Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏နိုင်ငံသည် အဘယ်မျှကာလ၌တည်ပါမည်နည်း” လုကာ ၁ရး၂၀-၃၇

“ဘုရားသခင်၏နိုင်ငံသည် အဘယ်မျှကာလ၌တည်ပါမည်နည်း” လုကာ ၁ရး၂၀-၃၇



နိဒါန်း

က။ ယေရှုနောက်တော်သို့လိုက်သော လူထုရှိသည်

၁) သူတို့သည် သခင်ယေရှုအား သဘောကျသည်

၂) သူတို့သည်ကိုယ်တော်၏ မစခြင်းလိုအပ်သောကြောင့်သူ့ထံသို့လာကြသည်

က) သူတို့၏အနာရောဂါများကျမ်းမာစေဖို့

ခ) နတ်ဆိုးတို့အားနှင်ထုတ်ဖို့

ခ။ တပည့်တော်တို့လည်းရှိသည်

၁) သူတို့သည် ယုံကြည်ခြင်းသို့ရောက်ကြသည်

၂) သူတို့သည် သခင်ယေရှု၏နောက်သို့လိုက်ကြသည်

၃) သို့သော် ဘုရားသခင်၏နိုင်ငံတော် အကြောင်းသင်ယူဖို့အများကြီးလိုအပ်ကြသည်

ဂ။ ဆန့်ကျင်သောသူများ

၁) ကျမ်းတတ်ပုဂ္ဂိုလ်များ (ကျမ်းစာတတ်များ)

၂) ဖာရိရှဲများ

၃) ဇဒ္ဒုကဲများ

သူတို့သည် သခင်ယေရှုခရစ် ခံယူသမျှနှင့်သင်ပေးသမျှကို မေးခွန်းထုတ်သည်

 

ဖာရိရှဲတို့၏ စိန်ခေါ်သံ

ဘုရားသခင်၏နိုင်ငံတော်သည် ဘယ်ကာလမှတည်ပါမည်နည်း ဟုဖာရိရှဲတို့၏ မေးမြန်းခြင်းခံသောအခါ၊ လု ၁ရး၂၀

က။ တိကျသော မေးခွန်း

“ဘုရားသခင်၏နိုင်ငံတော်သည် ဘယ်ကာလမှတည်ပါမည်နည်း”

၁) တိကျသောအချိန်ကိုမေးမြန်းသည်

၂) ဤသည် အဖြေပေးရန် ခက်ခဲသော အရာဖြစ်သည်

ခ။ ပြဿနာဖြစ်သော မေးခွန်း

၁) သခင်သည် အဖြေမပေးနိုင်သောအခါ၊ သူတို့သည် အပြစ်ရှာနိုင်သည်

၂) သခင်သည် အဖြေပေးလျှင်၊ သူပေးသောအဖြေသည် မှန်မမှန် ဆောင့်ကြည့်ကြမည်

 

သတိနှင့်ပြည့်သော အသင်ယေရှု၏အဖြေ

၂၀ ဖာရိရှဲတို့သည် လာ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် အဘယ်ကာလမှ တည်ပါမည်နည်းဟု

မေးလျှောက်ကြလျှင်၊ ယေရှုက၊ ကောင်းကင်နိုင်ငံတော်သည် မျက်မြင်သောအရာ၌ မတည်။

၂၁ ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ ကြည့်ပါဟု ပြောစရာအခွင့်မရှိ။ အကြောင်းမူကား၊

ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အထဲ၌ရှိသည်ဟု မိန့်တော်မူ၏။ လု ၁ရး၂၀-ခ-၂၁

က။ ဖရိရှဲတို့၏ ဟာကွတ်ရှိသော အသိတရားကို ဖော်ပြသည်

၁) သူတို့သည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို စုံလင်စွာမသိကြ

၂) သူတို့သည် ဘုရားသင်၏နိုင်ငံတော်ကို အောက်ပါကဲ့သို့မြင်သည်၊-

က) လောက နိုင်ငံတော်

ခ) ရှေးခေတ် နိုင်ငံတော်ဟောင်းကဲ့သို့

ခ။ ဘုရားသင်၏နိုင်ငံတော်သည် မျက်မြင်အရာ၌မတည်

၁) အပြင်ပန်းသဏ္ဍာန်နှင့်မဟုတ်

၂) ထာဝရနိုင်ငံ

၃) ဝိညာဉ်နိုင်ငံတော်

ဂ။ ဘုရားသခင်၏နိုင်ငံတော်ကို မှားရွင်းစွာသိနည်း

၁) “ဤအရပ်၌ကြည့်ပါ”

