Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည်ထောင်သော အချိန်နီးပြီ” ရှင်လုကာ ၁၀း၁-၂၄

“ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌တည်ထောင်သော အချိန်နီးပြီ” ရှင်လုကာ ၁၀း၁-၂၄



နိဒါန်း

က။ ကောင်းကင်နိုင်ငံဝင်စားဖို့ ဖိတ်ခေါ်ခြင်း

“နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည်တည်လို့နည်းပြီး။” မဿဲ ၄း၁၇

ခ။ ကောင်းကင်နိုင်ငံနှင့်ဆိုင်သော သွန်သင်ချက်

၁ထိုလူအပေါင်းတို့ကို မြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသောအခါ၊ တပည့် တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။

၂ ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ၊ ၃ စိတ်နှလုံးနှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏။

အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူ တို့၏ နိုင်ငံဖြစ်၏။

၁) တပြည့်တော်တို့အားသင်ပေးခြင်း

၂) ကောင်းကင်နိုင်ငံတော်

 

တပည့်တော်များဖြစ်စေခြင်း

က။ မူလတပည့်တော်များရှိကြသည်

၁) သူတို့သည် လုပ်ငန်းအသီးသီးမှာခေါ်ခြင်းခံသူများဖြစ်သည် မဿဲ ၄၊ လု ၅

၂) သူတို့သည် တမန်တော်ဖြစ်စေသည် လု ၆း၁၂-၁၆၊ မဿဲ ၁၀း၁-၄

၃) သူတို့သည် “တစ်ကျိပ်နှစ်ပါး” ဟုခေါ်လေ့ရှိသည် မာ ၄း၁၀

ခ။ အခြားသော တပည့်များလည်းပေါင်းထည့်သည်

၁) ခုနှစ်ကျိပ်တို့အား အမှုတော်အတွက် ခန့်အပ်ထားသည်

၁ထိုနောက်မှ သခင်ဘုရားသည် အခြားသောတပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ် တိုင်ကြွလေအံ့သော

မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။ ၂သူတို့အား  မိန့်တော်မူသည်ကား၊

စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည်နည်းကြ၏။ ထို ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စပါးရှင်

စေလွှတ်တော်မူမည်အကြောင်း ဆုတောင်း ကြလော့။

၂) စပါးရိတ်ရန်လုပ်ဆောင်သောသူအလွန်လိုအပ်သည်

၃) ဤတပည့်တော်တို့သည် သခင်ယေရှုခရစ်က စေလွှတ်သည်

 

ခုနှစ်ကျိပ်သောတပည့်တော်တို့အားစေလွှတ်ခြင်း

က။ ခုနှစ်ကျိပ်တို့အား စေလွတ်ခြင်း

၉ လူနာများကို ချမ်းသာပေးကြလော့။ ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သော အချိန်နီးပြီဟု သူတို့အား ဟောပြောကြလော့။

၁၀ အကြင်မြို့သို့ ဝင်၍မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏လမ်းသို့ ထွက်ပြီးလျှင်၊ ငါတို့၌ကပ်သော သင်တို့မြို့၏ မြေမှုန့်ကို ငါတို့ခါလိုက်၏။

၁၁ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့။

၁) “ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်း” လု ၁၀း၉၊၁၁

၂) “နိုင်ငံတော်တည်လုနီးပြီ” မဿဲ ၄း၁၇

(ဂရိဘာသာစကား ၌ဤအရာတို့သည် အဓိပ္ပယ်တူသည်)

ခ။ သခင်ယေရှုခရစ်အား ငြင်းပယ်ခြင်းဆိုင်ရာ ပြင်းထန်သော သတိပေးချက်

၁) ကိုယ်တော်အား လက်မခံသူတချို့ရှိလာမည် လုကာ ၁၀း၁၀-၁၁

၂) ဤသည် တပည့်တော်တို့၏ အမှားမဟုတ်

ဂ။ ခုနှစ်ကျိပ်တို့၏ အောင်မြင်မှု

၁၇ ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည် ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည်

