Bethany Independent Presbyterian Church

Myanmar

“ဘုန်းကြီးသော ဝိညာဉ်တော်” ၁ပေ ၄

“ဘုန်းကြီးသော ဝိညာဉ်တော်” ၁ပေ ၄




နိဒါန်း

၁။ အသက်ကျောက်မြတ် ဆောင်ပုဒ်၏ နောက်ဆုံးဒေသနာ

(A living stones, a living faith, a living hope, a living

church/community, chosen race, royal priesthood, God’s people…etc..)

၂။ ယနေ့ကြုံတွေ့သော ဆင်းရဲဒုက္ခ (ကပ်ရောဂါ၊ အလုပ်မဲ့ဖြစ်ခြင်း၊ ငတ်မွတ်ခြင်း…)

၃။ တမာန်တော် ရှင်ပေတရု၏ ဆင်းရဲဒုက္ခရင်ဆိုင်နည်း (မကြောက်၊ လက်ခံ၊ ရင်ဆိုင်၊

မိမိကိုမည်သူနည်းကိုသိ၊ အကောင်းမြင်၊ သမ္မာတရားအားယူ၊ ဘုရားကိုကိုးစား)

၄။ သန့်ရှင်းသောဝိညာဉ်တော်၏ အခန်းကဏ္ဍကိုလည်းသေချာစွာ နားလည်ပြီးကိုးစား-

၅။ တမန်တော်ပေတရု နှင့်သန့်ရှင်းသောဝိညာဉ်တော်

က) မည်သို့နည်းဖြင့် ဝိညာဉ်တော် အလုပ်လုပ် သခင်ခရစ်တော် သင်ပေး၊

ခ) ခရစ်တော်၌အစွမ်းတန်ခိုးနှင့် ဝိညာဉ်တော်၏အလုပ် ကိုမြင်၊

ဂ) သူကိုယ်တိုင် ပင်တေကုတ္တေနေ့၌ ဝိညာဉ်ေတော် တန်ခိုးခံယူသူဖြစ်သည်၊

ဃ) ဝိညာဉ်တော် တန်ခိုးအားဖြင့် အသင်းတော် ကြည့်ရှုသူ ဖြစ်သည်။

 

ဘုရား၏ ဝိညာဉ်တော်ကို သိမှတ်ခြင်း (AN APPPRECIATION OF THE SPIRIT OF GOD)

–              Eastern Church: ဝိညာဉ်တော်ဗေဒကို ဦးစားပေး (ကယ်တင်ခြင်း၊ အသင်းတော်)

–              Western Church: ခရစ်္တဗေဒကို ဦးစားပေး

–              Pentecostal & Charismatic: ဝိညာဉ်တော်၏ ဆုကျေးဇူး (ဘာသာစကား၊ နိမိတ်)

ဖန်ဆင်းခြင်း၊ ဘိုးဘေးခေတ်၊ တရားသူကြီးခေတ်၊ ရှင်ဘုရင်များခေတ်၊

ပရောဖက်များခေတ်၊ ယေရှုခရစ်ခေတ်၊ တမန်တော်ခေတ်၊

နှင့် ယနေ့အသင်းတော်ေခေတ်၌ ပြင်းထန်စွာ အလုပ်သောသော ဘုရားဖြစ်သည်။

၁။ “ဝိညာဉ်” ဟုခေါ်သည်               (The Spirit)             ၁ပေ ၁း၂

၂။ “ခရစ်တော်၏ ဝိညာဉ်”           (The Spirit of Christ)           ၁ပေ ၁း၁၁

၃။  “ဘုန်းကြီးသောဝိညာဉ်”         (The Spirit of glory)           ၁ပေ ၄း၁၄-က

၄။ “ဘုရားသခင်၏ ဝိညာဉ်တော်”  (The Spirit of God)            ၁ပေ ၄း၁၄-ခ

 

ဘုံပြဿနာများ (COMMON PROBLEMS)

၁။ အနည်းငယ်သော အကျိုးကျေးဇူး (Little practical impact)

က) ဝိညာဉ်တော်၏ အမှုတော်သည် သေခြာစွာသဘောမပေါက်ကြ

ခ) အကျိုးကျေးဇူး ကြီးမာစွာ ခံစား သင့်သလောက် မခံစားကြ

ဂ) E.g. Mainstream Evangelicals: ဝိညာဉ်တော်ကို မေ့လျော့သည်

၂။ မှားယွင်းသော နာလည်သဘောပေါက်ခြင်း ( False understanding)

က) ဘုရားဝိညာဉ်တော် နာမတော် ကိုလျှော့ပြီး၊ မှားယွင်းစွာ အသုံးပြုခြင်း

ခ) လူ့ဝိညာဉ် နှင့် သန့်ရှင်းသောဝိညာဉ်တော် ကို အထင်မှားတတ်သည်

ဂ) မရေရာသော ရလဒ်များ ဖြစ်လာသည်

ဃ) E.g. Pentecostal & Charismatic: ချမ်းသာကျန်းမာဖို့ ဝိညာဉ်တော်ကိုဆက်ဆံ

 

ဘုရားသခင် ဝိညာဉ်တော်၏ အမှုတော်မြတ်များ (HIS MANIFOLD MINISTRY)

သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကိုနားလည်အောင် အမျိုးမျိုးဖော်ပြသည်

–              ဇီဝအသက်          (life-breath, life-giving breath)          ကမ္ဘာ ၂း၇၊

