Bethany Independent Presbyterian Church

Myanmar

စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့

စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့

နိဒါန်း

၁။ ကောလောသဲအသင်းတော်ကို တမန်တော်ရှင်ပေါလုက တည်ထောင်ခြင်းဖြစ်သည်။

၂။ ဧပဖြ ဟုခေါ်သော လူတစ်ယောက်အားဖြင့် တည်ထောင်ခဲ့ခြင်း ဖြစ်နိုင်သည် (ကော ၁း၇)

၃။ အသင်းတော်သည် မှားယွင်းသော သွန်သင်ချက်များကြောင်း ခြိမ်းခြောက်မှု ခံနေရသည်။

၄။ မှားယွင်းသော သွန်သင်ချက်များမှာ အောက်ပါအတိုင်း ပါဝင်သည် –

က။ ခရစ်ယာန်မဟုတ်သော ဒဿနာအတွေးအခေါ်

ခ။ သခင်ယေရှုခရစ်တော်ကိုယ်တိုင်၏ ပုဂ္ဂိုလ်တော်အကြောင်းကို တိုက်ခိုက်သည်။

ဂ။ ခရစ်တော်အထဲ၌ ယုံကြည်ခြင်းသည် မလုံလောက်ဟု သွန်သင်ကြသည်။

ဃ။ ပို၍ “သိသာထင်ရှားသော အသိပညာ” တွေ့ရှိရမည်ဖြစ်သော်လည်း ထိုတရား၌ သခင်ဘုရား မပါ။

၅။ တမန်တော်ရှင်ပေါလုသည် ထိုမှားယွင်းသော သွန်သင်ချက်များကို ခုခံခဲ့သည်။

 

ပြီးပြည့်စုံသော ကယ်တင်ခြင်း

၁၅ ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါအပေါင်း တို့တွင်လည်း သားဦးဖြစ်တော်မူ၏။

၁၆ အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ် ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊

အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို ဖန်ဆင်းတော်မူ၏။

ထိုသခင်အားဖြင့်၎င်း၊ ထိုသခင်အဖို့အလို့ငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။

၁၇ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။

၁၈ သူသည် အသင်းတော်တည်းဟူသော ကိုယ်၏ဦးခေါင်းဖြစ်တော်မူ၏။ အရာရာ၌ ထူးမြတ်ခြင်းငှါ

မူလအရင်းအမြစ် ဖြစ်၍ သေသောသူတို့တွင် သားဦးဖြစ်တော်မူ၏။ ကောလောသဲ ၁း၁၅-၁၈

၁။ သူသည် မျက်မြင်မရသော ဘုရားသခင်၏ ပုံဏ္ဍာန်တော်ဖြစ်သည်။

၂။ သူသည် ဘုရားသခင်၏ သားဦးဖြစ်တော်မူ၏။

၃။ သူသည် ဘုရားသခင်နှင့်အတူ ဖန်ဆင်းသော အရှင်ဖြစ်တော်မူသည်။

၄။ သူသည် ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူသည်။

၅။ ခပ်သိမ်းသောအရာတို့သည် သူ့အထဲ၌ တည်ကြသည်။

၆။ သူသည် အသင်းတော်၏ ဦးခေါင်းဖြစ်တော်မူသည်။

၇။ သူသည် အရာရာ၌ ထူးမြတ်ခြင်းငှါ မူလအရင်းအမြစ်ဖြစ်တော်မူသည်။

 

သခင်ယေရှုအားဖြင့် ဘုရားသခင် ငါတို့ကို ကောင်းချီးပေးတော်မူပြီ

၁၂ အလင်း၌ နေသောသန့်ရှင်းသူတို့၏ အမွေကို ငါတို့သည် ဆက်ဆံဝင်စားထိုက်မည်အကြောင်း ကျေးဇူးပြုတော်မူ၏။

၁၃ မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကိုနှုတ်၍ ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ သွင်းတော်မူ၏။

၁၄ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်ခြင်း ကျေးဇူးကို ငါတို့သည်ခံရကြ၏။ ကောလောသဲ ၁း၁၂-၁၄

၁။ ငါတို့သည် သန့်ရှင်းသူတို့၏ အမွေကို ဆက်ဆံဝင်စားထိုက်ကြသည်။

၂။ သားတော်သည် မှောင်မိုက်တန်ခိုးမှ ငါတို့ကို ကယ်နှုတ်တော်မူသည်။

၃။ ဘုရားသခင်သည် ချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ငါတို့ကို သွင်းတော်မူသည်။