နတ်ဆိုးကိုပင် နိုင်ပါသည်ဟု လျှောက်ကြ၏။ လုကာ ၁၀း၁၇

၁) ခုနှစ်ကျိပ်တို့၏တက်ကြွမှု

က) နတ်ဆိုးတို့၏ တွန်းလှန်ခြင်းကြုံတွေ့သည်

ခ) သို့သော်သူတို့သည်ဤ နတ်ဆိုးတို့အား အောင်နိုင်သည်

၂) သာသနာ၌ဘုရားသခင်၏တန်ခိုးတော်သည် သူတို့နှင့်ရှိသည်

က) တစ်ကျိပ်နှစ်ပါးတို့သည် တန်ခိုးပေးခြင်းခံသည် မဿဲ ၁၀း၁

ခ) ခုနှစ်ကျိပ်တို့သည်လည်း တန်ခိုးပေးခြင်းခံသည် လုကာ ၁၀း၁၇

ဃ။ စာတန်သည် လျှပ်စစ်ကဲ့သို့ကောင်းကင်မှကျသည်

၁၈ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှကျသည်ကို ငါမြင်ပြီ။ ၁၉ သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို

နိုင်ရသောအခွင့်နှင့် ရန်သူများကိုနိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။

၂၀ သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့်သာ ဝမ်းမြောက်ခြင်းမရှိကြနှင့်၊ သင်တို့၏ နာမည်များသည်

ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူ၏။

၁) ဘုရားသခင်နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခု

က) အာနာ နှင့် တန်ခိုးတော် ရှိသည်

ခ) တပည့်တော်တို့သည် ဘုရားသခင်၏တန်ခိုးတော်ကိုရရှိနိုင်သည်

၂) ဘုရားသခင့်နိုင်ငံတော်၏ အရေးကြီးသောအခြားကဏ္ဍ

က) ဤသည် တန်ခိုးနှင့်အာနာမျှ မဟုတ်

ခ) ကောင်းကင်၌ နာမည်များရေးသားခြင်းရှိခြင်းအကြောင်းမှန်သည်

ဂ) အသက်စာစောင်၌ နာမည်များရေးသားထားသည်

၃) အသက်စာစောင်

၁၂ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏

အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း၊

စာစောင်တို့၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ၏။ ၁၃သမုဒ္ဒရာသည် မိမိ၌ရှိသော လူသေတို့ကို အပ်ပေး၏။

မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့၌ ရှိသော လူသေတို့ကို အပ်ပေးကြ၏။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း

တရားစီရင်ခြင်းကို ခံရ ကြ၏။ ၁၄ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ၏။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း။

၁၅ အသက်စာစောင်၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏။ ဗျာဒိတ် ၂၀း၁၂-၁၅

၂၂ မြို့ထဲ၌ ဗိမာန်တော်ကိုငါမမြင်၊ အကြောင်းမူ ကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည်

ထိုမြို့၏ ဗိမာန်ဖြစ် တော်မူ၏။ ၂၃ ထိုမြို့သည် နေ၏အရောင်၊ လ၏ အရောင်ကို အလိုမရှိ။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည်

ထိုမြို့ကို လင်းစေ၏။ သိုးသငယ်သည်လည်း ထိုမြို့၏ ဆီမီးဖြစ်၏။ ၂၄ လူအမျိုးမျိုးတို့သည် ထိုမြို့၏ အလင်းကို အမှီပြု ၍

သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။

၂၅ မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်းမပိတ်တတ်။ ညဉ့်မူကား မရှိ။

၂၆ လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။

၂၇ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာပျက်သောအရာ တစုံတ

ခုမျှမဝင်ရဘဲ၊ သိုးသငယ်၏ အသက်စာစောင်၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ၏။ ဗျာဒိတ် ၂၁း၂၂-၂၇

က) အသက်စာစောင်ရှိသည် ဗျာ ၂၀း၁၂၊ ၁၅

ခ) ဤသည် သိုးသူငယ်တော်၏ အသက်စာစောင်ဟုခေါ်သည် ဗျာ ၂၁း၂၇

 

နိဂုံး

က။ ကောင်းကင်နိုင်ငံတော်

၁) စစ်မှန်သည်

၂) ဆက်စပ်မှုရှိသည်

ခ။ ကောင်းကင်နိုင်ငံတော်၌ရှိသော အသက်စာစောင်

၁) ယုံကြည်ဖို့ ဖိတ်ခေါ်ခြင်း

၂) ကောင်းကင်နိုင်ငံတော်ဝင်ဖို့ ဖိတ်ခေါ်ခြင်း

၃) နိုင်ငံတော်တည်လို့နီးသည်။