Bethany Independent Presbyterian Church

Myanmar

“ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။” ဆာလံ ၆၈း၂၈-၃၅

“ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။” ဆာလံ ၆၈း၂၈-၃၅



နိဒါန်း

က။ ဘုရားသခင်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း

ဆာ ၆၈း၁-၆

ခ။ ဘုရားသခင်၏ရှေ့တော်

ဆာ ၆၈း၇-၈

ဂ။ ဘုရားသခင်၏ပြင်ဆင်ခြင်း

ဆာ ၆၈း၉-၁၀

ဃ။ ဘုရားသခင်၏ တန်ခိုးတော်

ဆာ ၆၈း၁၇-၂၀

င။ ဘုရားသခင်၏ လှည့်လည်ခြင်း

ဆာ ၆၈း၂၄-၂၇

 

ဘုရားသခင်၏ ခွန်အား

၂၈အို ဘုရားသခင်၊ တန်ခိုးတော်ကို ပြတော်မူပါ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့၌ ပြုသော ကျေးဇူးတော်ကို တည်စေတော်မူပါ။

၂၉ ယေရုရှလင်မြို့၌ရှိသော ဗိမာန်တော်အဘို့ ရှင်ဘုရင်တို့သည် ကိုယ်တော်ထံသို့ လက်ဆောင်များကို ဆောင်ခဲ့ကြပါစေသော။

၃၀ကျူတောသားရဲကို၎င်း၊ နွားလားဥသဘအစုအဝေးနှင့် လူမျိုးတို့၏ နွားပျိုတို့ကို၎င်း ဆုံးမတော်မူသဖြင့်၊ အသီးအသီးတို့သည် ငွေစနှင့် ကိုယ်ကို နှိမ့်ချကြပါစေသော။

စစ်မှုကို နှစ်သက်သော လူမျိုးတို့ကို အရပ်ရပ်သို့ ကွဲပြားစေတော်မူပါ။

၃၁ အဲဂုတ္တုပြည်မှ သံတမန်တို့သည် လာကြပါစေသော။ ကုရှပြည်သည် မိမိလက်တို့ကို ဘုရားသခင်ထံ တော်သို့ အလျင်အမြန် ဆန့်ရပါစေသော။ ဆာ ၆၈း၂၇-၃၁

က။ ဘုရားပေးမည့် ခွန်အား

၁) ဘုရားသခင်သည် ကျွန်တော်တို့အား ခွန်အားပေးမည်

၂) ခွန်အားပေးရန် အမိန့်တော် ပေးလိမ့်မည်

ခ။ ဘုရားသခင်မှလာသော ခွန်အားအတွက် ဆုတောင်းခြင်း

၁) ကျွန်တော်တို့၏ အပိုင်းသည် နှိမ့်ချစွာ ရှာဖို့ဖြစ်သည်

၂) ဘုရားသခင်၏ ခွန်အားသည် အသက်တာနှင့်အမှုတော်အတွက် တန်ခိုးဖြစ်သည်

ဂ။ ဘုရားပြုခဲ့သောအမှုသမျှ တည်စေဖို့ခွန်အား လိုအပ်သည်

၁) ဘုရားသခင်၏ ခွန်အားသည် ရှာဖို့ နှင့် တွေ့ဖို့ဖြစ်သည်

၂) သူ၏ အမှုတော်တည်မြဲစေဖို့ရန် ၎င်းကိုလိုအပ်သည်

ဃ။ ဓမ္မဟောင်း၏ အာရုံစိုက်ရာအချက်

ဘုရားသခင်၏ ဗိမာန်တော်

င။ ဓမ္မသစ်၏ အာရုံပြုသောအရာ

ဘုရားခသင်၏ အသင်းတော်

 

ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့

၃၂ မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။

၃၃ အစအဦး၌ အထက်ကောင်းကင်ဘဝဂ်ကို စီး၍ နေတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြလော့။ အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏။

၃၄ ဘုရားသခင်သည် တန်ခိုးကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ဣသရေလအမျိုးကို ဘုန်းတော်လွှမ်းမိုး လျက်၊ တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း။

၃၅ အို ဘုရားသခင်၊ ကိုယ်တော်သည် သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ကား၊

မိမိလူတို့အား အခွင့်တန်ခိုးကို မေးတော်မူသော ဘုရား ပေတည်း။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

က။ ဘုရားသခင်၏ ခွန်အားကို အသိအမှတ်ပြုခြင်း

၁) အထက်ကောင်းကင်ဘဝဂ်ကို စီး၍

၂) အသံတော်ကို လွှတ်တော်မူ၍၊ အားကြီးသော အသံဖြစ်၏

၃) ဘုရားသခင်၏တန်ခိုးတော်

ခ။ ဘုရားသခင်၏ တန်ခိုးကြီး၌ ဝမ်းမြောက်ခြင်း

၁) တန်ခိုးသည် ဘုရား၌ဝန်ခံရန်ဖြစ်သည်

၂) တန်ခိုးသည် လိုအပ်သည် “လွှမ်းမိုး”

၃) တန်ခိုးတော်လည်း မိုဃ်းတိမ်တို့တွင် ထင်ရှားလျက် ရှိသတည်း

ဂ။ ဘုရားသခင်၏ ကြီးမြတ်ခြင်းကို အောက်မေ့ခြင်း

၁) ဘုရားသခင်၏ သန့်ရှင်းသော ဌါနတော်တို့၏အံ့သြဖွယ်ဖြစ်ခြင်း

၂) ပို၍အံ့ဖွယ်သည်ဘုရားသခင်ပုဂ္ဂိုလ်တော်ဖြစ်သည်

၃) ကိုယ်တော်သည်လူတို့အား တန်ခိုးတော်နှင့်ခွန်အားကိုပေးသည်

 

နိဂုံး

က။ ၄၉ အမှုတော်လုပ်ငန်းအတွက် ဘုရားသခင်၏ တန်ခိုးတော်ကောင်းကြီးအား အောက်မေ့ခြင်း

၁) သူ၏ ကတိတော်များ

၂) သူ၏ရှေ့တော်

၃) သူ၏ ပြင်ဆင်ခြင်း

၄) သူ၏ တန်ခိုးတော်

ခ။ ကျွန်တော်တို့၏သခင်ဘုရား၌ ဝမ်းမြောက်ခြင်း

၁) ချီးမွမ်းခြင်းအားဖြင့်

၂) တဦးခြင်းနှင့် အစုလိုက်ဝတ်ပြုခြင်းအားဖြင့်

၃) ကြွေးကြော်ခြင်းနှင့်။