Bethany Independent Presbyterian Church

Myanmar

“ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်” ရှင်လုကာ ၁၈း၁၈-၃၀

“ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်” ရှင်လုကာ ၁၈း၁၈-၃၀



မနက်ပိုင်းဝတ်ပြုခြင်း

က။ ဘုရားသခင်၏နိုင်ငံတော် အကြောင်းသွန်သင်ခြင်းသည် လူတိုင်းအတွက် ပြည့်စုံစွာသိဖို့ခက်သည်

ခ။ သခင်ယေရှုခရစ်၏ သွန်သင်ခြင်းကြားနာသောသူတို့၊-

၁) လူထု

အလုံးစုံနားမလည် မဿဲ ၁၃း၁၀-၁၅

၂) တပည့်တော်များ

သူတို့သည် သွန်သင်ခြင်းကို ပိုပြီးနားလည်သည် မဿဲ ၁၃း၁၆-၁၇

ဂ။ လူထု မဟုတ်၊ တပည့်တော်လည်း မဖြစ်သော အခြားသူတို့ရှိသည်

၁) အချို့တို့သည် ကျမ်းတတ်ပုဂ္ဂိုလ် (ပညာရှင်များ) ဖြစ်ကြသည်

၂) အချို့သောသူတို့သည် ဘာသာရေးခေါင်းဆောင်များ (ဖာရိရဲှ၊ ဇဒ္ဒုကဲ) များဖြစ်သည်

 

မိမိသီလတရားကို အားကိုးသောသူများ
လုကာ ၁၈း၉-၁၄

က။ ဤအရာသည် ရှင်းလင်းစွာဖေါ်ပြသည်

မိမိကိုယ်ကို ဖြောင့်မတ်သည်ဟုသတ်မှတ် ယုံကြည်ပြီး၊ အခြားသူတို့အား ကဲ့ရဲ့သောသူတို့အား ဥပမာနှင့် ပြောသည်၊ လု ၁၈း၉

ခ။ ဥပမာအားဖြင့် ပြဿနာကို ရှင်းပြသည်

၁၀လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။

၁၁ ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊

သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။

၁၂ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏ဟူ ၍ ဆုတောင်းပဌနာပြု၏။

၁၃ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါဟုဆုတောင်းလေ၏။

၁၄ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ်

နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။ လု ၁၈း၁၀-၁၄

ဂ။ ဤဥပမာ၏ အစိတ်အပိုင်းများ

၁) ဖာရိရှဲ

က) သူများကဲ့သို့မဖြစ်သောကြောင့် ဘုရားအားချီးမွမ်းသည်

ခ) သူများသည်၊- “ အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊

သူ့မယားကိုပြစ်မှား ခြင်း အပြစ်”

ဂ) တစ်ပတ်နှစ်ခါအစာရှောင်သည်

ဃ) ပိုင်ဆိုင်သော အရာ၏ဆယ်ဖို့တစ်ဖို့ပေးသည်

၂) အခွန်ခံ

က) အဝေးကရပ်သည်

ခ) ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲနေသည်

ဂ) ရင်ပတ်ကိုခက်လျက် (အမှားသိခြင်းနှင့်၊ ဝမ်းနည်းခြင်းနှင့်၊ နောင်တနှင့်)

ဃ) “အို ဘုရားသခင်၊ အပြစ်များသော အကျွန်ုပ်ကို

သနားခြင်းကရုဏာစိတ် ရှိတော်မူပါ” ဟုဆုတောင်းလေ၏

ဃ။ သခင်ယေရှု ၏မှတ်ချက်

ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။

အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။ လု ၁၈း၁၄

၁) အခွန်ခံသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွားသည်

၂) ဖရိရှဲသည် ဤသို့မဖြစ်

၃) နှိမ့်ချသော အပြစ်သားသည် ချီးမြောက်ခြင်းခံမည်၊

၄) မိမိကိုယ်ကို ချီးမြောက်သောသူသည် နိမ့်ချစေခြင်းခံမည်

င။ ကိုယ်ကိုယ်ကိုဖြောင့်မတ်ခြင်း

ဤအရာသည် ဘုရားသခင်၏နိုင်ငံတော် ပြည့်စုံစွာနားလည်သဘောပေါက်ရန် တားမြင့်သည်

 

ဘုရားသခင်၏နိုင်ငံတော် ထက်ချမ်းသာကြွယ်ဝမှု ကိုရွေးသောသူတို့

၁၈ အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊

၁၉ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသော ကောင်းမြတ်တော်မူ၏။

၂၀ သင်သည် ပညတ်တော်တို့ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ မမှန်သော သက်သေ ကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့ဟု မိန့်တော်မူလျှင်၊

၂၁ အရှင်ဘုရား၊ ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အကျွန်ုပ်စောင့်ရှောက်ပါပြီဟု လျှောက် ပြန်သည်ကို ယေရှုသည်ကြားလျှင် သင်သည် တခုလိုသေး၏။

