့တော်

၂) ဘုရားသခင်၏ ပြင်ဆင်ခြင်း

၃) ဤစကားလုံးတို့သည် အရေးကြီးသော ဖော်ပြခြင်းဖြစ်သည်၊-

က) ဘုရားသခင်၏ စစ်မှန်ခြင်း

ခ) ဘုရားသခင်နှင့် သူ၏လူတို့ကြား ဆက်စပ်မှု

ခ။ အားရှိသောတင်စားခြင်း စကား အသုံးပြုသည်

၁) “ဘုရားသင်၏တောင်”

၂) “ဘုရားသင်၏ ရထားတော်တို့”

၃) ဤစကားလုံး၏ အနှစ်သာရကို ရှာတွေ့ရန်ဖြစ်သည်

၁၅ ဘုရားသခင်၏ တောင်တည်းဟူသော ဗာရှန်တောင်၊ မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့၊

၁၆ သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊

ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။ ဆာ ၆၈း၁၅-၁၆

က။ ဗာရှန်တောင်

၁) ဤသည် တောင်တန်းတလျှောက်ကို ရည်ညွှန်းသည်

၂) နာမည်ကြီးတခုသည် ဟေရမုန်တောင်၏နှင်းတောင်ထိပ်ဖြစ်သည်

၃) ပထဝီအရ၊ ဤသည် ယောဒန်တဖက်၌ရှိသည်

၄) ဤဒေသ၌နေသောလူများသည် ဤတောင်တန်းတို့ကို အံ့သြကြသည်

၅) ဗာရှန်သည် ဤကဲ့သို့ဖော်ပြသည်

“မြင့်သော ထိပ်များနှင့် ပြည့်စုံသော ဗာရှန်တောင်တို့” ဆာ ၆၈း၁၅

ခ။ ဘုရားသခင်၏တောင်

၁) ပထမ ရည်ညွှန်းသော အရာသည် ဗာရှန်တောင်ဖြစ်သည်

က) ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်

ခ) ထိုတောင်တို့၏ ခမ်းနားကြီးကျယ်ခြင်းသည် ဘုရားသခင်၏ ကြီးမြတ်ခြင်းကိုသာ ထင်ရှားစေသည်

၂) ဒုတိယရည်ညွှန်းချက်သည် ဗာရှန်တောင် မဟုတ်ပေ

က) ဇိအုန်တောင်အကြောင်းဖြစ်သည်

ခ) ဇိအုန်တောင်သည်လည်း ကုန်းမြင့်ရာ၌ တည်သည်

ဂ) သို့သော် ဤတောင်၏ ကြီးကျယ်ခြင်းသည် ဗာရှန်တောင်တို့နှင့် နိုင်းလို့မရ

၃) ဇိအုန်တောင်၏ ခမ်းနားခြင်းသည် ဘုရားသင်သည် ထိုနှိမ့်ချသောတောင်၌ နေရန်ရွေးချယ်ခဲ့သည်

 

ဇိအုန်တောင်၌ အထူးအားရဝမ်းသာခြင်း

၁ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍၊ ခွန်အား ကို ပေးတော်မူ၏။ ဘေးရောက်သည်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။

၂ ထိုကြောင့် ပထဝီမြေကြီးသည် ရွေ့သွား၍ တောင်များတုန်လှုပ်လျက် သမုဒ္ဒရာသို့ကျသော်လည်း၊ ငါတို့သည် ကြောက်လန့်ခြင်းမရှိ။

၃ သမုဒ္ဒရာရေသည် ဟုန်းဟန်းမြည်၍ မွှေနှောက်ပါ လေစေ။ လှိုင်းတံပိုးထသဖြင့်၊ တောင်များတုန်လှုပ်ပါ လေစေ။

၄ မြစ်တမြစ်ရှိသေး၏။ ထိုမြစ်ရေသည်စီး၍ ဘုရားသခင်၏ မြို့တည်းဟူသော အမြင့်ဆုံးသောဘုရား ကျိန်းဝပ်တော်မူရာ သန့်ရှင်းသော မြို့တော်ကို ရွှင်လန်း စေတတ်၏။

၅ ထိုမြို့သည် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဖြစ်၍ တုန်လှုပ်ခြင်း မရှိရာ။ မိုဃ်းသောက်လင်းစ၌ ဘုရားသခင်ကူမတော်မူလိမ့်မည်။

၆ လူမျိုးတို့သည် ဟုန်းဟုန်းမြည်ကြ၏။ တိုင်းနိုင်ငံ တို့သည် လှုပ်ရှားကြ၏။ ဗျာဒိတ်သံကို လွှတ်တော်မူ၍ မြေကြီးသည် အရည်ဖြစ်လေ၏။

