Bethany Independent Presbyterian Church

Myanmar

“ပြည်တော်ကို အမွေခံကြလိမ့်မည်” ဆာလံ ၃ရး၉၊ ၁၁၊ ၁၈၊ ၂၂၊ ၂၉

“ပြည်တော်ကို အမွေခံကြလိမ့်မည်” ဆာလံ ၃ရး၉၊ ၁၁၊ ၁၈၊ ၂၂၊ ၂၉



နိဒါန်း

က။ မြေကြီးကို အမွေခံဖို့ကြိုးစားသော အာနာရှင်များ

၁) အတိလဟန် ၏တိုက်ပွဲများ (၄၃၄-၄၅၃)

“ငါကျော်ဖြတ်သောမျက်ပင်နောက်တဖန် မပေါက်တော့ပါ” အတိလဟန်

၂) ဂျင်ဂိစ်ခန်၏ တိုက်ပွဲများ (၁၂၀၆-၁၂၂၇)

အာရှအလယ်ပိုင်း နှင့် တရုတ်နိုင်ငံ

၃) ယောသတ် စတားလုံး၏ တိုက်ပွဲများ (၁၉၂၂-၁၉၅၃)

ရုရှား

၄) အာဒါဒ်ဟစ်တလာ၏ တိုက်ပွဲများ (၁၉၃၃-၁၉၄၅)

၁၁ သန်းသတ်ဖြတ်ခြင်းခံသည်

ဤသူတို့အားလုံး ဆိုးဆိုးရွားရွား ကျဆုံးခဲ့သည်၊

ခ။ ပြည်တော်ကို အမွေခံခြင်း ဓမ္မအတွေးအခေါ်ရှိသလား၊

၁) ဤသည် သိဖို့ကောင်းသော၊ အရေးကြီးသောအရာဖြစ်သည်

၂) ဤသီသြလောဂျီသည် ပြည်တော်ကို မွေခံခြင်းကို အဓပ္ပယ်ဖော်ဖို့ကူညီသည်

 

ဆာလံ ၃၇၌ ပြည်တော်ကိုအမွေခံခြင်းဖော်ပြချက်များ

က။ 9 ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည်။

ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊

ပြည်တော်ကို အမွေခံရကြလိမ့်မည်။ ဆာ ၃ရး၉

ခ။ ၁၁ စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍၊

များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ လိမ့်မည်။ ဆာ ၃ရး၁၁

၃။ ၁၈ ဖြောင့်မတ်သောသူတို့၏ နေ့ရက်ကာလကို

ထာဝရဘုရားသိမှတ်တော်မူ၍၊

သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်။ ဆာ ၃ရး၁၈

၄။ ၂၂ ကောင်းကြီးပေးတော်မူခြင်းကို ခံရသောသူ သည်

ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်း ကို

ခံရသော သူမူကား၊ ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့် မည်။ ဆာ ၃ရး၂၂

၅။ ၂၉ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို အမွေ ခံ၍

အစဉ်အမြဲ နေရကြလိမ့်မည်။ ဆာ ၃ရး၂၉

 

က္ကုသရေလ အမွေခံခြင်း၏ နောက်ခံအကြောင်း

၃၂ဘုရားသခင်သည် မြေကြီးပေါ်မှာ လူကို ဖန်ဆင်းတော်မူသော နေ့မှစ၍၊ သင်တို့ မဖြစ်မှီ လွန်လေပြီးသော ကာလပတ်လုံး၊

မိုဃ်းကောင်းကင် တဘက်မှ တဘက်တိုင်အောင် မေးမြန်းကြလော့။ ဤမျှလောက် ကြီးသောအမှု ဖြစ်ဘူးသလော။

ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြားဘူးသလော။ ၃၃ ဘုရားသခင်သည် မီးထဲက မိန့်မြွက်တော်မူ သံကို သင်တို့သည် ကြားသကဲ့သို့၊

အခြားသောလူမျိုးသည် ကြား၍၊ အသက်ချမ်းသာ ရဘူးသလော။ ၃၄သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ အဲဂုတ္တုပြည်မှာ

