Bethany Independent Presbyterian Church

Myanmar

ဖြောင့်မတ်သောသူ၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏” ဆာ ၃ရး၃၇-၄၀

ဖြောင့်မတ်သောသူ၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏” ဆာ ၃ရး၃၇-၄၀



နိဒါန်း

က။ တရားပလ္လင် တရားတော် နိဂုံးချုပ်ခြင်း

“ဖြောင့်မတ်သောသူ၏ နေ့ရက်ကာလသည်

ထာဝရဘုရားသိမှတ်တော်မူ၏” ဆာ ၃ရး၁၈

ခ။ စိန်ခေါ်ချက်သည် ဖြောင့်မတ်ခြင်းလမ်းတော်ကို ရွေးဖို့ဖြစ်သည်

ဂ။ ဘုရားသခင်သည် ဖြောင့်မတ်သောသူအားအမှန် ကောင်းကြီးပေးမည်ကို

စိတ်နှလုံးထဲ၌သိမှတ်ခြင်း

 

ဖြောင့်မတ်သောသူ၏ တယ်တင်တော်မူခြင်း

က။ ဆာလံကျမ်း၌ “ကယ်တင်ခြင်း” ဆိုသည့်စကားလုံး

၁) ကယ်လွတ်ခြင်း

၂) ဘုရားသခင်၏ ကြားဝင်ပေးခြင်း

ခ။ “ကယ်တင်ခြင်း” စကားလုံးနှင့်ဆက်စပ်သောစကားလုံးများ

၁) ဘုရားသခင်၏ ကာကွယ်ခြင်း

၂) ဘုရားသခင်၏ အကြံအစည်တော်

၃) ဘုရားသခင်၏ ကြွေးမွေးထောက်ပံ့ခြင်း

၄) ဘုရားသခင်၏တန်ခိုးတော်

 

အရေးကြီးသော သက်သေခံခြင်း

၂၅ဖြောင့်မတ်သောသူသည် စွန့်ပစ်ခြင်းကိုခံရ သည်အကြောင်း၊ သူ၏သားမြေးတို့သည် တောင်း၍ စားရသည်အကြောင်းကို ငါသည် အသက်ပျိုသည် ကာလမှစ၍

အိုသည်တိုင်အောင် မမြင်စဖူး။ ၂၆သူသည်အစဉ်သနားသော စိတ်ရှိသည်နှင့်၊ သူတပါးတို့အား ချေးငှါးတတ်သည်ဖြစ်၍၊

သူ၏သားမြေး တို့သည် ကောင်းကြီးမင်္ဂလာကိုခံ ရကြ၏။ ဆာ ၃ရး၂၅-၂၆

က။ ကိုယ်တိုင်သက်သေခံချက်

ခ။ ဖြောင့်မတ်သောသူ၏ အကြောင်းလေ့လာချက်များ

၁) သူသည် သနားသောစိတ်ရှိသည် ဆာ ၃ရး၂၅-က

၂) သူသည် သူတပါးအားချေးငှားတတ်သည် ဆာ ၃ရး၂၆-ခ

ဂ။ ဖြောင့်မတ်သောသူအကြောင်းထပ်မံလေ့လာတွေ့ရှိချက်များ

၁)သူတို့သည် ဘုရားသခင်စွန့်တော်မမူ ဆာ ၃ရး၂၅-ခ

၂) သူ၏သားမြေးတို့သည် တောင်း၍မစား ဆာ ၃ရး၂၅-ဂ

၃) သူ၏သားမြေးတို့သည် ကောင်းကြီး မင်္ဂလာကိုခံရသည် ဆာ ၃ရး၂၆-ခ

 

ဖြောင့်မတ်သောသူ၏ ကယ်တင်တော်မူခြင်း

၃၅မတရားသောသူသည် အစိုးတရပြု၍၊ ပေါက်ရင် အရပ်မှာကြီးပွားသော သစ်ပင်လန်းလန်းရှိသကဲ့သို့၊ ကိုယ်ကိုကိုယ်ပြန်ပွါးစေသည်ကို ငါမြင်ရသော်လည်း၊

၃၆ နောက်တဖန်သူသည် ရွေ့သွား၍ ကွယ်ပျောက် ၏။ သူ့ကိုလည်း ငါရှာ၍မတွေ့ရ။ ၃၇စုံလင်ခြင်းတရားကိုစောင့်ရှောက်လော့။ ဖြောင့် မတ်ခြင်းတရားကို

ကြည့်ရှုဆင်ခြင်လော့။ ထိုသို့ပြုသော သူသည် အဆုံး၌ ငြိမ်သက်ခြင်းကို ခံစားရလိမ့်မည်။ ၃၈ပြစ်မှားသောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊

