Bethany Independent Presbyterian Church

Myanmar

“ဖြောင့်မတ်သောသူကား ထာဝရဘုရားမစတော်မူ၏” ဆာ ၃ရး၆၊ ၁၆၊ ၁၇၊ ၂၅၊ ၂၉

“ဖြောင့်မတ်သောသူကား ထာဝရဘုရားမစတော်မူ၏” ဆာ ၃ရး၆၊ ၁၆၊ ၁၇၊ ၂၅၊ ၂၉



နိဒါန်း

က။ လူအုပ်စုနှစ်မျိုး ဆာလံ ၃၇ ၌ ဖော်ပြသည်

၁) ဖြောင့်မတ်သောသူ

၂) မတရားသောသူ

ခ။ ဆာလံဆရာက ၎င်းလူနှစ်မျုးိတို့၏ လက္ခဏာများကိုဖော်ပြဖို့ရှာသည်

ဂ။ ဤလူနှစ်မျိုးတို့၏ ဆန့်ကျင်ဖက်သဘောကိုလည်းဖော်ပြသည်

ဃ။ တတိယအုပ်စုရှိသည်ဟု သတ်မှတ်နိုင်သည်

၎င်းသည် ထာဝရဘုရားသခင်ကိုယ်တော်တိုင်ဖြစ်သည်

 

ဆာလံ ၃၇၌ ထာဝရဘုရားသခင်အားဖော်ပြချက်များ

က။ ထာဝရဘုရားကို ခိုလှုံ၍၊ ကောင်းသောအကျင့် ကို ကျင့်လော့။

ပြည်တော်၌နေ၍၊ သစ္စာတရားကို ကျက်စားလော့။ ဆာ ၃ရး၃

၂။ ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။

သူတို့ပြု လျှင်၊ စိတ်နှလုံး အလိုပြည့်စုံရသောအခွင့်ကို

ပေးတော် မူမည်။ ဆာ ၃ရး၄

၃။ ကိုယ်အမှုအရာကို ထာဝရဘုရား၌ အပ်လော့။

ကိုယ်တော်ကို ကိုးစားလော့။

သို့ပြုလျှင်စီရင်တော် မူမည်။ ဆာ ၃ရး၅

ဃ။ သင်၏ဖြောင့်မတ်ခြင်းအကြောင်းကို အလင်း ကဲ့သို့၎င်း၊

တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင် ခြည်ကဲ့သို့၎င်း၊

[ကိုယ်တော်] ဘော်ပြတော်မူမည်။ ဆာ ၃ရး၆

င။ ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍၊ ကိုယ် တော်ကိုငံ့လင့်လော့။ ဆာ ၃ရး၇

စ။ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည်။

ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊

ပြည်တော်ကို အမွေခံရကြလိမ့်မည်။ ဆာလံ ၃ရး၉

ဆ။ သို့သော်လည်း သူ၏ နေ့ရက်အချိန်ရောက်မည် ကို

ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။ ဆာ ၃ရး၁၃

ဇ။ အကြောင်းမူကား၊ မတရားသောသူ၏လက်ရုံး

သည် ကျိုးရလိမ့်မည်။ ဖြောင့်မတ်သောသူကိုကား၊

ထာဝရ ဘုရားမစတော်မူ၏။ ဆာ ၃ရး၁၇

ဈ။ ဖြောင့်မတ်သောသူတို့၏ နေ့ရက်ကာလကို

ထာဝရဘုရားသိမှတ်တော်မူ၍၊ သူတို့၏ အမွေဥစ္စာသည်

အစဉ်အမြဲတည်လိမ့်မည်။ ဆာ ၃ရး၁၈

ည။ မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြမည်။

ထာဝရဘုရား၏ ရန်သူတို့သည် ကျက်စားရာအရပ်၏

အသရေကဲ့သို့ဆုံး၍၊ မီးခိုးဖြစ်လျက် ကွယ်ပျောက်ကြလိမ့်မည်။ ဆာ ၃ရး၂၀

ဋ။ ကောင်းသောသူ၏ခြေရာတို့ကို ထာဝရဘုရား သည် ပဲ့ပြင်၍၊

သူသွားရာလမ်းကို နှစ်သက်တော်မူ၏။ ဆာ ၃ရး၂၃

ဌ။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့မရောက်ရ။

အကြောင်းမူကား၊ ထာဝရဘုရားသည်

သူ၏လက်ကို ကိုင်မတော်မူ၏။ ဆာ ၃ရး၂၄

ဍ။ ထာဝရဘုရားသည် တရားကိုနှစ်သက်တော် မူ၏။

မိမိသန့်ရှင်းသူတို့ကိုလည်း စွန့်တော်မမူ။

သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။

မတရားသောသူ၏ သားမြေးတို့မူကား၊

ပယ်ရှင်းခြင်းကို ခံရကြလိမ့်မည်။ ဆာ ၃ရး၂၈

ဏ။ ထာဝရဘုရား၏ တရားတော်သည် သူ၏ စိတ်နှလုံးထဲမှာ

တည်သည်ဖြစ်၍၊ သူသွားသောအခါ မချော်မလဲရ။ ဆာ ၃ရး၃၁

တ။ သို့သော်လည်း၊ ထာဝရဘုရားသည် ထိုသူ၏ လက်၌

ဖြောင့်မတ်သောသူကို စွန်ပစ်တော်မူမည်မဟုတ်။

အစစ်ခံရသောအခါ အပြစ်စီရင်တော်မူမည်မဟုတ်။ ဆာ ၃ရး၃၃

ထ။ ထာဝရဘုရားကို မြော်လင့်၍၊ လမ်းတော်ကို

ရှောက်သွားလော့။ ပြည်တော်ကို အမွေခံရသောအခွင့်နှင့်

ချီးမြှောက်တော်မူမည်။ မတရားသောသူတို့ ဆုံးရှုံးခြင်းကို

သင်သည် ကြည့်မြင်ရလိမ့်မည်။ ဆာ ၃ရး၃၄

ဒ။ ဖြောင့်မတ်သောသူတို့၏ ကယ်တင်ခြင်းအမှုကို

ထာဝရဘုရားစီရင်တော်မူ၏။ ဘေးရောက်သည်ကာလ၌

သူတို့ခိုလှုံရာဖြစ်တော်မူ၏။ ဆာ ၃ရး၃၉

န။ ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။

ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့ လက်မှ

နှုတ်ယူကယ်တင်တော်မူမည်။ ဆာ ၃ရး၄၀

 