သင်တို့မျက်မှောက်၌ ပြုတော်မူသကဲ့သို့၊ စုံစမ်းခြင်းနိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြခြင်း၊ စစ်မှုကိုရောက်စေခြင်း၊

အားကြီးသော လက်ရုံး တော်ကို ဆန့်ခြင်း၊ ကြောက်မက်ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြားတပါးသော ဘုရားသည် သွား၍

လူတမျိုးထဲက တမျိုးကို မိမိအဘို့ နှုတ်ယူဘူးသလော။ ၃၅ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ ကြောင်းကို၎င်း၊

ကိုယ်တော်မှတပါး အခြားသောဘုရား မရှိကြောင်းကို၎င်း၊ သင်တို့သိစေခြင်းငှာထိုအခြင်းအရာ တို့ကို သင်တို့အား ပြတော်မူပြီ။

၃၆ သင်တို့ကို သွန်သင်၍ ကောင်းကင်ထဲက စကား တော်သံကို ကြားစေတော်မူပြီ။ မြေကြီးပေါ်မှာ ကြီးစွာ သော မီးတော်ကိုလည်း ပြတော်မူ၍၊

သင်တို့သည် မီးထဲက စကားတော်ကို ကြားရကြပြီ။ ၃၇ သင်တို့ဘိုးဘေးများကို ချစ်တော်မူသောကြောင့်၊ သူတို့ အမျိုးအနွယ်ကို ရွေးကောက်တော်မူပြီ။

၃၈ သင်တို့ထက် အားကြီး၍ များပြားသောလူမျိုး တို့ကို သင်တို့ရှေ့မှ နှင်ထုတ်တော်မူ၍၊ ယနေ့ပင် ဖြစ်သကဲ့သို့ သူတို့မြေထဲသို့ သင်တို့ကို သွင်း၍ အမွေခံ စေခြင်းငှာ၊

မဟာတန်ခိုးတော်အားဖြင့် အဲဂုတ္တုပြည်မှ ရှေ့တော်၌ နှုတ်ဆောင်တော်မူပြီ။ ၃၉ သို့ဖြစ်၍ ထာဝရဘုရားသည် အထက်ကောင်း ကင်ပေါ်၊ အောက်အရပ် မြေကြီးပေါ်မှာ

ဘုရားသခင် ဖြစ်တော်မူကြောင်းကို၎င်း၊ အခြားတပါးသောဘုရား မရှိ ကြောင်းကို၎င်း၊ ယနေ့သိမှတ်၍ နှလုံး၌ သွင်းမိကြလော့။ ၄၀ သင်တို့နှင့်တကွ

သားမြေးတို့သည် ချမ်းသာရ ခြင်းငှာ၎င်း၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေး တော်မူသောပြည်၌ အသက်တာရှည်စေခြင်းငှာ၎င်း၊

ယနေ့ငါမှာထားသော ပညတ်တရားတော်တို့ကို စောင့် ရှောက်ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။

က။ ခါနာန်ပြည်သည် က္ကုသရေလအမျိုးတို့အားပေးသောသူသည် ဘုရားဖြစ်သည်

ခ။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာကြောင့်ဖြစ်သည်

ဂ။ က္ကုသရေလပြည်သည် သူတို့၏အမွေဖြစ်မည်

 

ဘုရားသည် က္ကုသရေလအမျိုးတို့အား အမွေအဖြစ်ဖြတ်သိမ်းနိုင်မည်လား၊

၆တဖန်ပဋိသန္ဓေယူ၍ သမီးကိုဘွားမြင်လေ၏။

ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။

အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက် တဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။

၇ ယုဒအမျိုးကိုကား သနားစုံမက်ဦးမည်။

သို့ရာ တွင် လေး၊ ထား၊ စစ်တိုက်၊ လက်နက်၊ မြင်း၊ မြင်းစီးသူရဲ အားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင် ထာဝရ ဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။

၈ လောရုဟာမာကို နို့ခွါသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဘွားမြင်လေ၏။

