Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော တရားကိုငါဟောပြောရမည်” လုကာ ၄း၄၃

“ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော တရားကိုငါဟောပြောရမည်” လုကာ ၄း၄၃



နိဒါန်း

က။ ဘုရားသခင်၏နိုင်ငံတော် အကြောင်းယုံကြည်ချက်

၁) အရေးကြီးသော သွန်သင်ခြင်း

က) စစ်မှန်သည်

ခ) ဆက်စပ်မှုရှိသည်

၂) သို့သော်ဤသွန်သင်ခြင်းသည်အောက်ပါတိုင်းဖြစ်ခဲ့သည်၊-

က) နည်းပါးစွာနားလည်သဘောပေါက်သည်

ခ) နိုင်ငံရေးဖက်ရိုင်သည်

ခ။ ဤ ဆောင်ပုဒ်သည် သခင်ယေရှု၏ အဓိကသွန်သင်ခြင်းတစ်ပါးဖြစ်သည်

၁) အမှားပြုပြင်ခြင်းလိုအပ်သည်

၂) နှိင့်သိမ့်ခြင်းတွေ့ရှိနိုင်သည်

၃) မှန်ကန်သောလက်တွေ့အသုံးပြုခြင်းပြုလုပ်နိုင်သည်

ဂ။ ထမြောက်ခြင်းနေ့ တရားပလ္လင်အပိုင်းသစ်

၁) သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားတော်

၂) ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်း

၃) အရှင်ယေရှုခရစ်ကို အသစ်တဖန်သဘောကျခြင်း

၄) ကိုယ်တော်ဟောခဲ့သော ဘုရားသခင်၏နိုင်ငံတော်တရားကို ပို၍နက်နဲသောသိခြင်း

၅) သခင်ယေရှုခရစ်၌ကျွန်တော်တို့၏ ယုံကြည်ခြင်းကို ဝေမျှဖို့စိ်န်ခေါ်ခြင်းခံခြင်း

 

သခင်ယေရှု၏ လူသိရှင်ကြား အမှုတော်မြတ် အစပြုခြင်း

က။ ခရစ်ဝင်ကျမ်းရေးသားသူများက ရေးမှတ်ထားသည်၊- ရှင်မသဲ

၁၂ ယောဟန်သည် ထောင်ထဲသို့ရောက်ကြောင်းကို ယေရှုသည်ကြားလျှင်၊ ဂါလိလဲပြည်သို့

ကြွတော်မူ၍၊ ၁၃နာဇရက်မြို့ကို စွန့်သွားလျက်၊ ဇာဗုလုန်ခရိုင်၊ နဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော ကပေရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။

၁၄ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။

၁၅ နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်တည်းဟူသော အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာဂါလိလဲပြည်၊

၁၆ မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ် တွင်ရှိနေသော သူတို့၌

အလင်းပေါ်ထွန်းလျက်ရှိ၏ဟု ဟောထားသတည်း။ ၁၇ ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။

ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။ ရှင်မဿဲ ၄း၁၂-၁၇

၁) ပြဿနာသည် ရှင်းလင်းစွာဖော်ပြသည်

က) မှောင်မိုက်ထဲ၌ရှိနေသောသူ

ခ) သေမင်း၏အရိပ်တွင်ရှိနေသောသူ

၂) အဖြေကို ပေးသည်

က) ကြီးမားသောအလင်း

ခ) ဘုရားသခင်၏နိုင်ငံတော်တည်လုနီးပြီ

ခ။ ခရစ်ဝင်ကျမ်းရေးသားသူများ ရေးမှတ်သည်

၁၄ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူလျှင်၊

၁၅ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည် တည်လုနီးပြီ၊ နောင်တရကြလော့။ ဧဝံဂေလိတရား ကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏

နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။ ရှင်မာကု ၁း၁၄-၁၅

၁) သတင်းကောင်းကို ဟောကြားခြင်း

“ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောတော်မူ၏။” မာ ၁း၁၄

၂) အချိန်

“အချိန်ပြည့်စုံပြီ၊” မာကု ၁း၁၅-က

၃) တည်လုနီးပြီ

“ဘုရားသခင်၏နိုင်ငံတော်တည်လုနီးပြီ” မာကု ၁း၁၅-ခ

၄) ယုံကြည်သည်

“ဧဝံဂေလိတရား ကို ယုံကြည်ကြလော့” မာကု ၁း၁၅-ဂ

ဂ။ ခရစ်ဝင်ကျမ်းရေးသားသူများ ရေးမှတ်သည်၊- ရှင်လုကာ

၄၂ မိုဃ်းလင်းသောအခါ တောအရပ်သို့ ထွက်ကြွတော်မူ၍၊ လူအများတို့သည် ကိုယ်တော်ကိုရှာကြ၏၊ အထံတော်သို့ရောက်လျှင်၊

