Bethany Independent Presbyterian Church

Myanmar

တိုက်ထောင့်အမြစ်ကျောက်မြတ် ဟေရှာယ ၂၈

တိုက်ထောင့်အမြစ်ကျောက်မြတ် ဟေရှာယ ၂၈



နိဒါန်း

၁။ အံ့သြဖွယ်ဆက်နွယ်ထားသော အမှန်တရားသုံးခု

က) ကယ်တင်ရှင်ပေါ်ထွန်းလာခြင်း

ခ) ယေရှုခရစ်ကို ဖွင့်ပြခြင်း

ဂ) ယေရှုခရစ်၏ အသင်းတော်

၂။ ဤစကားများသည် မှန်သောသစ္စာစကားများဖြစ်သည်။

က) အလွန်ဝမ်းမြောက်စရာများကို ယူဆောင်လာသည်။

ခ) ဤအရာသည် လူသားများအတွက် အလွန်အရေးကြီးသောအရာဖြစ်သည်။

 

လူသားတို့၏ မာန်မာနသရဖူ

၁ စပျစ်ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ် ဝသော ချိုင့်ဦးတွင်၊ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏

မာနသရဖူနှင့်၊သူတို့၌ ညှိုးနွမ်းတတ်သော ဘုန်းအသရေ၏ ပန်းပွင့်သည် အမင်္ဂလာရှိ၏။

၂ ထာဝရဘုရား၌ ခွန်အားတန်ခိုးကြီးသောသူ သည်၊ မိုဃ်းသီးပါလျက် ဖျက်ဆီးသော မိုဃ်းသက်

မုန်တိုင်းကဲ့သို့၎င်း၊ ပြင်းစွာထ၍ လွှမ်းမိုးသော ရေကြီးကဲ့သို့ ၎င်း၊ မြေတိုင်အောင် ပြင်းစွာချပစ်လိမ့်မည်။

၃ ဧဖရိမ်အမျိုး သေသောက်ကြူးတို့၏ မာနသရဖူ သည်၊ ကျော်နင်းခြင်းကိုခံရလိမ့်မည်။

၄ ကြွယ်ဝသော ချိုင့်ဦးတွင်၊ သူတို့၌ ညှိုးနွမ်းတတ် သော ဘုန်းအသရေ၏ ပန်းပွင့်သည်၊ နွေကာလ မစေ့မှီ အလျင် သီးသောအသီးကဲ့သို့ ဖြစ်လိမ့်မည်။

ထိုအသီးကို မြင်သောသူသည် မြင်လျက်၊လက်နှင့် ကိုင်လျက်ပင်စား တတ်၏။ ဟေရွာယ ၂၈း ၁-၄

၁။ မာန်မာနသရဖူ

၂။ လှပတင့်တယ်ခြင်းတို့သည် ညှိုးနွမ်းသော ပန်းပင်များကဲ့သို့ပြင်ဖြစ်သည်။

 

ထာဝရဘုရားသည် ဘုန်းရှိသော သရဖူ

၅ ထိုကာလ၌လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည်၊ကျန်ကြွင်းသော မိမိလူတို့၌ ဘုန်းရှိ သောသရဖူ၊ အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူ လိမ့်မည်။

၆ တရားမှုကို စီရင်သောသူတို့အား တရားစီရင် သော ဉာဏ်ကို၎င်း၊ ရန်သူမျိုး တံခါးတိုင်အောင် စစ်မှု ကို လှန်သောသူတို့အား၊ ခွန်အားဗလကို၎င်း ပေးတော်မူ လိမ့်မည်။ ဟေရွာယ ၂၈း ၅-၆

၁။ ကျန်ကြွင်းသော မိမိလူတို့

က) ကယ်တင်ခြင်းခံရသောသူများ

ခ) ဘုရားသခင်နှင့် စပ်ဆိုင်သောသူများ

၂။ ထာဝရဘုရားသခင်သည်

က) ထိုသူတို့၏ ဘုန်းသရဖူဖြစ်တော်မူ၏။

ခ) အသရေတင့်တယ်သော ဦးရစ်ဖြစ်တော်မူ၏။

ဂ) တရားမှုကို စီရင်သောသူတို့အား တရားစီရင်သော ညဏ်ကိုပေးတော်မူ၏။

ယ) စစ်မှုကို လှန်သောသူတို့အား ခွန်အားဗလကို ပေးတော်မူ၏။

 

အသင်းတော်ကို တည်ဆောက်ဖို့ရန် အကြံအစည်တော်

၁၆ အရှင်ထာဝရဘုရားက၊ စုံစမ်းသော အမြစ် ကျောက်တည်းဟူသော၊ မလှုပ်နိုင်အောင် မြဲမြံသော တိုက်ထောင့်အမြစ်ကျောက်မြတ်ကို

ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသော အကြောင်းမရှိ။

၁၇ တရားမှုကို ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ်စွာ စီရင် ခြင်းကို မျဉ်းကြိုးနှင့် မှန်ထုပ်အားဖြင့် ငါပြုမည်။

မိုဃ်း သီးရွာ၍ ကိုးစားရာ မုသာကို ပယ်ရှားလိမ့်မည်။ ပုန်းကွယ်ရာ

အရပ်ကိုလည်း ရေလွှမ်းမိုးလိမ့်မည်။ ဟေရွာယ ၂၈း ၁၆-၁၇

၁။ ထာဝရဘုရားသခင်၏ အကြံအစည်တော်သည် အသင်းတော်ကို တည်ဆောက်ရန်ဖြစ်သည်။

၂။ သခင်ယေရှုသည် အမြစ်ကျောင်ဖြစ်လိမ့်မည်။

က) အုတ်မြစ်ကျောက်

ခ) စုံစမ်းသောအမြစ်ကျောက်

ဂ) တိုက်ထောင့်အမြစ်ကျောက်မြတ်

ယ) ခိုင်ခံ့သော အုတ်မြစ်ကျောက်

 

ထိုဗျာဒိတ်တော်၏ ပြည့်စုံခြင်း

၁၉ ထိုကြောင့်၊ သင်တို့သည် တကျွန်းတနိုင်ငံသားမဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်းသူတို့၏ အမျိုးသားခြင်း ဖြစ်ကြ၏။ ဘုရားသခင်အိမ်တော်သားလည်း ဖြစ်ကြ၏။

၂၀ အဘယ်သို့နည်းဟူမူကား၊ တမန်တော်တို့မှစ၍ ပရောဖက်များတည်းဟူသော တိုက်မြစ်အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက်ရှိကြ၏။

၂၁ ထိုတိုက်ထောင့်အမြစ်ကျောက်ကား၊ ယေရှုခရစ်ဖြစ်သတည်း။ ထိုကျောက်နှင့်တတိုက်လုံးသည် စေ့စပ်၍ ကြီးပွားသဖြင့်၊ သခင်ဘုရားအဘို့အလိုငှါ သန့်ရှင်းသော ဗိမာန်တော်ဖြစ်၏။

၂၂ ထိုဗိမာန်တော်၌လည်း၊ ဘုရားသခင်သည် ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ်တော်မူခြင်းအလိုငှါ၊ သင်တို့သည် ငါတို့နှင့်အတူ တည်ဆောက်လျက်ရှိကြ၏။ ဧဖက်သြဝါဒစာ ၂း ၁၉-၂၂

၁။ အသင်းတော်၏ အဂ်ါရပ်များ

က) ဧည့်သည်လည်းမဟုတ်

ခ) တကျွန်းတနိုင်ငံသားလည်းမဟုတ်

ဂ) သန့်ရှင်းသူတို့အမျိုးသားချင်းဖြစ်၏။

ယ) ဘုရားသခင်၏ အိမ်တော်သားလည်းဖြစ်ကြ၏။

၂။ အသင်းတော်ကို တည်ဆောက်ခြင်း

က) ယေရှုခရစ်သည် တိုက်ထောင့်အမြစ်ကျောက် ဖြစ်သည်။

ခ) တမန်တော်များနှင့် ပရောဖက်တို့သည် အုတ်မြစ်ချသူများဖြစ်ကြသည်။

ဂ) ကျွန်တော်တို့သည် တလုံးတဝတည်း တည်ဆောက်ခြင်းခံရသည်။

၁။ တစ်တိုက်လုံး စေ့စပ်ကြသည်။

၂။ ဗိမာန်တော်၌ အတူကြီးထွားရန်ဖြစ်သည်။

၃။ သခင်ဘုရားအဖို့အလိုငှါ တည်ဆောက်ခြင်းဖြစ်သည်။

 

နိဂုံး

၁။ ယေရှုခရစ်တော် ပြန်ကြွလာခြင်း

က) ပို၍ လေးနက်စွာ မြတ်နိုးတန်ဖိုးထားရန်ဖြစ်သည်။

ခ) ဘုရားသခင်၏ နက်နဲသော အကြံအစည်တော်ကို နားလည်ရန်ဖြစ်သည်။

၂။ သခင်ယေရှု၏ အသင်းတော်

က) အကြံအစည်အတိုင်းဖြစ်သည်။

ခ) တမန်တော်တို့သည် လမ်းတော်ပြင်ဆင်ပေးခဲ့သည်။

၃။ အသင်းတော်အဖို့ ဘုရားသခင်၏ အကြံအစည်တော်ထဲ၌ ပါဝင်ဖို့ရန် စိန်ခေါ်မှုများ

က) အတူတည်ဆောက်ခြင်း၏ စိန်ခေါ်မှုများ

ခ) အသင်းတော်သည် ကျွန်တော်တို့အတွက် ကြီးမားသောကဏ္ဍဖြစ်နေဖို့ရန် စိန်ခေါ်မှုများ