၉ ထိုသားကိုလောအမ္မိအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည် လည်း သင်တို့၏ ဘုရားသခင်မဟုတ်။ ဟောရှေ ၁း၆-၉

က။ ဘုရားသခင်သည် သူ၏သနားခြင်းကရုဏါတော်ကို ရုတ်သိမ်းနိုင်သည် (လောရုဟာမာ)

ခ။ က္ကုသရေအမျိုးသည် သူ၏လူမဖြစ်ဟုကိုယ်တော်ဆိုသည် (လောအမ္မိ)

 

ပြည်တော်ကို မွေခံခြင်း

က။ ဤသည်တန်ဖိုးမထားလို့မသင့်သောအရာဖြစ်သည်

ခ။ ကျင့်သုံးဖို့ ဝိညာဉ်ဥပဒေသများရှိသည်

 

ကျင့်သုံးရမည့် ဥပဒေသများ

က။ ဘုရားသခင်အား မြောင်လင့်စောင့်ဆိုင်းခြင်းကို လေ့ကျင့်ခြင်း

၉ ပြစ်မှားသောသူတို့သည် ပယ်ရှင်းခြင်းကို ခံရကြ လိမ့်မည်။

ထာဝရဘုရားကို မြော်လင့်သောသူတို့မူကား၊

ပြည်တော်ကို အမွေခံရကြလိမ့်မည်။ ဆာ ၃ရး၉

၁) ထာဝရဘုရားသခင်အား မြောင်လင့်ခြင်း

၂) ဆိုးသောအရာမကျင့်သုံးရ

ခ။ စိတ်နှိမ့်ချခြင်းကို ကျင့်သုံးခြင်း

၁၁ စိတ်နှိမ့်ချသောသူတို့မူကား၊ ပြည်တော်ကို အမွေခံ၍၊

များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြ လိမ့်မည်။ ဆာ ၃ရး၁၁

၁) စိတ်နှိမ့်ချခြင်းသည် တတိယမြောက် ပီတိမင်္ဂလာဖြစ်သည် မဿဲ ၅း၅

၂) စိတ်နှိမ့်ချသောသူတို့သည် ငြိမ်သက်ခြင်းတရား၌ပျော်မွေ့သည်

ဂ။ ဖြောင့်မတ်ခြင်းကို ကျင့်သုံးခြင်း

ဖြောင့်မတ်သောသူတို့၏ နေ့ရက်ကာလကို ထာဝရဘုရားသိမှတ်တော်မူ၍၊

သူတို့၏ အမွေဥစ္စာသည် အစဉ်အမြဲတည်လိမ့်မည်။ ဆာ ၃ရး၁၈

၁) ဖြောင့်မတ်သောသူသည် ထာဝရဘုရားသခင်သိသည်

၂) ဖြောင့်မတ်သောသူအား ကိုယ်တော်သည် အမွေပေးမည်

ဃ။ ထာဝရဘုရားသခင်ကောင်းကြီးပေးသောသူတို့

ကောင်းကြီးပေးတော်မူခြင်းကို ခံရသောသူ သည်

ပြည်တော်ကို အမွေခံရလိမ့်မည်။ ကျိန်တော်မူခြင်း ကို ခံရသော သူမူကား၊

ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့် မည်။ ဆာ ၃ရး၂၂

၁) ထာဝရဘုရားသခင်၏ ကောင်းကြီးပေးသူအားပြည်တော်ကိုအမွေခံမည်။

၂) ကျိန်တော်မူခြင်းခံသူသည် ပယ်ရှင်းခြင်းသို့ရောက်ရလိမ့်မည်။

င။ ဖြောင့်မတ်ခြင်းကို ကျင့်သုံးခြင်း

ဖြောင့်မတ်သောသူတို့သည် ပြည်တော်ကို

အမွေ ခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။ ဆာ ၃ရး၂၉

၁) ဖြောင့်မတ်သောသူသည်ပြည်တော် (မြေကြီး) ကိုမွေခံမည်

၂) ထိုအရပ်၌ အစဉ်အမြဲနေမည်

 

