Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွတ်တော်မူလျက်” တ ၁း၃

“ဘုရားသခင်၏နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွတ်တော်မူလျက်” တ ၁း၃



နိဒါန်း

၁။ ဘုရားသခင်၏နိုင်ငံတော် (ကောင်းကင်)

၁၃။ နာဇရက်မြို့ကိုစွန့်သွားလျက်ဇာဗုလုန်ခရိုင်နှင့်နဿလိခရိုင်စပ်ကြား၊ အိုင်နှင်နီးစပ်သော ကပေရနောင်မြို့သို့ရောက်၍နေတော်မူ၏။

၁၄။ ဤအကြောင်းအရာကား၊ ပရောဖက်ဟေရှာယ၏နှုတ်ထွက်ပြည့်စုံမည်အကြောင်းတည်း။

၁၅။ နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်၊ အိုင်းနားတလျှောက်လမ်း၊ ယော်ဒန်မြစ်တစ်ဘက်၊ တပါးအမျိုးနေရာ ဂါလိလဲပြည်၊

၁၆။ မှောင်မိုက်ထဲမှာရှိနေသောလူများတို့သည် ကြီးစွာသောအလင်းကိုမြင်ရ၍

သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏ဟုဟောထားသတည်း။

၁၇။ ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသောတရားကို ဟောစပြုတော်မူ၏။ ရှင်မသဲ ၄း ၁၃-၁၇

၂။ သခင်ယေရှု၏ ဦးတည်ချက်

၁၄။ ယောဟန်သည် ထောင်ထဲသို့ရောက်သည်နောက်၊ ယေရှုသည် ဂါလိလဲပြည်သို့ကြွတော်မူလျှင်၊

၁၅။ အချိန်ပြည့်စုံပြီ၊ ဘုရားသခင်၏နိုင်ငံတော်သည်တည်လုနီးပြီ၊ နောင်တရကြလော့။

ဧဝံဂေလိတရားကို ယုံကြည်ကြလော့ဟူသော ဘုရားသခင်၏နိုင်ငံတော်ယှဉ်သောဧဝံဂေလိတရားကိုဟောတော်မူ၏။ မာကု ၁း ၁၄-၁၅

 

ဧဝံဂေလိတရားတော်၏ ပုံပြင်

၂၃။ ယေရှုသည်တရားဇရပ်တို့၌ ဆုံးမသြဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုဟောလျက်၊

လူတို့တွင်အနာရောဂါအမျိုးမျိုးတို့ကိုငြိမ်းစေလျက်၊ ဂါလိလဲပြည်တစ်ပြည်လုံးကိုဒေသစာရီ လှည့်လည်တော်မူ၏။

၂၄။ သတင်းတော်သည်လည်း ရှုရိပြည်၌ အနှံ့အပြားကျော်စောသည်ဖြစ်၍ နတ်ဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊

လက်ခြေသေသောသူမှစသည့် အထူးထူးအပြားပြားသော အနာရောဂါစွဲ၍ မကျန်းမမာသူရှိသမျှတို့ကို

အထံတော်သို့ဆောင်ခဲ့ကြ၍ သူတို့၏အနာရောဂါကိုငြိမ်းစေတော်မူ၏။

၂၅။ ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုစလင်မြို့မှစသော ယုဒပြည်၊ ယောဒန်မြစ်တစ်ဘက်မှလာသော

လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြ၏။ မသဲ ၄း ၂၃-၂၅

၁။ အရေးကြီးသော လက္ခဏာ (၃) ခု

က။ သွန်သင်ခြင်း

ခ။ ဒေသစာရီလှည့်ခြင်း (ဆုံးမသြဝါပေးခြင်း)

ဂ။ အနာရောဂါငြိမ်းစေခြင်း

၂။ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားတော်

က။ ယုံကြည်ခြင်းကို ရှာဖွေခြင်း

ခ။ သခင်ယေရှု၏ နောက်လိုက်ခြင်း

ဂ။ သစ္စာရှိခြင်း

ဃ။ အသီးသီးခြင်း

 