ထာဝရဘုရားနှင့် မတရားသောသူ

က။ မတရားသောသူကိုဆန့်ကျင်ပြီးကိုယ်တော်ပြုမည့်အမှု

၁) သူတို့သည် ဆုံးရှုံးလိမ့်မည် ဆာ ၃ရး၃၄

၂) ကိုယ်တော်သည် သူ့ကိုပြုံးရယ်တော်မူမည်

သို့သော်လည်း သူ၏ နေ့ရက်အချိန်ရောက်မည်ကို

ဘုရားရှင်သိမြင်၍၊ သူ့ကိုပြုံးရယ်တော်မူ၏။ ဆာ ၃ရး၁၃

၃) ကိုယ်တော်သည်မတရားသောသူကိုချိုးရလိမ့်မည်

မတရားသောသူ၏ လက်ရုံးသည်ကျိုးရလိမ့်မည် ဆာ ၃ရး၁၇

၄) မတရားသောသူသည်ပျက်စီးခြင်းသို့ရောက်စေမည်

မတရားသောသူတို့မူကား၊ ပျက်စီးခြင်းသို့ရောက်စေမည်။ ဆာ ၃ရး၂၀

ခ။ မတရားသောသူတို့၏ လမ်းတော်

၁) ခက်ခဲသောလမ်း

၂) ထာဝရဘုရားတားတော်မူသောလမ်း

၃) မတရားခြင်းကိုစွန့်ပယ်ရမည်

 

ထာဝရဘုရားနှင့်ဖြောင့်မတ်သောသူ

က။ ဘုရားသခင်သည် ဖြောင့်မတ်သောသူအားထောက်မလိမ့်မည်

၁) သင်၏ စိတ်နှလုံးအလိုပြည့်စုံရသောအခွင့် [ကိုယ်တော်] ပေးတော်မူမည်။ ဆာ ၃ရး၄

၂) သူတို့သည် ပြည်တော်ကို အမွေခံလိမ့်မည် ဆာ ၃ရး၉

ခ။ ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့အား ကွယ်ကာမည်

၁) ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့အား မစသည် ဆာ ၃ရး၁၇၊ ၂၄

၂) မိမိသန့်ရှင်းသူတို့ကိုလည်းစွန့်တော်မမူ။

သူတို့သည် စောင့်မတော်မူခြင်းကို အစဉ်အမြဲခံရကြလိမ့်မည်။ ဆာ ၃ရး၂၈

၃) ထာဝရဘုရားသည် ထိုသူ၏ လက်၌ ဖြောင့်မတ်သောသူကို စွန့်ပစ်တော်မူမည်မဟုတ်။ အစစ်ခံရသောအခါ

အပြစ်စီရင်တော်မူမည်မဟုတ်။ ဆာ ၃ရး၃၃

၄) ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော် မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့

လက်မှ နှုတ်ယူကယ်တင်တော်မူမည်။ ဆာ ၃ရး၄၀

ဂ။ ဘုရားသခင်သည် ဖြောင့်မတ်သောသူအား ချီးမြောက်မည်

၁) သင်၏ဖြောင့်မတ်ခြင်းအကြောင်းကို အလင်း ကဲ့သို့၎င်း၊ တရားသဖြင့်ပြုခြင်းအရာကို မွန်းတည့်ရောင် ခြည်ကဲ့သို့၎င်း၊

ဘော်ပြတော်မူမည်။ ဆာ ၃ရး၆

၂) ထာဝရဘုရားကို မြော်လင့်၍၊ လမ်းတော်ကို ရှောက်သွားလော့။

ပြည်တော်ကို အမွေခံရသောအခွင့်နှင့် ချီးမြှောက်တော်မူမည်။

မတရားသောသူတို့ ဆုံးရှုံးခြင်းကို သင်သည် ကြည့်မြင်ရလိမ့်မည်။ ဆာ ၃ရး၃၄

 

နိဂုံး

က။ ထာဝရဘုရားအား နီးကပ်ဖို့စိန်ခေါ်ခြင်းခံကြပါစို့

၁) ထာဝရဘုရားအား ယုံကြည်ပါ၊ ဆာ ၃ရး၁

၂) ထာဝရဘုရား၌ မွေ့လျှော်ပါ၊ ဆာ ၃ရး၄

၃) ထာဝရဘုရားအားငံ့လင့်ပါ၊ ဆာ ၃ရး၇

ခ။ ဘုရားသခင်သည်အောက်ပါအမှုတို့ကိုပြုမည်ဟု ယုံကြည်ကြပါစို့၊-

၁) သူ၏ကတိတော်ကို ပြည့်စုံစေမည်၊

၂) ကျွန်တော်တို့၏ဆုတောင်းခြင်းကို ကြားပြီးအဖြေပေးမည်၊

၃) ကျွန်တော်တို့အား ခွန်အားပေးမည်။