မတရားသောသူတို့သည် အဆုံး၌ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ၃၉ ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို ထာဝရဘုရားစီရင်တော်မူ၏။

ဘေးရောက်သည်ကာလ၌ သူတို့ခိုလှုံရာဖြစ်တော်မူ၏။ ၄၀ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊

မတရားသောသူတို့  လက်မှနှုတ်ယူကယ်တင်တော်မူမည်။ ဆာ ၃ရး၃၅-၄၀

က။ လူဆိုးတို့

၁) သူတို့သည် တန်ခိုးကြီးနှင့်ထတတ်သည် ဆာ ၃ရး၃၅-က

၂) သူတို့သည် ပေါက်ရင်းအရပ်ကြီးပွားသော သစ်ပင်နှင့်နှိုင်းသည် ဆာ ၃ရး၃၅-ခ

ခ။ လူဆိုးကို နိုင်ခြင်း

၁)သူသည်ကွယ်ပျောက်သည် ဆာ ၃ရး၃၆-က

၂) သူသည် မရှိတော့ပေ ဆာ ၃ရး၃၆-ခ

၃) ပျက်စီးသည် ဆာ ၃ရး၃၈-က

၄) ဖယ်ရှင်းခြင်းခံသည် ဆာ ၃ရး၃၈-ခ

ဂ။ ဖြောင့်မတ်သောသူ၏ ကယ်တင်ခြင်း

၁)ဤအမှုသည် ထာဝရဘုရားမှလာသည် ဆာ ၃ရး၃၉-က

၂) ကိုယ်တော်သည် ခက်ခဲသောကာလ၌

သူတို့၏ခွန်အားဖြစ်သည် ဆာ ၃ရး၃၉-ခ

၃) ကိုယ်တော်သည် သူတို့အား မစကယ်တင်မည် ဆာ ၃ရး၄၀-က

၄) လူဆိုးတို့၏လက်မှ သူတို့အားကိုယ်တော် ကယ်မည် ဆာ ၃ရး၄၀-ခ

၅) သူတို့အား ကယ်တင်မည်

၆) အကြောင်းမူကာ ထိုသူတို့သည်

ကိုယ်တော်အား ယုံကြည်ခိုလှုံသည် ဆာ ၃ရး၄၀-ဃ

 

နိဂုံး

က။ ကယ်တင်ခြင်း ကတိတော်ကိုပေးသည်

၁) က္ကုသရေလတို့အား အဲဂုတ္တုပြည်၌ ပေးဖို့မောရှေကို ပေးဖို့ ထွက် ၃း၇-၁၀

၂) ဤကတိတော်သည် အံ့သြဖွယ်ကောင်းစွာပြည့်စုံသည်

ခ။ ကယ်တင်ခြင်းကတိတော်

၁) အပြစ်သားများအတွက်

က) သခင်ယေရှုခရစ်၌

ခ) ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် သားဖြစ်ခြင်း

၂) သန့်ရှင်းသူများ (ဖြောင့်မတ်သောသူတို့)

က) ကယ်တင်ခြင်း/ကယ်မခြင်း

ခ) ဘုရားသခင်၏ အထူးကောင်းကြီးမင်္ဂလာ

ဂ။ ထာဝရဘုရားအား ယုံကြည်ခိုလှုံခြင်း

၃အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊

ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊

ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။

၄ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း၊ ၅ယုံကြည်ခြင်းအားဖြင့်

ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထားလျက်ရှိသောအမွေတည်း။

၆ အရည်ကျို၍စုံစမ်းခြင်းကိုခံနိုင်သော်လည်း၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက်၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ၍

မြတ်သည်နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း၊ အထူးထူးအပြားပြားသော

စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင်၊ ၇သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍

ရွှင်လန်းသောစိတ်ရှိကြ၏။ ၈ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ၏။ ယခုမှာလည်းမမြင်ဘဲလျက်၊ ယုံကြည်သော အားဖြင့် ဘုန်းအသရေနှင့်

စပ်ဆိုင်သော၊ ပြော၍မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊ ၉ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း၏

အကျိုးကိုခံရကြ၏။ ၁ပေ ၁း၃-၉

၁) ကျွန်တော်တို့သည် အသက်ရှင်သော မျှော်လင့်ခြင်းရှိသည် ၁ပေ ၁း၃

၂) ကျွန်တော်တို့သည် မဖောက်ပြန်တတ်သော မွေရှသည် ၁ပေ ၁း၄

၃) အဖိုးတန်သော ယုံကြည်ခြင်းရှိသည် ၁ပေ ၁း၇

၄) ကျွန်တော်တို့သည် ဘုန်းကြီးသောကယ်တင်ခြင်းရှိသည် ၁ပေ ၁း၉