၇ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်အမျိုး၏ ဘုရားသခင် သည် ငါတို့ ခိုလှုံရာဖြစ်တော်မူ၏။ ဆာ ၄၆း၁-၇

၁) ဇိအုန်တောင်၌ ဝမ်းမြောက်ခြင်းသည် ၎င်း၏ရုပ်အလှအပကြောင့်မဟုတ်

၂) ၎င်းနှင့် ဘုရားသခင်၏ ပတ်သတ်မှုကြောင့်ဖြစ်

က) ဘုရားသခင်သည် ခိုလှုံရာ နှင့်ခွန်အားဖြစ်သည်

ခ) ကိုယ်တော်သည် ဘေးရောက်သည်ကာလ အထူးသဖြင့်

ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏

ဂ) ဘုရားသခင်သည် သူ၏လူတို့အလယ်၌ရှိသည်

၃) ဤသည် ဘုရားသခင်၏ မြို့တော်ဖြစ်သည်

၄) ၎င်းသည် တဲတော်/ဗိမန်တော် တည်ဖို့ ဘုရားသခင်ရွေးသော နေရာဖြစ်သည်

၁၂ထာဝရဘုရားသည် ညဉ့်အချိန်တွင် ထင်ရှား တော်မူလျက်၊ သင်ပြုသောပဌနာစကားကိုငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှါ ကိုယ်အဘို့ငါရွေးယူပြီ။

၁၃ မိုဃ်းမရွာစေခြင်းငှါ ငါသည် မိုဃ်းခေါင်စေ သော်၎င်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေ ခြင်းငှါ ငါမှာထားသော်၎င်း၊ ငါ့လူတို့ ကာလနာကိုစေလွှတ်သော်၎င်း၊

၁၄ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။

သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။

၁၅ ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်း သော စကားကို ငါနားထောင်မည်။

၁၆ ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။ ၂ရာ ရး၁၂-၁၆

(၁) ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။

(၂) ငါ့နာမသည် အစဉ်တည်၍

(၃) ငါ့မျက်စိနှင့် ငါ့နှလုံးအစဉ် စွဲလမ်းစရာဘို့

 

ဗာရှန်တောင်တို့၏ ခိုးငွေ့ခြင်း

က။ နာမည်ကြီးသော ဗာရှန်တောင်တို့သည် “ဘုရားသခင်တောင်” အဖြစ်ရွှေးခြင်းမခံ

ခ။ တောင်းကုန်းငယ်တို့အား ထာဝရဘုရားရွှေးသောကြောင့် ဤတောင်တို့သည်

မနာလိုခြင်းနှင့်ပြည့်ခြင်း ကိုဖော်ပြစေသည်

ဂ။ ဘုရားသခင်၏ အလိုဆန္ဒသည် သူ၏ သန့်ရှင်းသော တောင်၌နေထိုင်ရန်ဖြစ်သည်

၁၆ သင်တို့သည် မြင့်သော တောင်ထိပ်များနှင့် ပြည့်စုံသော်လည်း၊ ဘုရားသခင် ကျိန်းဝပ်ခြင်းငှါ အလိုရှိတော်မူသော တောင်၊

ထာဝရဘုရားသည် အစဉ်အမြဲနေရာချတော်မူသော တောင်တော်ကို အဘယ်ကြောင့် စောင်းမြောင်းကြသနည်း။

 

နိဂုံး

က။ တောင်တို့သည် ကိုယ်စားပြုသည်၊-

၁) တန်ခိုးတော်

၂) ဘုန်းတော်

ခ။ ဘုရားသခင်၏ ရွှေးချယ်ခြင်းသည် သာ၍ကြီးမားသော အဓိပ္ပယ်ရှိသည်

၁) ကိုယ်တော်၏ ချစ်ခြင်းမေတ္တာကို ပုံဆောင်သည်

၂) ကိုယ်တော်၏ ပေးဆပ်ခြင်း

၃) ကိုယ်တော်၏ ဆက်ကပ်ခြင်း

၄) ကိုယ်တော်၏ ပတ်သတ်ခြင်း

ဂ။ ကျွန်တော်တို့အတွက် စိန်ခေါ်ခြင်း

၁) သခင်ယေရှုခရစ်၌ ငါတို့နှင့် ဘုရားသခင်၏ ပတ်သတ်ခြင်းကို တန်ဖိုးထားခြင်း၊

၂) ကိုယ်တော်ရွေးကောက်ထားသော လူမျုးိတို့အားပေးသော ကောင်းကြီးများသည် ကြီးမား ခမ်းနားသည်။