၂၂ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။

၂၃ ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ၏။

၂၄ ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။

၂၅ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။ လုကာ ၁၈း၁၈-၂၅

က။ ဥပမာစကား မဟုတ်ပါ

ခ။ ပုံပြင်အစစ်

ဂ။ ပုံပြင်၏ အစိတ်အပိုင်းများ

၁) ယုဒခေါင်းဆောင်တပါး

၂) အလွန်ချမ်းသာကြွယ်ဝသူ

၃) ပညာတရားရှိသူ

၄) သူသည် ဘုရားသခင်၏ ပညတ်တော်များစောင့်ရှောက်သောသူဖြစ်သည်ဟုဆိုသည်

ဃ။ သူ၏ မေးခွန်း

“ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ အကျွန်ုပ် သည် အဘယ်အမှုကို ပြုရပါမည်နည်း” လု ၁၈း၁၈

 

သခင်ယေရှုနှင့် ချမ်းသာသောခေါင်းဆောင် အပြန်အလှန်စကား

က။ သခင်ယေရှုနောက်တော်လိုက်ဖို့ သူသည်ပြင်ဆင်ထားခဲ့မည်လား

ခ။ ချမ်းသာသော အရာရှိတယောက်၏ တုံ့ပြန်ချက်

၂၂ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင်

ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။

၂၃ထိုသူသည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည် နှင့် သွားလေ၏။ လု ၁၈း၂၂-၂၃

၁) သူ၏ဥစ္စာနှင့် မကင်းဝေးနိုင်ခဲ့သည်

၂) “ကောင်းကင်၌ ဘဏ္ဍာ” သဘောသည် သူ့အတွက် စစ်မှန်မှုမရှိ

၃) သူသည် အလွန်ဝမ်းနည်းသည်

၄) သခင်ယေရှုခရစ်သည် မှန်ကန်ကြောင်းသူသိသည်

၄) သို့သော် သူ၏ဥစ္စာ သည် သူမစွန့်လွှတ်နိုင်၊

 

သခင်ယေရှုခရစ်၏ မှတ်ချက်

၂၄ ထိုသို့ စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။

၂၅ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။ လု ၁၈း၂၄-၂၅

က။ “ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်”

၁) ငွေသည် ဘုရားသခင့်နိုင်ငံတော်၏ တန်ဖိုးကိုသိတတ်ခြင်းမှ လူတို့အား တားမြင့်သည်

၂) ဘုရားသခင်၏နိုင်ငံတော်ထက်ဥစ္စာကို ရွေးတတ်ကြသည်

ခ။ “ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်”

၁) မည်ကဲ့သို့ ကုလားအုပ်သည် အပ်နဖားကို လျှိုနိုင်မည်နည်း။

၂) ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ပိုဝင်ခဲသည်

 

တပည့်တော်တို့၏ တုံ့ပြန်ချက်

ကြားသောသူတို့ကလည်း၊ “သို့ဖြစ်လျှင် အဘယ်သူသည်ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်း။” လု ၁၈း၂၆

က။ သူတို့သည် အံ့သြကြသည်

ခ။ သူတို့သည် ဥစ္စာအားဖြင့်ကောင်းကြီးခံသောသူတို့သည် လွယ်ကိုစွာဝင်နိုင်မည်ဟု ထင်မှတ်ကြသည်

 

သခင်ယေရှုခရစ်၏ နောက်ဆုံးမှတ်ချက်

၂၇ ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင်တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။

၂၈ ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီဟု လျှောက်လေသော်၊

၂၉ ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၏။

၃၀ ထိုသူသည် ယခုကာလ၌ အဆများစွာသောအကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း ခံရ လတံ့ဟု မိန့်တော်မူ၏။ လု ၁၈း၂၇-၃၀

က။ ကယ်တင်ခြင်းသည် ဘုရားသခင်၏အလုပ်ဖြစ်သည်

ခ။ မိမိဥစ္စာအလုံးစုံသည်သခင်ယေရှု၏ နောက်တော်လိုက်ဖို့ စွန့်လွတ်သောသူတို့သည် သခင်ယေရှု နှင့်ဘုရားသခင်၏ နိုင်ငံတော်၌ စစ်မှန်သော ယုံကြည်ခြင်းရှိခြင်းကို ပြသပြီ

ကောင်းကြီးမင်္ဂလာများ၊-

၁) သူတို့သည် ဘဝ၌ကောင်းကြီးခံသည်

၂) သူတို့သည် ဘုရားသခင်၏နိုင်ငံတော်၌ ထာဝရအသက်ရမည်

 

နိဂုံး
က။ သခင်ယေရှုခရစ်အား ယုံကြည်ခြင်းလမ်းသို့ မည်သည့်အရာမျှ မဝင်စေနှင့်၊
ခ။ ဘုရားသခင်၏နိုင်ငံတော်သည် ငါတို့ပေးစပ်နိုင်သမျှကို ထိုက်တန်သည်။