၂) ထိုအရပ်၌ကြည့်ပါ” လု ၁ရး၂၁-က

၃) ဤအရားများသည် အပြင်ပိုင်းသဏ္ဍာန်များဖြစ်သည်

ဃ။ ဖရိရှဲများ ထုတ်သော မေးခွန်းများ

၁) အဖြေရဖို့ မေးသည်မဟုတ်

၂) ဘယ်အဖြေကိုပေးသည်ဖြစ်စေ၊ အမှားရှာဖို့မေးမြန်းကြသည်

င။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏ အထဲ၌ရှိသည် လု ၁ရး၂၁-ခ

၁) ဤသည် သန့်ရှင်းသောဝိညာဉ်တော်၏ အထူးအလုပ်ဖြစ်သည် ယော ၃း၁-၂၁

၂) ပုဂ္ဂိုလ်တဦးသည် လူသစ်ဖြစ်စေသည်

၃) ထိုသူသည် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ဝင်သည်

၄) ယခု၌ဘုရားသခင်၏နိုင်ငံတော်သည် သူ၏အထဲ၌တည်သည်

 

ပျင်းထန်သော သတိပေးခြင်းတရား

၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ သင်တို့သည် လူသား၏နေ့ရက်တရက်ကိုမျှ

တွေ့ မြင်လို၍၊ မတွေ့မမြင်ရသောအချိန်ကာလ ရောက်လိမ့်မည်။ ၂၃ ဤအရပ်၌ကြည့်ပါ။ ထိုအရပ်၌ကြည့်ပါဟု

သင်တို့အားပြောဆိုသော်လည်း မလိုက်မသွားကြနှင့်။ ၂၄ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည်

ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။

၂၅ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။

၂၆ နောဧလက်ထက်၌ဖြစ်သကဲ့သို့ လူသားလက်ထက်၌ ဖြစ်လိမ့်မည်။

၂၇ နောဧသည် သင်္ဘောထဲသို့ဝင်၍၊ ရေလွှမ်းမိုးခြင်းဖြစ်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည်

နေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဘက်လျက်နေကြ၏။

၂၈ ထိုနည်းတူ၊ လောတလက်ထက်၌ လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ် ဆောက်လျက်နေသကဲ့သို့၎င်း၊

၂၉လောတသည် သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှ ကန့်နှင့်ရောသောမီးမိုဃ်းရွာ၍ ထိုလူ အပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့၎င်း၊

၃၀ လူသားပေါ်ထွန်းသောနေ့၌ ဖြစ်လိမ့်မည်။ လု ၁ရး၂၂-၂၉

က။ လူသား၏ နေ့ရက်ကာလများ လု ၁ရး၂၂

၁) ဤစကားသည် သခင်ယေရှုခရစ်၏ လောက၌ အမှုတော်ဆောင်ခြင်းကို ဆိုလိုသည်

၂) မကြာခင်မှာ ကိုယ်တော်၏အမှုတော်မြတ်သည် အရေးထားခြင်းမခံခဲ့

၃) တစ်နေ့ပြန်ရာက်သောအခါ၊ လူတို့သည် ထိုနေ့ရက်ကိုပြန်သတိရပြီး ပြန်မြင်ခြင်ကြမည်။

၄) သို့သော ထိုသို့ဖြစ်လာမည်မဟုတ်၊

ခ။ လူသား၏ အချိန်ကာလ ဒုတိယဆင့်

၁) သူသည် များစွာသော ဒုက္ခခံမည်

၂) ဤခေတ်လူတို့၏ ငြင်းပယ်ခြင်းခံမည်

ဂ။ သခင်၏နေ့ရက် (လူသား)

၁) နောဧခေတ်နှင့်နှိုင်းသည် လုကာ ၁ရး၂၆

က) သူတို့သည်စားကြသည်

ခ) သောက်ကြသည်

ဂ) ထိမ်းမြားကြသည်

ဃ) ရေးလွှမ်းမိုးခြင်းရောက်သည်

င) နောဧနှင့်သူ၏ မိသားစုသာ ကယ်လွတ်ခြင်းခံသည်

၂) လောတ၏ ခေတ်နှင့် နိူင်းသည် လု ၁ရး၂၈-၂၉

က) စားကြသည်

ခ) သောက်ကြသည်

ဂ) အရောင်းအဝယ်ပြုကြသည်

ဃ) စိုက်ပျိုးသည်

င) တည်ဆောက်ကြသည်

စ) ကန့်မီးအားဖြင့်အလုံးစုံဖျတ်ဆီးသည်

၃) လူသား ပြန်လည်ကြွရောက်ခြင်း

က) ကိုယ်တော်သည် မမျှော်လင့်သော အချိန်၌ ချက်ခြင်းကြွလာမည်

24 ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား

ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ လု ၁ရး၂၄

 

နိဂုံး

က။ ဘုရားသခင်၏နိုင်ငံတော်သည် ငါတို့၏ အထဲ၌ရှိသလား

ခ။ လူသားပြန်လည်ကြွရောက်သောကာလ ငါတို့စောင့်မျှော်နေသည်

ဂ။ သခင်ယေရှုဒုတိယအချိန် ကြွလာခြင်းသည် နောဧခေတ် ရေလွှမ်းမိုးခြင်းသည် စစ်မှန်သကဲ့သို့မှန်ကန်သည်။