၄။ သားတော်၏ အသွေးအားဖြင့် ရွေးနှုတ်ခြင်းကျေးဇူးကို ငါတို့သည် ခံရကြသည်။

၅။ ငါတို့သည် အပြစ်လွှတ်ခြင်းအခွင့်ကို အပြည့်အဝ ရရှိကြသည်။

 

ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြဖို့ စိန်ခေါ်ချက်

၁၂- ထိုကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်သောသူ၊ သန့်ရှင်းသောသူ၊ ချစ်အပ်သောသူကဲ့သို့သနား စုံမက်ခြင်း၊

ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းတို့ကို ယူတင်ဝတ်ဆောင်ကြလော့။

၁၃- တစ်ယောက်၌ တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကို လွှတ်ကြလော့။

ခရစ်တော်သည် သင်တို့၏ အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။

၁၄- စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။

၁၅- သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ်စိုးစေ။ ထိုသို့အလိုငှါ သင်တု့ိသည်

တစ်လုံးတစ်ကိုယ်တည်း၌ ခေါ်ထားခြင်းကို ခံရသည်ဖြစ်၍ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့။ ကောလောသဲ ၃း၁၂-၁၅

၁။ ယုံကြည်သူတို့သည် ခေါ်တော်မူသောသူများ ဖြစ်ကြသည်။

က) ရွေးကောက်သောသူများ

ခ) သန့့်ရှင်းသော ချစ်အပ်သောသူများ

၂။ ယုံကြည်သူတို့သည် သူတို့၏ ယုံကြည်ခြင်းနှင့် အသက်တာတွင် ပြုစုပြုထောင်သင့်သောအရာများ

က) သနားစုံမက်ခြင်း

ခ) ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊

ဂ) အချင်းချင်း သည်းခံခြင်း၊ တစ်ယောက်ကိုတစ်ယောက် အပြစ်လွှတ်ခြင်း၊

၃။ အားလုံးတို့အထက်၌ –

က) ချစ်ခြင်းမေတ္တာကိ ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။

ခ) စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော၊

ဂ) သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ်စိုးစေ။ ထိုသို့အလိုငှါ သင်တု့ိသည် တစ်လုံး

တစ်ကိုယ်တည်း၌ ခေါ်ထားခြင်းကို ခံရသည်ဖြစ်၍ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့။

 

ဤအရာကို အဘယ်သို့ ပြည့်စုံကြမည်နည်း။

၁၆- ခရစ်တော်၏ နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့် သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည်

ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊

သတိပေးခြင်းကို ပြု၍ နူးညွတ်သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့။

၁၇- စကားပြောသော်၎င်း၊ အမှုဆောင်ရွက်သော်၎င်း၊ သခင်ယေရှု၏ နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူလျက်၊

ကျေးဇူးတော်ကြီးလှပါ၏ဟု ထိုသခင်ကို အမှီပြု၍ ခမည်းတော်ဘုရားသခင့်ရှေ့၌ ဝန်ခံကြလော့။ ကောလောသဲ ၃း၁၆-၁၇

၁။ ကျွန်ပ်တို့အထဲ၌ ကျိန်းဝပ်ရမည့် ဘုရားသခင်၏ နှုတ်ကပတ်တော်

က) ပညာအမျိုးမျိုး

ခ) အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း၊ သတိပေးခြင်း

၁) ဆာလံသီချင်းမှစသော ဓမ္မသီချင်းအမျိုးမျိုး

၂) နူးညံ့သောစိတ်နှလုံးနှင့် ဘုရားသခင့်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့

၂။ ကျွန်ပ်တို့သည် ကျွန်ပ်တို့၏ ယုံကြည်ခြင်းကို ကျင့်သုံးကြသည်။

က) ကောင်းသောစကားများ ပြောဆိုခြင်း၊

ခ) ကောင်းသောအလုပ်များ လုပ်ဆောင်ခြင်း၊

ဂ) ကျွန်ပ်တို့၏ ကယ်တင်ရှင်၏နာမတော်ကို ထောက်၍ ခပ်သိမ်းသောအမှုတို့ကို ပြုမူခြင်း

 

နိဂုံး

၁။ ကျွန်ပ်တို့သည် မှားယွင်းသော သွန်သင်ချက်မားကို သတိထားရမည်။

၂။ ယုံကြည်ခြင်းနှင့် ပညာဉာဏ်ကြီးထွားခြင်းသည် အလွန်အရေးကြီးသည်။

၃။ အားလုံးထက်၊ ကျွန်ပ်တို့သည် သခင်ဘုရားနှင့် သူ့အသင်းတော်၌ ရှိသောသူအားလုံးတို့ကို ချစ်ခြင်းမေတ္တာ မွေးမြူကြရမည်။