မိမိတို့နေရာမှ ထွက်ကြွတော် မမူမည်အကြောင်း ဆီးတားကြ၏။ ၄၃ကိုယ်တော်ကလည်း၊ ဘုရားသခင်၏နိုင်ငံတော်နှင့်

ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့ ၌ ငါဟောပြောရမည်။ ၄၄ထိုသို့အလို့ငှါ ငါ့ကိုစေလွတ်လျက်ရှိသည်ဟု မိန့်တော်မူ၍၊

ဂါလိလဲပြည်မှာ တရားစရပ်တို့၌ တရား ဟောပြောလျက်နေတော်မူ၏။

၁) လူအုပ်သည် သခင်ကိုသူတို့ထံမှထွက်ပေးခြင်းကိုတားသည်

၂) သူ၏အဖြေ၊-

က) ဘုရားသခင်၏နိုင်ငံတော်ကို ဟောကြားခြင်း

“ဘုရားသခင်၏နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့ ၌

ငါဟောပြောရမည်” လုကာ ၄း၄၃-က

ခ) ဘုရားသခင်၏ ရည်ရွယ်ချက်

“ထိုသို့အလို့ငှါ ငါ့ကိုစေလွတ်လျက်ရှိသည်” လုကာ ၄း၄၃-ခ

 

တန်ခိုးတော်နှင့် ဧဝံဂေလိတရားကိုဟောကြားခြင်း
၂၃ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊

ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။ ၂၄သိတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော် စောသည်ဖြစ်၍ နတ်ဝင်သောသူ ဝက်ရူးစွဲသော သူ၊

လက်ခြေသေသောသူမှစသော အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသောသူ ရှိသမျှတို့ကို အထံတော် သို့ဆောင်ခဲ့ကြ၍၊ သူတို့၏ အနာရောဂါကို ငြိမ်းစေတော်မူ၏။

၂၅ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရှုရှလင်မြို့မှစသော ယုဒပြည်၊ ယော်ဒန်မြစ်တဘက်မှ လာသော လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ မဿဲ ၄း၂၃-၂၅

က။ တရားစရပ်၌ မဿဲ ၄း၂၃

ခ။ ဘုရားတန်ခိုးတော်နှင့်

၁) မကျမ်းမမာသောသူရှိသမျှ

၂) ရောဂါမျိုးစုံ

၃) နတ်ဆိုးစွဲသူများအား ငြိမ်းစေခြင်း မဿဲ ၄း၂၃-၂၄

ကြီးမားသော အောင်မြင်ခြင်းကို တွေ့ရှိသည်

ဂ။ လူအုပ်တို့သည်ကိုယ်တော်အားလိုက်ကြသည် မဿဲ ၄း၂၅

 

နိဂုံး

က။ ဘုရားသခင်၏နိုင်ငံတော် အကြောင်း၏ အရေးပါခြင်း

၁) ဤသည် ကယ်တင်ခြင်းသတင်းကောင်းဖြစ်သည်

၂) ဤသည် အမှောင်ထဲက အလင်းတော်ဖြစ်သည်

၃) ဤတရားတော်သည် စိတ်အားငယ်ခြင်း၌ မျှော်လင့်ခြင်းဖြစ်သည်

၄) ဤသည် အောင်နိုင်စွမ်းရှိသောတန်ခိုးတော်ဖြစ်သည်

ခ။ သခင်ယေရှုခရစ်နှင့် စစ်မှန်သော ဆက်စပ်မှုရှိခြင်း

၁) သူသည် ကောင်းကင်နိုင်ငံတော်၏ ဘုရင်ဖြစ်သည်

၂) ကိုယ်တော်သည် သူ၏နိုင်ငံတော်သို့ဝင်ဖို့ အရောက်စီတိုင်းအား ဖိတ်ခေါ်သည်

က) နောင်တရခြင်းအားဖြင့်

ခ) အသက်တာအသစ်အစပြုခြင်းအားဖြင့်

ဂ) ယုံကြည်ခြင်းအားဖြင့်။