နောက်ထပ်တစ်ဆင့်

၁။ အို သော်ဖိလု၊ ယေရှုသည်ရွေးကောက်တော်မူသောတမန်တော်တို့ကို ဝိညာဉ်တော်အားဖြင့် မှာထားပြီးမှ၊

၂။ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူသောနေ့ မရောက်မီကာလတွင် ပြုမူသွန်သင်တော်မူသမျှကို ထုတ်ဖော်၍ အထက်ကျမ်းစာကို ငါစီရင်ရေးထားပြီ။

၃။ အသေခံတော်မူပြီးလျှင် တမန်တော်တို့အား ရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏နိုင်င့တော်နှင့်စပ်ဆိုင်သောအရာတို့ကို

မိန့်မြွတ်တော်မူလျက် မိမိအသက်ရှင်သည် အကြောင်းကို ခိုင်ခံ့သောသက်သေများအားဖြင့် ပြတော်မူ၏။ တမန်တော်ဝတ္ထု ၁း ၁-၃

၁။ အထက်ကျမ်းစာကို၏ ရည်ညွှန်းချက် (ရှင်လုကာ ခရစ်ဝင်ကျမ်း)

က။ သခင်ယေရှုသည် ထုတ်ဖော်၍

ခ။ ပြုမူသွန်သင်တော်မူသမျှတို့ကို

ဂ။ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူသောနေ့ မရောက်မီကာလတွင်

၂။ တမန်တော်များ၏ အမှုတော်သာသနာ

က။ ဝိညာဉ်တော်အားဖြင့်ဖြစ်၏။

ခ။ ရွေးကောက်တော်မူသောတမန်တော်တို့ကိုမှာထားပြီးမှ၊

ဂ။ အသေခံတော်မူပြီးလျှင် မိမိအသက်ရှင်သည်အကြောင်းကို ကိုယ်ကိုပြ၏။

ဃ။ ခိုင်ခံ့သောသက်သေများအားဖြင့် ပြတော်မူ၏။

၃။ ဘုရားသခင်၏နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွတ်တော်မူလျက်၊

က။ ဤအချက်သည် တမန်တော်ဝတ္ထု၏ အဓိကဦးတည်ချက်ဖြစ်သည်။

ခ။ ဤအချက်သည် မေလ-ဇွန်လ ၂၀၂၄ တရားတော်၏ အဓိကဦးတည်ချက်ဖြစ်သည်။

 

ဘုရားသခင်၏နိုင်ငံတော်၏ အသွင်ပြင်လက္ခဏာများ

၁။ ဘုရားသခင်၏နိုင်ငံတော်၌ သခင်ယေရှု၏ အခန်းကဏ္ဍ

က။ သားတော်

ခ။ ကယ်တင်ရှင်

ဂ။ သိုးထိန်း

၂။ နိုင်ငံတော်၏ တန်ခိုး

က။ နတ်ဆိုးများနှင်ထုတ်ခြင်း တန်ခိုး

ခ။ အနာရောဂါငြိမ်းစေခြင်းတန်ခိုး

ဂ။ ကယ်တင်ခြင်းတန်ခိုး

၃။ ဘုရားသခင်၏ နှုတ်ကပတ်တော်

က။ သခင်ယေရှု၏ သွန်သင်ချက်များ

ခ။ ဝိညာဉ်ဖြစ်လျက် အသက်ရှင်၏

ဂ။ ထာဝရတည်မြဲသောအရာဖြစ်၏။

၄။ သန့်ရှင်းသော ဝိညာဉ်တော်

က။ ကတိတော်နှင့်ဆိုင်၏။

ခ။ ကိန်းဝပ်တော်မူခြင်းကို ပြုလိမ့်မည်။

ဂ။ တန်ခိုးခွန်အား ပေးလိမ့်မည်။

 

စိန်ခေါ်ချက်

၁။ ဘုရားသခင်၏နိုင်ငံတော်အကြောင်း သာ၍နားလည်နိုင်ရန်။

၂။ ပို၍တန်ဖိုးထားတတ်ရန်။

၃။ ဘုရားသခင်၏နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့့််မြွတ်ခြင်းအရာ၌ ပို၍ပါဝင်ဆက်ကပ်နိုင်ရန်။