Bethany Independent Presbyterian Church

Myanmar

“ဒုက္ခဆင်းရဲခြင်း၏ အစအဦး” ရှင်မဿဲ ၂၄း၄-၈

“ဒုက္ခဆင်းရဲခြင်း၏ အစအဦး” ရှင်မဿဲ ၂၄း၄-၈



နိဒါန်း

က။ တချို့သော ဆာလံကျမ်းတို့သည် ဖျက်ဆီးခြင်းကြောင့် ဝမ်းနည်းခြင်း နှင့်ကြောက်လံ့ ခြင်းအကြောင်းကို ရောင်ပြန်ဟပ်သည်။

၂။ ဆာလံ ၇၄ သည် ဥပမာ တစ်ခုဖြစ်သည်

၁အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ် ကြောင့် အစဉ်စွန့်ပစ်တော်မူသနည်း။ ကိုယ်တော်ထံမှာ ကျက်စားသော သိုးတို့ကို အဘယ်ကြောင့် အမျက်ထွက် တော်မူသနည်း။

၂ရှေးကအပိုင်ရတော်မူသော လူအစည်းအဝေး ကို၎င်း၊ ရွေးတော်မူသော အမွေတော်အ ဘို့ကို၎င်း၊ ကျိန်းဝပ်တော်မူရာ ဇိအုန်တောင်ကို၎င်း အောက် မေ့တော်မူပါ။

၃ သန့်ရှင်း ရာဌာန၌ ရန်သူသည် မတရားသဖြင့် ပြု၍၊ အမြဲ သုတ်သင်ပယ်ရှင်းရာအရပ်သို့ ကြွတော်မူပါ။

၄ ကိုယ် တော်၏ လူစည်းဝေးရာအရပ်၌ ရန်သူတို့ သည် အော်ဟစ်ကြပါ၏။ လက္ခဏာသက်သေတော် အရာ ၌ သူတို့လက္ခဏာသက်သေတို့ကို ထားကြပါပြီ။

၅လိမ္မာသောသူသည် ထူထပ်သော တောကို ပုဆိန်နှင့် ခုတ်သကဲ့သို့၊ ၆ ယခုတွင် ဗိမာန်တော် တန်ဆာများကိုပုဆိန်၊ သံတူနှင့် တပြိုင်နက် ရိုက်ချိုးကြပါ၏။

၇ သန့်ရှင်းရာဌာနတော်ကို မီးရှို့ကြပါ၏။ နာမ တော်ကျိန်းဝပ်ရာ တဲတော်ကို မြေတိုင်အောင် ရှုတ်ချ ကြပါ၏။

၈ ဤအမျိုးသား အပေါင်းတို့ကို အတူဖျက်ဆီးကြ ကုန်အံ့ဟုဆို၍၊ မြေတပြင်လုံးတွင် ဘုရားသခင်၏ တရား စရပ်တို့ကို မီးရှို့ကြပါ၏။

၉အ ကျွန်ုပ်တို့သည် ကိုယ်လက္ခဏာသက်သေများ ကို မမြင်ရပါ။ ပရောဖက်သည် တဖန်မ ပေါ်မရှိပါ။ အကျွန်ုပ်တို့တွင် ကာလအပိုင်းအခြားကို သိသောသူ မရှိပါ။

၁၀အို ဘုရားသ ခင်၊ ရန်သူသည် အဘယ်မျှကာလ ပတ်လုံး ကဲ့ရဲ့ပါလိမ့်မည်နည်း။ ရန်ဘက်ပြုသောသူသည် နာမတော်ကို အစဉ်မထီမဲ့မြင်ပြုရပါမည်လော။

၁၁လက်ျာလက်တော်ကို အဘယ်ကြောင့် ရုပ်သိမ်း တော်မူသနည်း။ ရင်ခွင်တော်ထဲကထုတ်၍ ဖျက်ဆီးတော် မူပါ။ ဆာလံ ၇၄း၁-၁၁

၁) ဗိမာန်တော်ဖျက်ဆီးခြင်းသို့ရောက်သည်

၂) တွေ့ဆုံသော နေရာ မီးလောင်ခြင်း

 

ဖြစ်လာမည့် ဝမ်းနည်းခြင်းဆိုင်ရာ သတိပေးခြင်း

က။ တပည့်တော်များ၏ မေးခွန်းများ

၃ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊

ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၎င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ မဿဲ ၂၄း၃

၂။ သခင်ယေရှု၏ အဖြေ

၄ ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။

၅အများသော သူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာ သဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။

၆ သင်တို့သည် စစ်တိုက်ခြင်း အကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း ကြားရကြလိမ့် မည်။

သို့သော် လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။

၇ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြ လိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။

