Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့” လုကာ၊ ၁၂း၂၂-၃၄

“ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့” လုကာ၊ ၁၂း၂၂-၃၄



နိဒါန်း

က။ အစ၌ဘုရားသခင်၏နိုင်ငံတော်သည်တပည့်တော်တို့အတွက် ဘာအဓိပ္ပယ်ရှိသနည်း၊

၁) အဓိပ္ပယ်အများကြီးမရှိ

၂) မူလပြဿနာများ

က) ပညာနည်းပါးခြင်း

ခ) အမှန်တရားအားနည်းခြင်း

ဂ) သေခြာမှုလျော့နည်းခြင်း

ခ။ သခင်ယေရှုဘယ်အရာပြုခဲ့သည်-

၁) သူသည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းဆိုင်ရာ ပညာတရားကိုဖော်ထုတ်သည်၊

၂) နိုင်ငံတော်၏ ကြီးမြတ်ခြင်းသည် တပည့်တော်တို့သည် နားလည်လာသည်၊

၃) ဘုရားသင်၏နိုင်ငံတော်ပိုပြီးသိလာဖို့ သခင်ယေရှုခရစ်၏နောက်တော်လိုက်ဖို့ သူတို့သည် စိတ်အားထက်သန်လာသည်၊

 

ဘုရားသခင်၏နိုင်ငံတော်အား ရှာဖို့ လူတို့အားတားဆီးသော အရာများ

၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထို့ကြောင့်သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍ အသက်အဖို့မစိုးရိမ်ကြနှင့်။ အဘယ်သို့ဝတ်ရမည်ဟူ၍ ကိုယ်အဖို့မစိုးရိမ်ကြနှင့် ဟုငါဆို၏။

၂၃ အစာထက်အသက်မြတ်သည် အဟုတ်လော့။ အဝတ်ထက်ကိုယ်မြတ်သည် မဟုတ်လော့။

၂၄ ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှတ်တို့သည် မျိုးစေ့ကို အစိုက်မကြဲ၊ စပါးကို မရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ၊

သို့သော်လည်း ဘုရားသင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက်သင်တို့သည် အလွန်မြတ်သည် မဟုတ်လော့။-

၂၅ အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်ကိုတတောင်ခန့်မျှတိုးပွါးစေနိုင်သနည်း။-

၂၆ ထိုသို့အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့် စိုးရိန်ကြသနည်း။-

၂၇ နှင်းပင်တို့သည် အဘယ်သို့သော အားဖြင့်ကြီးပွါးသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊

ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီးအဝတ်သည်ထိုအပင်တပင်မျှ၏ အဝတ်ကိုမမှီဟု ငါဆို၏။-

၂၈ ယုံကြည်ခြင်အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြတ်ပင်ကို ဘုရားသခင်သည် ထိုသို့သော အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမကသင်တို့

ကိုအဝတ်နှင့်ဖုန်းလွှမ်းတော်မူမည်မဟုတ်လော့။ ရှင်လုကာ ၁၂း၂၂-၂၈

က။ ယေဘုယအားဖြင့်ဘဝ၌စိုးရိမ်သောအရာများ

၁) အစားအစာ

၂) အဝတ်

၃) အဖြေ၊-

“အစာထက်အသက်မြတ်သည် မဟုတ်လော့။ အဝတ်ထက်ကိုယ်မြတ်သည် မဟုတ်လော့။

ခ။ စိုးရိမ်မှု

၁) ပူပန်ခြင်းသည် ဘာကြောင့်စိုးရိမ်ခြင်းဖြစ်သနည်း

၂) စိုးရိမ်းခြင်းဖြစ်လာသောအခါ ထိမိသောအရာများ

က) ကျွနု်ပ်တို့၏တွေးတောခြင်းကို ထိခိုက်သည်

“ကျီးကန်းများကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုငှတ်တို့သည် မျိုးစေ့ကို အစိုက်မကြဲ၊ စပါးကို မရိတ်၊ စပါးကျီမရှိ၊ ဘဏ္ဍာတိုက်မရှိ၊

သို့သော်လည်း ဘုရားသင်သည် သူတို့ကို ကျွေးမွေးတော်မူ၏။” လု ၁၂း၁၄-က

ခ) ငါတို့၏ ဘဝအမြင်ကို ထိခိုက်သည်

“ထိုငှက်တို့ထက်သင်တို့သည် အလွန်မြတ်သည် မဟုတ်လော့။-“ လု ၁၂း၂၄-ခ

ဂ) စိတ်၌ပြည့်ပြီး ငါတို့၏အားအင်လျှော့စေသည်

“အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်ကိုတတောင်ခန့်မျှ တိုးပွါးစေနိုင်သနည်း။” လု ၁၂း၂၅

ဃ) စိုးရိမ်ခြင်းသည် တာရှည်ပြဿနာဖြစ်လာသည်

“ထိုသို့အငယ်ဆုံးသောအမှုကိုမျှ မတတ်နိုင်လျှင် ကြွင်းသောအမှုကို အဘယ်ကြောင့် စိုးရိန်ကြသနည်း။” လု ၁၂း၂၆

င) ဘုရားသခင်၌ ငါတို့၏ယုံကြည်ခြင်းကိုပါ ထိခိုက်သည်

“နှင်းပင်တို့သည် အဘယ်သို့သော အားဖြင့်ကြီးပွါးသည်ကို ကြည့်ရှုဆင်ခြင်ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊

ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသော ရှောလမုန်မင်းကြီးအဝတ်သည်ထိုအပင်တပင်မျှ၏ အဝတ်ကိုမမှီဟု ငါဆို၏။-

“ယုံကြည်ခြင်အားနည်းသောသူတို့၊ ယနေ့အသက်ရှင်လျက်၊ နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြတ်ပင်ကို ဘုရားသခင်သည် ထိုသို့သော

အဝတ်နှင့်ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမကသင်တို့ ကိုအဝတ်နှင့်ဖုန်းလွှမ်းတော်မူ မည်မဟုတ်လော့။ လု ၁၂း၂၇-၂၈

စ) ငါတို့သည် လောကမှလွှမ်းမိုးသည်

“ထို့ကြောင့်အဘယ်သို့စားရ အံ့နည်း၊ အဘယ်သို့ သောက်ရအံ့နည်းဟူ၍

မရှာဖွေကြနှင့်။

ထိုအရာများကို လောကီသာအမျိုးမျိုးတို့သည်ရှာဖွေတတ်ကြ၏။ ထိုအရာများကို

သင်တို့သည် အသုံးလိုကြောင်းကိုသင်တို့အဘသိတော်မူ၏” လု ၁၂း၂၉-၃၀

 

ဘုရားသခင်၏နိုင်ငံတော် ရှာဖို့စိန်ခေါ်ခြင်း

၃၁ သင်တို့မူကား ဘုရားသခင်၏နိုင်ငံတော်ကိုရှာကြလော့။ နောက်မှထိုအရာများကို ပေးတော်မူလတံ့။

၃၂ သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။ သင်တို့အဖသည် သင်တို့အားနိုင်ငံကိုပေးခြင်းငှာ

အလိုရှိတော်မူ၏။- ၃၃ သင်တို့ဥစ္စာကိုရောင်၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းသော အိတ်တို့ကို ကိုယ်သုံးဖို့လုပ်ကြလော့။

သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သော ဘဏ္ဍာကိုဆည်းဖူးကြလော့။-

၃၄အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက်တတ်၏။ လု ၁၂း၃၁-၃၄

က။ ဘုရားသခင်၏နိုင်ငံတော်ကို ရှာပါ လု ၁၂း၃၁

၁) ဘုရားသခင်၏နိုင်ငံတော်ကို ရှေးဦးစွာရှာလော့

၂) နားလည်သဘောပေါက်ခြင်းနှင့်ရှာပါ

၃) ယုံကြည်ခြင်းနှင့်ရှာပါ

၄) ထိုအရာများကိုနောက်မှပေးမည်

ခ။ ဘုရားသခင်၌ ပို၍နက်နဲသောအားကိုးခြင်းကို ရှာပါ လု ၁၂း၃၂

၁) ကြောက်ရွံ့ခြင်းသို့မရောက်နှင့်

၂) ဘုရားသခင်သည် ငါတို့အား နိုင်ငံတော်ပေးအပ်ရန်ဝမ်းသာသည်

ဂ။ ယုံကြည်ခြင်းလေ့ကျင့်ရေးကို ရှာပါ လု ၁၂း၃၃

၁) ဥစ္စာရောင်းပြီးဆင်းရဲသားတို့အားပေးပါ

၂) မဆွေးမဟောင်းသော အိတ်တို့ကို ကိုယ်သုံးဖို့လုပ်ကြလော့။ သူခိုးမရောက်၊

ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သော ဘဏ္ဍာကို

ဆည်းဖူးကြလော့။-

ဃ။ ဘုရားသခင်၏နိုင်ငံတော်သည် စိတ်နှလုံးအပြည့်အဝနှင့်ရှာပါ

အကြောင်းမူကား၊ အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့

သင်တို့စိတ်နှလုံးရောက်တတ်၏။ လု ၁၂း၃၄

၁) နှလုံးသားသည် နက်နဲစွာ ပါဝင်သည်

၂) နှလုံးသား ဘဏ္ဍာသည် ဘယ်အရာနည်း၊

၃) အကြင်အရပ်၌ သင်တို့၏ ဘဏ္ဍာရှိ၏၊ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက်တတ်၏။

 

နိဂုံး

က။ သင့်အတွက်ဘုရားသခင်၏ နိုင်ငံတော်သည် ဘယ်အရာဖြစ်သနည်း၊

၁) နှလုံးသား

၂) စိတ်

၃) အသက် ဝိညာဉ်

ခ။ ဘုရားသခင်၏နိုင်ငံတော်

၁) ဘုန်းကြီးသည်

၂) ထာဝရ

၃) ကိုယ်နှင့်ဆိုင်သည်

၄) အဖိုးတန်သည်

“ကောင်းကင်အောက်၌နိုင်ငံနှင့်တကွ အာဏာစက်ဘုန်းတန်ခိုးရှိသမျှကို အမြင့်တဆုံးသော ဘုရားသခင်၏သန့်ရှင်းသော အမျိုးသားတို့သည်

ရကြလိမ့်မည်။ ထိုဘုရားသင်၏နိုင်ငံတော်သည် ထာဝရနိုင်ငံဖြစ်၏။ မင်းကြီးအပေါင်းတို့သည် တိုးဝင်၍ကျွန်ခံရကြလိမ့်မည်။” ဒံ ရး၂၇