Bethany Independent Presbyterian Church

Myanmar

“ဖြောင့်မတ်သောသူ၏ စကား” ဆာ ၃ရး၃၀-၃၃

“ဖြောင့်မတ်သောသူ၏ စကား” ဆာ ၃ရး၃၀-၃၃



နိဒါန်း

က။ ကမ္ဘာသည် “ပြောရေးဆိုခွင့်” အကြောင်းပြောကြသည်

ခ။ လူအများတို့သည် ဤ လူ့အခွင့်အရေးကို အကြိုးရှာကြသည်

၁) သူတို့လိုခြင်သောအရာကိုတင်မြောက်ဖို့

၂) ဖြောင့်မတ်သောအရာ သက်သက်ကြောင့်မဟုတ်

ဂ။ စကားပြောခြင်းအကြောင်း ကျမ်းစာကဘာ သင်ပေးသလဲ။

 

မတရားသောသူ၏ မောက်မာသောနှုတ်

အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ။ သူတော် ကောင်းမျိုးသည် ပြတ်၍ သစ္စာရှိသောလူမျိုးသည် လူသားတို့တွင် ကွယ်ပျောက်ပါ၏။

2 အိမ်နီးချင်းတို့သည် တဦးကိုတဦး မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊ နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။

3 ငါတို့သည် ကိုယ်လျှာအားဖြင့် နိုင်မည်။ 4 ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု

ပြောဆိုသော သူတို့၏ ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။ ဆာ ၁၂း၁-၄

က။ ဖြောင့်မတ်သောသူတို့ကွယ်ပျောက်ခြင်း၏ အန္တရယ်

၁) သူတော်ကောင်းမျိုးကွယ်ပျောက်သည်

၂) သစ္စာရှိသူကွယ်ပျောက်သည်

ခ။ သေစေသောလျှာ၏အန္တရယ်

၁) မုသာသုံး၍ ချော့မော့သော နှုတ်ခမ်း၊

၂) နှစ်ခွသော စိတ်နှင့်ပြောတတ် ကြပါ၏။

၃) ဝါကြွားသော လျှာ

၄) ဝါကြွားသောလျှာ

“ကိုယ်နှုတ်ခမ်းသည် ကိုယ်အမှုကို စောင့်လိမ့် မည်။ ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆို သော သူတို့၏

ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို ထာဝရဘုရားသည် ဖြတ်တော်မူမည်။” ဆာ ၁၂း၄

ဂ။ အရေးကြီးသော ဆုတောင်းခြင်း

၁) အိုထာဝရဘုရား၊ ကယ်တင်တော်မူပါ ဆာ ၁၂း၁-က

၂) ချော့မော့သော နှုတ်ခမ်းနှင့် ဝါကြွားသော လျှာရှိသမျှတို့ကို

ထာဝရဘုရားသည် ဖြတ်တော်မူမည်။ ဆာ ၁၂း၄

 

မတရားခြင်း၏ ပြဿနာ

က။ ဆာ ၈၂

အာသပ်၏ဆာလံ

ခ။ အခြေအနေ

၁) ဘုရားသခင်သည် တရားသူကြီးတို့အား စစ်ဆေးသည်

၂) သူတို့သည် တရားဖက်၌ ရပ်တည်ဖို့ဖြစ်သည်

၃) တရားသူကြီးတို့သည် “ဘုရားများ’ ဟုခေါ်သည် ဆာ ၈၂း၁-ခ

၄) “ဘုရားများ” ဆိုသည့်စကားလုံး

“သင်တို့သည် ဘုရားဖြစ်ကြ၏။ ရှိသမျှတို့သည် အမြင့်ဆုံးသော

ဘုရားသခင်၏သားဖြစ်ကြ၏ ဟုငါဆိုသတည်း။” ဆာ ၈၂း၆

ဂ။ ဘုရားသခင်၏နှုတ်ကပတ်တော်သည်

ဆိုးသောတရားသူကြီးတို့အား ဆန့်ကျင်သည်

၁) အဘယ်မျှကာလပတ်လုံး မတရားသဖြင့်

စီရင်ကြမည်နည်း။ ဆာ ၈၂း၂-က

၂) သင်တို့သည် မတရားသောသူတို့၏

မျက်နှာကို ထောက်၍ ဆာ ၈၂း၂-ခ

ဃ။ မှန်ကန်သောအမှုကိုပြုဖို့ ဘုရားသခင်၏ ပညတ်တော်

၁) ဆင်းရဲသား နှင့် မိဘမဲ့တို့အား ကာကွယ်သည် ဆာ ၈၂း၃-က

၂) ငြိုငြင်သောသူနှင့် ငတ်မွတ်သောသူတို့

ဖက်၌ တရားစီရင်သည် ဆာ ၈၂း၃-ခ

၃) ဆင်းရဲသားနှင့် ငတ်မွတ်သောသူတို့ကို ကယ်တင်သည် ဆာ ၈၂း၄-က

၄) မတရားသောသူ၏ လက်မှကယ်နှုတ်ကြသည် ဆာ ၈၂း၄-ခ

င။ မတရားမှု မှအနိုင်ယူသောအခါ

၁) သူတို့သည် မသိ၊ နားမလည်ကြ ဆာ ၈၂း၅-က

၂) သူတို့သည် မှောင်မိုက်၌ကျင်လည်ကြ၏ ဆာ ၈၂း၅-ခ

၃) မြေကြီးတိုက်မြစ်အပေါင်းတို့သည် လှုပ်ရှားလျက်ရှိကြ၏ ဆာ ၈၂း၅-ဂ

 

ဖြောင့်မတ်သောသူ၏ နှုတ်လျှာ

က။ ပညာ

“ဖြောင့်မတ်သောသူ၏ နှုတ်သည် ပညာကိုမြတ်ဆိုတတ်၏။” ဆာ ၃ရး၃၀-က

၁) ပညာသည် သိခြင်းမှလာသည်

၂) ဖြောင့်မတ်ခြင်းဆိုင်ရာသိခြင်းသည် ထာဝရဘုရားမှလာသည်

ခ။ တရားခြင်း

သူ၏လျှာသည်လည်းတရားသောစကားကိုပြောဆိုတတ်၏ ဆာ ၃ရး၃၀-ခ

၁) မတရားမှုများစွာရှိသည်

၂) ဖြောင့်မတ်သောသူသည် တရားမျှတခြင်းအဖို့ရပ်တည်မည်

 

နိဂုံး
၄ ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။

နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။

၅ အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊

၆ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။

အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။

၇ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည်။ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာကို

မီးကျောက်ကဲ့သို့ ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။

၈ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။

အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း။ ထိုသူသည် ချဉ်းကပ်စေ။ ဟေရှာယ ၅၀း၄-၈

က။ လူတတ်၏ နှုတ်သတ္တိရှိဖို့ဆုတောင်းရန်။

ခ။ ကျွန်တော်တို့အား ဘုရားသခင်ကူညီမည်ဟို ယုံကြည်ရန်

ဂ။ သတ္တိပါရမီရှိဖို့ရန်

ဃ။ ဘုရားသခင်သည် အနီးအနား၌ရှိသည်ကို သိဖို့။