၈ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။ မဿဲ ၂၄း၄-၈

၁) ဘာသာရေးအပိုင်း

က) လိမ်လည်လှည့်ဖြားခြင်း

ခ) မှားသောခရစ်များ

ဂ) လူအများတို့သည် လှည့်ဖြားခြင်းခံမည်

၂) ပထဝေနှင့်နိုင်ငံရေးရှုထောင့်မှ

က) စစ်ပွဲများ

ခ) စစ်တိုက်အံ့သော သိတင်းစကားများ

ဃ) လူမျိုး/နိုင်ငံအသီးသီး တိုက်ခိုက်ကြမည်

၃) သဘာဝဘေးများ

က) အစာခေါင်းပါးခြင်း

ခ) ကပ်ရောများ

ဂ) ဒေသအသီးသီး၌ မြေငလျင်လှုပ်ခြင်းများ

၄) ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးသာဖြစ်သည်

 

ကျွန်တော်တို့ မည်သို့ရင်ဆိုင်နိုင်မည်နည်း

၁ ယေရှုခရစ်၏ကျွန်တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင်၊ ငါတို့ဘုရား သခင်ယေရှုခရစ်၏

ဖြောင့်မတ်ခြင်းတရားကို ငါတို့ ယုံကြည်သည်နည်းတူ၊ မြတ်စွာသောယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ၏။

၂ဘုရားသခင်ကို၎င်း၊ ငါတို့သခင်ယေရှုကို၎င်း၊ သိသောဉာဏ်အားဖြင့်၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့၌များပြားပါစေသော။

၃ ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသောဉာဏ်အားဖြင့်၊ ငါတို့အားအသက်ရှင်ခြင်း၊

ဘုရားဝတ်၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုး တော်သည် ပေးသနားတော်မူပြီ။

၄ ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍

သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။ ၂ပေ ၁း၁-၄

က။ ကျွန်တော်တို့သည် တူညီသော မြတ်စွာသောယုံကြည်ခြင်းရှိကြသည်

ခ။ ငါတို့သည် အလွန်ကြီးမား မွန်မြတ်သော ကတိတော်ရှိသည်

ဂ။ ကျွန်တော်တို့သည် ဘုရားပကတိနှင့်ဆက်ဆံသောသူဖြစ်ကြသည်

ဃ။ မိမိတို့၏ ယုံကြည်ခြင်း ပျိုးထောင်ဖို့ မိမိအပိုင်းဆောင်ရွက်ရမည်

 

မိမိတို့၏ ယုံကြည်ခြင်းကို ပျိုးထောင်ရန် စိန်ခေါ်ခြင်း

၅ ထိုသို့အလိုငှါ၊ သင်တို့သည် ယုံကြည်ခြင်း၌ သီလကို၎င်း၊ သီလ၌ ပညာကို၎င်း၊

၆ပညာ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို၎င်း၊ သည်းခံခြင်း၌ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်းကို၎င်း၊

၇ထိုမွေ့လျော်ခြင်း၌ ညီအစ်ကိုစုံမက်ခြင်းကို၎င်း၊ ညီအစ်ကိုစုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကို၎င်း၊ အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့။

၈ အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း ၌ မပျင်းရိစေခြင်းငှါ၎င်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှါ၎င်း၊ ပြုပြင်တတ်ကြ၏။

၉ ထိုပါရမီနှင့် ကင်းသောသူမူကား၊ မျက်စိကန်း ၏။ ကိုယ်မျက်စီ ကိုကိုယ်ပိတ်၏။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့၏။

၁၀ ထိုကြောင့်၊ ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲ စေခြင်းငှါ သာ၍ ကြိုးစားအားထုတ်ကြလော့။ သို့ပြုလျှင်၊ ရွေ့လျော့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ်၍၊

၁၁ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်း အခွင့် ကို သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတံ့။ ၂ပေ ၁း၅-၁၁

က။ ဤအမှုသည် ကျွန်တော်တို့၏ ခေါ်ခြင်းဖြစ်သည်

ခ။ ဤ အရာသည် ကျွန်တော်တို့၏ ရွေးနှုတ်ခြင်းဖြစ်သည်

 

ပျိုးထောင်ရမည့်အရာများ

က။ ယုံကြည်ခြင်း

ခ။ သီလ

၃။ ပညာ

၄။ ကာမဂုဏ်ချုပ်တည်းခြင်း

၅။ သည်းခံခြင်း

၆။ ဘုရားဝတ်ကိုပြု၍ မွေ့လျော်ခြင်း

၇။ ညီအစ်ကိုစုံမက်ခြင်း

၈။ ချစ်ခြင်းမေတ္တာ

 

နိဂုံး

က။ ဤကြန်အင်လက္ခဏာများသည် ပွားများနိုင်သည်

ခ။ ကျွန်တော်တို့သည် မပျင်းရိ၊ အကျိုးမဲ့ ဖြစ်စရာမလို

ဂ။ ကျွန်တော်တို့သည်ရွေ့လျော့ရန်မလိုပေ။