–              လေ                      (mysterious works)            ယောဟန် ၃း

–              မီး                          (judgment over sins)           တမန်တော် ၂း၃၊

–              ရေ                        ( never ending life)             ဟေ ၄၄း၃၊ ယော ရး၃၇-၃၉

–              တိမ်                      (Glory)           ထွက် ၂၄း၁၅-၁၈

–              ချိုးငှက်                 (Gentleness)           မဿဲ ၄

–              ဥပဇ္ဈာယ်ဆရာ     (Counselor, one who speaks in our defense)           ယော ၁၄း၁၆

 

၁။ သန့်ရှင်းစေခြင်း အလုပ်             (Sanctification – Gk. hagiasmos)

“ဝိညာဉ်တော်အားဖြင့်သန့်ရှင်းခြင်းသို့ ရောက်၍၊”           ၁ပေ ၁း၂

  • ကယ်တင်ခြင်းအဖို့ သန့်ရှင်းစေခြင်း (ထာဝရ)
  • အသက်တာ သန့်ရှင်းစေခြင်း (နေ့တိုင်း)

က) ပြန်လည်ဖြစ်ဘွားစေ သောအလုပ် (Regeneration)

“ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည်ဖြစ်၍”           ၁ပေ ၃း၁၈

ခ) စိတ်ဝိညာဉ်ကို စင်ကြယ်စေသော အမှုတော် (Purifying of the soul)

“ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီး…”          ၁ပေ ၁း၂၂

 

၂။ နှုတ်ကပတ်တော်ကို ဖော်ပြခြင်းအလုပ်   (Revelation)

ပရောဖက်များ အားကိုညီမစ           ၁ပေ ၁း၁၁၊

“သူတို့၏အထဲ၌၊ ခရစ်တော်၏ဝိညာဉ်သည် သက်သေခံနှင့်သောအခါ…”

“အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့်

ဖြစ်ဘူးသည် မဟုတ်။ ဘုရားသခင်၏သန့်ရှင်းသောသူတို့သည်

သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏။”           ၁ပေ ၁း၂၁

“သမ္မာတရားကို သင်တို့အားအကြွေးမဲ့သင်ပေးမည်”           ရှင်ယောဟန် ၁၆း၁၃

 

၃။ တန်ခိုးပေးခြင်း အလုပ်               (Empowering)

ဧဝံဂေလိကို ဟောပြောသောသူ ကူညီမစခြင်းဖြင့် အလုပ်လုပ်သည်

“သန့်ရှင်းသောဝိညာဉ်တော်ပါလျက်၊ သင်တို့အားဧဝံဂေလိတရားကို ဟောသောသူတို့သည်…”             ၁ပေ ၁း၁၂

 

ဘုန်းကြီးသောဝိညာဉ်တော် ဆိုင်ရာအထူး စိန်ခေါ်ချက်များ            ၁ပေ ၄း၁၄

၁။ သန့်ရှင်းသောဝိညာဉ်တော်နှင့် အကျွမ်းဝင်သူဖြစ်ရမည်

က) ငါတို့အားထာဝရအတွက် ဘိသိပ်၊ အထဲ၌ ကျိမ်းဝပ်၊ တံစိတ်ခပ်၊

ငါတို့အတွက် စားရန် ဖြစ် သည်၊

ခ) ငါတို့အထဲ၌ ဆက်လက် အလုပ်နေဖို့လိုအပ်သည်၊

၂။ ခရိယာန်ကဲ့သို့ဆင်းရဲခြင်းကိုခံရမည်          ၁ပေ ၄း၁၆

“ခရစ်ယာန်ဖြစ်သောကြောင့်ခံရလျှင်မူကား၊ ရှက်ကြောက်ခြင်းမရှိစေနှင့်၊”

၃။ ကောင်းသော အကျင့်တရားအသီး သီးရမည်

“ဝိညာဉ်ပကတိ၏အကျိုးဟိုမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊

ကောင်းမြတ်ခြင်း၊ သစ္စစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။”           ဂလာတိ ၅း၂၂-၂၃

–              လောကီဆန်သော အသက်ရှင်နည်းသမျှကို ဆန့်ကျင်သော အသက်တာမျိူး၊

–              သမ္မာ အာဇီဝ၊ သမ္မာသမ္မာတိ နှင့်ပြည့်သော အသက်တာမျိုး။

၄။ ခရစ်တော်ထင်ရှားစေသူဖြစ်ဖို့

က) ခရစ်တော်၏သက်သေများဖြစ်ခြင်း

    “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ၊

    သင်တို့သည်တန်ခိုး ကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊

    မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြမည်ဟု မိန့်တော်မူ၏။”           တမန် ၁း၈

ခ) ခရစ်တော်၏တရားတော်ကို မှတ်ထား ဟောကြားခြင်း

    “ ခမည်းတော်ငါ့အတွက်ကြောင့် စေလွတ်တော်မူသော ဥပဇ္ဈာယ်ဆရာ

တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသော

အရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျျှသော စကားတို့ကို

မှတ်မိသော ဉာဏ် ကို သင်တို့အားပေးတော်မူမည်။”           ယော ၁၄း၂၆

ဂ) ခရစ်ဘုရား၏ဘုန်းကိုထင်ရှားစေခြင်း

ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်”           ရှင်ယောဟန် ၁၆း၁၄