ဓမ္မသစ်ကျမ်း၌ အမွေခံခြင်း

က။ ယုံကြည်သူတို့သည် ဘုရားသင်၏အမွေခံများဖြစ်သည်

၁၄ ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန်ကြောက် ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။

အဗ္ဗအဘဟုခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ။

၁၆ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ဝိညာဉ်နှင့်အတူ သက်သေ ခံတော်မူ၏။

၁၇ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူ

ဆင်းရဲဒုက္ခကိုခံရလျှင်၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏။

၁) ဘုရားသခင်၏ သားများ

၂) ဘုရားသခင်၏သားသမီးများ

၃) ဘုရားသခင်၏ အမွေခံများ

၄) ခရစ်တော်နှင့်ဆက်ဆံသောအမွေခံများ

ခ။ ဝိညာဉ်အမွေခံခြင်း

၁၃ သင်တို့သည်လည်း ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဉ်သော ဧဝံဂေလိတရားတည်းဟူသော သမ္မာတရားကိုကြားနာ၍

ထိုခရစ်တော်ကို ယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံကြရပြီ။

၁၄ ပိုင်ထိုက်တော်မူသောသူတို့သည် ဘုန်းတော်ကို ချီးမွမ်းခြင်းအကြောင်းနှင့် ရွေးနှုတ်တော်မူခြင်းသို့ မရောက်မှီကာလပတ်လုံး ထိုဝိညာဉ်တော်သည် ငါတို့ အမွေ၏ စားရန်ဖြစ်တော်မူ၏။

၁၅ ထိုကြောင့် သင်တို့သည်သခင်ယေရှုကို ယုံကြည်ခြင်းနှင့် သန့်ရှင်းသူအပေါင်းတို့ကို ချစ်ခြင်းအကြောင်း ကို ငါသည်ကြားပြီးလျှင်၊

၁၆ သင်တို့ကိုအကြောင်းပြု၍ ကျေးဇူးတော်ကို အစဉ်မပြတ်ချီးမွမ်းလျက်၊ သင်တို့အဘို့ အလိုငှါ ဆုတောင်းပဌနာပြုလျက်နေ၏။

၁၇ ဆုတောင်းသောအချက်ဟူမူကား၊ ငါတို့သခင် ယေရှုခရစ်၏ ဘုရားသခင်ဖြစ်တော်မူသော ဘုန်းကြီး သော အဘခမည်းတော်သည် ကိုယ်တော်မြတ်ကို

သိခြင်း အလိုငှါ ပညာကို၎င်း၊ ထိုးထွင်းသောဉာဏ်ကို၎င်း၊ သင်တို့အား ပေးပါမည်အကြောင်း၊

၁၈ ခေါ်တော်မူသောကြောင့် မြော်လင့်ရသောအရာကား အဘယ်အရာဖြစ်သည်ကို၎င်း၊ သန့်ရှင်းသူတို့ သည် ခံရသောအမွေတော်၏ ဘုန်းစည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၎င်း၊

၁၉ယုံကြည်သောငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊

သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါမည်အကြောင်း ဆုတောင်း ပဌနာပြု၏။

၁) သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်တော်တို့မွေ၏စားရန်အဖြစ်

၂) သန့်ရှင်းသောသူတို့၌ကိုယ်တော့အမွေ၏ဘုန်းတော်ကြွယ်ဝခြင်းများကိုသိရှိရန် ဉာဏ်ပညာလိုအပ်သည်၊

 

နိဂုံး

က။ အမွေဆိုင်ရာကတိတော်

၁) တိုင်ထွာဖို့လိုသည်

၂) ဉာဏ်ပညာအတွက်ဆုတောင်းရန်လိုအပ်သည်

ခ။ ဘုရားသခင်၏ကတိတော်

၁) ပြည့်စုံမည်

၂) ကျွန်တော်တို့အတွက် စိန်ခေါ်ချက်သည် ဘုရားသင်တောင်းဆိုချက်၏

အခြေအနေနှင့်ကိုက်ညီဖို့ဖြစ်သည်။