Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏ရှေ့တော်/မျက်နှာတော်” ဆာလံ ၆၈း၁-၈

“ဘုရားသခင်၏ရှေ့တော်/မျက်နှာတော်” ဆာလံ ၆၈း၁-၈



နိဒါန်း

က။ ကျွန်တော်တို့်သည် ဗေသနိ၏ ၄၀+၉ နှစ်ပတ်လည် ကျင်းပတော့မည်

(၂၁ သြဂုတ်လ ၂၀၂၂၊ Shangri La မှာ)

ခ။ နှစ်ပတ်လည် အစည်းအဝေးကြီး၌ ကျွန်တော်တို့သည် ပုဂ္ဂိုလ်နှစ်ဦး “သိက္ခါတော်ရ သင်းအုပ်” အဖြစ် ဆက်ကပ်မည်

၁) Steve Karong

၂) Jonathan Jacob

ဂ။ ကျွန်တော်တို့ရွေးချယ်ထားသော ဆောင်ပုဒ်သည် “ဘုရားသခင်သည်

တန်ခိုးကြီးတော်မူသည်ကိုဝန်ခံကြလော့” ဖြစ်သည်

၁) ဤ ၄၉ နှစ်လုံးလုံး ဘုရားပေးသော တန်ခိုးတော် အတွက်ဘုရားသခင်အား မချီးမွမ်းဘဲ ကျွန်တော်တို့အနေနိုင်၊

၂) ကျွန်တော်တို့သည် ထာဝရဘုရား၏ တန်ခိုးတော်အား အမှန်ပြင် ဝန်ခံကြမည်၊

 

ဘုရားသခင်၏ ရှေ့တော်

က။ ထာဝရဘုရားသခင်၏ တန်ခိုးတော်ကိုသာ ကျွန်တော်တို့ မပြောဆိုနိုင်

ခ။ ကျွန်တော်တို့သည် ကိုယ်တော်၏ ရှေ့တော် အကြောင်းကို မပြောဘဲမနေနိုင်

ဂ။ ဆာလံဆရာ ဒါဝိဒ် သည် သုံးကြိမ်တိုင်တိုင် “ဘုရားသခင်၏ ရှေ့တော်” အကြောင်း ကိုဖော်ပြသည်

ဃ။ အရေးကြီးပုံ၊-

၁) ဘုရားသခင်၏ ရှေ့တော်သည် မီးနှင့်နှိုင်းသည်

လူဆိုးတို့သည် ဖယောင်းသည်မီးထဲ၌အရည်ပျော်ခြင်းနှင့် နှိုင်းသည်

၂) ဘုရားသခင်၏ ရှေ့တော်သည် တန်ခိုးတော်နှင့်ပြည့်စုံသကဲ့သို့ ဖော်ပြသည်

က) မြေကြီးတုံလှုပ်သည်

ခ) ကောင်းကင်သည် မိုးရေပေးသည်

ဂ) ခိုင်မာသော သိနာတောင်သည် တုံလှုပ်သည်

၁ဘုရားသခင်ထတော်မူ၍၊ ရန်သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြပါစေသော။ ဘုရားသခင်ကို မုန်းသော သူတို့သည် အထံတော်က ပြေးကြပါစေသော။

၂မီးခိုးလွှင့်သကဲ့သို့ သူတို့ကို လွှင့်တော်မူပါ။ ဘယောင်းသည် မီးရှေ့မှာ အရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။

၃ ဖြောင့်မတ်သော သူတို့သည် ဝမ်းမြောက်၍၊ ဘုရားသခင့်ရှေ့တော်မှာ ရွှင်လန်းသော စိတ်နှင့် အလွန် ဝမ်းမြောက်ဝမ်းသာကြပါစေသော။

၄ဘုရားသခင်အား သီချင်းဆိုကြလော့။ နာမတော်ကို ထောမနာသီချင်းဆိုကြလော့။ တော၌စီး၍ ကြွတော်မူသော အရှင်ဘို့ လမ်းကို ပြင်ကြလော့။ ထိုအရှင်၏

နာမတော်ကား၊ ထာဝရဘုရားတည်း။ ရှေ့တော်၌ ရွှင်လန်းကြလော့။

၅ ဘုရားသခင်သည် သန့်ရှင်းသော ဘုံဗိမာန်တော်၌ စံပယ်လျက်၊ မိဘမရှိသော သူတို့၏ အဘဖြစ်၍၊ မုတ်ဆိုးမတို့ဘက်မှာ တရားစီရင်တော်မူ၏။

၆ ဘုရားသခင်သည် ပေါက်ဘော်မရှိသော သူတို့အား အိမ်ထောင်ချခြင်းအခွင့်ကို ပေးတော်မူ၍၊ ချုပ်ထားသော သူတို့ကိုလည်း ကြွယ်ဝခြင်းထဲသို့ သွင်းတော်မူ၏။

ငြင်းဆန်သော သူတို့မူကား၊ သွေ့ခြောက်သော အရပ်၌ နေရကြ၏။

၇အို ဘုရားသခင်၊ ကိုယ်တော်၏လူစုရှေ့မှာ ကြွ၍၊ တော၌ ချီတော်မူသောအခါ၊

၈ဘုရားသခင်၏ မျက်နှာတော်ကြောင့်၊ မြေကြီး လှုပ်၍ မိုဃ်းကောင်းကင်သည် ယိုစီးလေ၏။

ဣသရေလအမျိုး၏ ဘုရားသခင် မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။ ဆာလံ ၆၈း၁-၈

 

ပုဂ္ဂိုလ်ဘုရား

က) ဘုရားသခင်၏ အမှုတော်ပြုသော အရာများ အသစ်တဖန် ပြန်လည်တန်ဖိုးထားရန်ဖြစ်သည်

၂) ကြန်အင်လက္ခဏါတချို့ဖော်ပြသည်၊-

က) မိဘမရှိသောသူတို့၏ ဖခင်

ခ) မုဆိုးမတို့၏ အကာအကွယ်ဖြစ်သည်

ဂ) အဖော်မဲ့သူတို့အား ကရုစိုက်သည်

ဃ) ချည်နှောင်ခြင်းခံသောသူတို့အား ချမ်းသာ ကြွယ်ဝခွင့်ပေးသည်

င) သူ၏ လူမျိုးအတွက် တိုက်ခိုက်ပေးဖို့ ချီတ်တက်

 

ထာဝရဘုရား၏ ကိုယ်ပိုင် ဂိုဏ်တော်များ

က။ ဘုရားဖြစ်ခြင်း ၏ ကြီးမြတ်ခြင်း

မိုးတိမ်များကို စီးသည်

ခ) သူ၏နာမတော်သည် ယေရ (ထာဝရဘုရား) ဖြစ်သည်

၁) ထာဝရ တပါးတည်း

၂) “ငါ ဖြစ်သည် အတိုင်းငါဖြစ်၏”

 

နိဂုံး

က. သင့်တော်သော တုံ့ပြန်ခြင်းများ

၁) အသိ အမှတ်ပြုခြင်း

၂) ထာဝရဘုရား၌ အလွန်ဝမ်းမြောက်ခြင်း

ခ။ ထာဝရဘုရားအား ကိုးကွယ်ခြင်း

၁) ထာဝရဘုရားအား သီချင်းဆိုခြင်း

၂) ထဝရဘုရားအား ထောမနာသီချင်းဆိုခြင်း။